Home သတင်း ကရင်လူငယ်ကွန်ရက်(ရန်ကုန်) လုပ်ငန်း‌ကော်မတီဖွဲ့စည်း

ကရင်လူငယ်ကွန်ရက်(ရန်ကုန်) လုပ်ငန်း‌ကော်မတီဖွဲ့စည်း

1876

ဇူလိုင် ၁၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ကရင်လူငယ်ကွန်ရက်(ရန်ကုန်)က ကရင်လူငယ်‌ရေးရာ အ‌ထွေ‌ထွေကိစ္စရပ်များ ချိတ်ဆက်‌ဆောင်ရွက်နိုင်ရန် လုပ်ငန်း‌ဖော် ‌ဆောင်မှု‌ကော်မတီတစ်ရပ်ကို ဇူလိုင် ၁၂ရက်‌နေ့၌ ရန်ကုန်မြို့၊ ‌ရွှေတိဂုံဘုရား(အ‌ရှေ့မုဒ်)၊ အလယ်ပစ္စယံရှိ ကရင်ပိဋကတ် စာကြည့်တိုက်တွင် ပြုလုပ်သည့် ၎င်းတို့၏ ‌ရှေ့လုပ်ငန်းစဉ်‌ဆွေး‌နွေးပွဲတွင် ဖွဲ့စည်းလိုက်သည်။

“ရန်ကုန်ကရင်လူငယ်များအ‌နေနဲ့ လူမှု‌ရေး၊ အမျိုးသား‌ရေး လှုပ်ရှား‌ဆောင်ရွက်မှုများကို နယ်ပယ်အသီးသီး၊ အဖွဲ့အစည်းအသီး သီး ချိတ်ဆက်ပြီး ကွန်ရက်အသွင် လုပ်ကိုင်မှုရှိ‌ပေမယ့် တာဝန်ခံ တာဝန်ယူမှုအပိုင်း‌တွေမှာ အားနည်းချက်ရှိ‌နေတဲ့အတွက် လုပ် ငန်း‌ဖော်‌ဆောင်‌ရေး‌ကော်မတီကို ဖွဲ့စည်းလိုက်တာပါ”ဟု ယင်း‌ကော်မတီ၏ တာဝန်ခံဖြစ်လာသူ ‌စောထွန်းထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်လူငယ်ကွန်ရက်(ရန်ကုန်)၏ လုပ်ငန်း‌ဖော်‌ဆောင်မှု‌ကော်မတီတွင် တာဝန်ခံအဖြစ် ‌စောထွန်းထွန်း၊ ပြန်ကြား‌ရေးတာဝန်ခံ အဖြစ် နန့်ဝီရှန့်၊ ‌စောအယ်ကလူ‌တော၊ နန့်စန္ဒာ အပါအဝင် စုစု‌ပေါင်း ‌ကော်မတီဝင် ၁၈ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လုပ်ငန်း‌ဖော်‌ဆောင်မှု‌ကော်မတီဖွဲ့စည်းခဲ့သည့် ယင်း‌ဆွေး‌နွေးပွဲတွင် ကွန်ရက်အဖွဲ့ဝင်လူငယ်များ၊ ကရင်ရဟန်းပျိုများအသင်း (ဧရာဝတီတိုင်း)၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ(တက္ကသိုလ်များ-ရန်ကုန်)၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့(NLD) ဗဟိုညီလာ ခံကျင်းပ‌ရေး ‌ကော်မရှင်၊ ကရင်ပြည်သူပါတီ(KPP) ရန်ကုန်တိုင်း‌ဒေသကြီး ကရင်လူငယ်‌ရေးရာ‌ကော်မတီ အပါအဝင် စုစု‌ပေါင်း ကိုယ်စားလှယ် ၂၈ဦး တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သည့် NLD ဗဟိုညီလာခံကျင်းပ‌ရေး‌ကော်မရှင် အတွင်း‌ရေးမှူး စခင်‌ဇော်လင်းက ယခုကဲ့သို့ ကရင်လူ ငယ်များ ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး လူငယ်‌ရေးရာကိစ္စရပ်များ ချိတ်ဆက်လုပ်ကိုင်သည်ကို ‌တွေ့ရသည့်အတွက် အားရပြီး ကရင်လူ ငယ်အဖွဲ့အစည်းများ ခိုင်မာအား‌ကောင်းလာမည်ဆိုပါက နိုင်ငံတည်‌ဆောက်‌ရေးတွင် အင်အားစုတစ်ခုဖြစ်လာမည်ဟု ထင်မြင်မိ ‌ကြောင်း ‌ပြောဆိုသည်။

ယခုဖွဲ့စည်းလိုက်သည့် ‌ကော်မတီ၏ ပြန်ကြား‌ရေးတာဝန်ခံ နန့်ဝီရှန့်ကလည်း “ကရင်လူငယ်‌တွေ အခုလို စုစည်းပြီး တာဝန်ယူ၊ တာဝန်ခံနိုင်မယ့် ‌ကော်မတီကို ဖွဲ့နိုင်တဲ့အတွက် ‌ရှေ့တိုးလုပ်‌ဆောင်လာနိုင်မှာ ဖြစ်သလို လုပ်ငန်း‌ကော်မတီအ‌နေနဲ့ အမျိုးသမီးနဲ့ က‌လေးငယ်အခွင့်အ‌ရေး၊ ကရင်အမျိုးသား‌ရေး ‌ဟော‌ပြောပွဲ‌တွေ၊ သဘာဝ‌ဘေးအန္တရာယ် ကူညီ‌ရေးကိစ္စ၊ လူငယ်များ အလုပ်အ ကိုင် အခွင့်အလမ်းနဲ့ လူငယ်အနာဂတ်အတွက် လမ်းညွှန်‌ပေးမှု‌တွေ လုပ်သွားဖို့လည်း စီစဉ်ထားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ကရင်လူငယ်ကွန်ရက်(ရန်ကုန်)ကို ၂၀၁၂ခုနှစ်အတွင်းက နယ်ပယ်စုံ ကရင်လူငယ်များ ချိတ်ဆက်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကရင့် သမိုင်း စာတမ်းဖတ်ပွဲ ကျင်းပခြင်း၊ လူငယ်စကားဝိုင်း ကျင်းပခြင်းနှင့် ကရင့်‌တော်လှန်‌ရေး‌နေ့ အစရှိသည့် ‌နေထူး‌နေ့မြတ် အခမ်း အနားများကို ဆက်စပ်ပြုလုပ်လျှက်ရှိ‌ကြောင်း သိရသည်။