Home သတင်း ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းဆရာ၊ဆရာမများကို NLD ‌ငွေကျပ်သိန်း ၁၀ဝလှူဒါန်း

‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းဆရာ၊ဆရာမများကို NLD ‌ငွေကျပ်သိန်း ၁၀ဝလှူဒါန်း

2127

ဇူလိုင် ၁၄ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ‌ရွှေ‌ပြောင်း‌ကျောင်း(၁၆) ‌ကျောင်းအတွက် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD)ပညာ‌ရေးကွန်ရက်မှ ‌ထောက်ပံ့‌ငွေ ကျပ်သိန်း(၁၀၀)နှင့် ‌ကျောင်းသုံးဗလာစာအုပ်များကို ဇူလိုင် ၁၃ရက်‌နေ့က လှူဒါန်းခဲ့ သည်။

ထိုသို့ လှူဒါန်းရာတွင် NLD ပညာ‌ရေးကွန်ယက်မှ ဗလာစာအုပ် ဒါဇင် ၁၀၀၊ တီရှပ်အထည် ၁၀ဝနှင့် ‌ရွှေ့‌ပြောင်းဆရာ၊ ဆရာမများ အတွက် တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ၉၈ဦးအား ‌ထောက်ပံ့‌ပေးခဲ့ပြီး မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်‌ကျေးရွာရှိ အင်ကြင်းမြိုင် ကိုယ်ထူကိုယ်ထ‌ကျောင်းအတွက် ၂သိန်းကျပ် ‌ပေးအပ်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသို ့‌ရောက်ရှိလာသည့် ‌ရွှေ့‌ပြောင်းလုပ်သားများ၏သားသမီးများကို အခက်အခဲဖြစ်‌နေသည့်ကြားက ပညာသင်ကြား ‌ပေးသည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုခြင်းဖြစ်‌ကြောင်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ‌ရောက်ရှိလာတဲ့က‌လေး‌တွေကို ဒီမှာရှိတဲ့ ဆရာ၊ ဆရာမ‌တွေက‌နေ လစာရသည် ဖြစ်‌စေ၊ မရသည် ဖြစ်‌စေ ဒုက္ခခံပြီးသင်ကြား‌ပေး‌နေရတယ်။ အခုလို ‌ပေးအပ်တာကလည်း စိတ်ဓာတ်ခွန်အားတစ်ရပ်အ‌နေနဲ့ပဲ ဖြစ်မှာပါ။ ပြည့်စုံလုံ ‌လောက်ခြင်း‌တော့ မဟုတ်‌သေးဘူး။ ဒါကိုလည်း ကျ‌နော်တို့ အတတ်နိုင်ဆုံး ကူညီချင်တယ်”ဟု ဦးဖြိုးမင်းသိန်းက‌ပြောဆိုသည်။
10510331_1512069649008833_1549231822_n
ယမန်‌နေ့က ပြုလုပ်ခဲ့‌သော အခမ်းအနားတွင် ဦးဖြိုးမင်းသိန်း အပါအဝင် NLD ပညာ‌ရေးကွန်ယက်မှ တာဝန်ရှိသူများ၊ ကရင် ပြည်နယ် NLD ဥက္ကဌ နန်းခင်‌ထွေးမြင့်၊ မြဝတီခရိုင် NLD ဥက္ကဌ ဦးစိန်ဗိုလ်၊ မြို့နယ်ရှိပါတီ တာဝန်ရှိသူများ၊ မြန်မာ‌ရွှေ့‌ပြောင်းအ လုပ်သမားများပညာ‌ရေး‌ကော်မတီ(BMWEC) အတွင်း‌ရေးမှူး၊ မြန်မာ‌ရွှေ့‌ပြောင်း‌ဒေသ ဆရာ၊ ဆရာမများ အစည်းအရုံး (BMTA) မှ အတွင်း‌ရေးမှူး ကိုနိုင်နိုင်ထွန်း၊ ဆရာ‌ကျော်ဆန်းနှင့် ဆရာ၊ ဆရာမများ စုစု‌ပေါင်း ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အဆိုပါ ‌ထောက်ပံ့‌ငွေ ‌ပေးအပ်သည် ့အခမ်းအနားကို မြဝတီမြို့၊ NLD၊ မြို့နယ်ရုံးခန်းမတွင် ဇူလိုင် ၁၃ရက်‌နေ့၊ နံနက်က အခမ်းအ နားဖြင့် ‌ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး NLD ၏ သုံးနှစ်ပြည့်ရံပုံ‌ငွေပွဲမှ ရရှိ‌သော အလှူ‌ငွေများကို ပြည်နယ်၊ တိုင်းနှင့် နယ်စပ်‌ဒေသ များသို့ ‌ထောက်ပံ့ခြင်းအစီအစဉ်အဖြစ် ‌ပေးအပ်ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိ မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားများ၏ သားသမီးများ ပညာသင်ကြားလျှက်ရှိ‌သော ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းမှာ အလှူရှင်များ မှ ‌ထောက်ပံ့မှု‌လျော့နည်းလာခြင်း‌ကြောင့် ဆရာ၊ ဆရာမများအ‌နေဖြင့် အခက်အခဲများနှင့် ကြုံ‌တွေ့‌နေရ‌ကြောင်း၊ မြန်မာ‌ရွှေ့ ‌ပြောင်း‌ဒေသဆရာ၊ ဆရာမများ အစည်းအရုံး(BMTA)မှ အတွင်း‌ရေးမှူး ဦးနိုင်နိုင်ထွန်းက ‌ပြောသည်။

ဦးနိုင်နိုင်ထွန်းက “အခု ဒီနှစ်ဆို အဲဒီဆရာ၊ ဆရာမ(၉၈)ဦးက ဇူလိုင်လအထိ လစာမရတာ ‌လေးလ ရှိ‌နေပြီ‌လေ။ မြန်မာပြည်က ‌နေ အခုလို ကျ‌နော်တို့ နယ်စပ်‌ကျောင်း‌တွေ ရင်ဆိုင်‌နေရတဲ့ အခက်အခဲကို ကူညီ‌ပေးတဲ့အတွက် ‌ကျေးဇူးလည်း တင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လတ်တ‌လော သူတို့ရဲ့ သူတို့ရဲ့အခက်အခဲက ‌ပြေလည်သွားမယ်။ ‌ရေရှည်အတွက်က‌တော့ ဆက်ပြီးကြိုးပမ်းရအုံး မှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ‌ရွှေ‌ပြောင်း‌ကျောင်း‌ပေါင်း ၇၂‌ကျောင်းများတွင် ဆရာ၊ ဆရာမ ၈၀ဝဦး‌ကျော်နှင့် ‌ကျောင်းသား‌ကျောင်းသူ‌ပေါင်း ၁၃၅,၀၀‌ကျော်ရှိသည်ဟု မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများကို ကူညီ‌ပေး‌နေသည့်အဖွဲ့များ၏ ယမန်နှစ် စာရင်းများအရ သိရပြီး ၂၀၁၂ခုနှစ်ကလည်း NLD ပညာ‌ရေးကွန်ရက်က မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများအတွက် အလှူ ‌ငွေကျပ် (၁၁၈)သိန်းကို ‌ထောက်ပံ့လှူဒါန်းခဲ့‌သေးသည်။