KIC News
ကရင့်ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ သူတို့အမြင်
နော်အယ်ဝါး ပိန်းဇလုပ်ရွာမ (ပိန်းဇလုပ်မြို့နယ်၊ ပဲခူးတိုင်း)
ကျမကတော့ ငြိမ်းချမ်းရေးကို သဘောကျတယ်။ တိုက်ပွဲတွေဖြစ်ရင်တော့ မငြိမ်းချမ်းဘူးပေါ့။ သဘောပြောပြရရင် တို့ပြည်သူ တွေကလည်း ဟိုပြေးရဒီပြေးရဆိုတော့ မကောင်းဘူးပေါ့။ ဟိုသွားနေ ဒီသွားနေတာထက် ငြိမ်းချမ်းသွားရင်တော့ ပိုကောင်းသွား တာပေါ့။ ကေအဲန်ယူခေါင်းဆောင်တွေ လူထုတွေ့ဆုံပွဲမှာ လာရှင်းပြသွားတာကို ဝမ်းသာတယ်။ ကျေးဇူးတင်တယ်။ အတွေ့အ...
(၁၀)ကြိမ်မြောက် ကရင်ညီညွှတ်ရေးနှီးနှောဖလှယ်ပွဲတွင် အခြေခံသုံးချက် ဆွေးနွေးသွားမည်
မေ ၁၉ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဖားအံခရိုင် လေးဝါးစခန်း၌ မေ ၂၈ရက်နေ့တွင် စတင် ကျင်းပမည့် (၁၀)ကြိမ်မြောက် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲအတွင်း အမျိုးသားလုံးညီညွှတ်ရေးပေါ် အခြေခံ မည့်အချက်သုံးချက်နှင့် ဆွေးနွေးသွားမည်ဟု ကျင်းပရေးကော်မတီ၏ ဖိတ်ကြားစာအရ သိရသည်။
မေ ၁၄ရက်နေ့က ပေးပို့ထားသည့် ၎င်းနှီးနှောဖလှယ်ပွဲ...
အံဖလေးချောင်းရှိ ကိုယ်ထူကိုယ်ထတံတား ဆောက်လုပ်ပြီးစီး
မေ ၁၆ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်း ရွာတန်းရှည်ကျေးရွာနှင့် အံဖလေးကျေးရွာအကြားရှိ အံဖလေးချောင်းကို ဖြတ်ကျော်၍ တည်ဆောက်ထားသော ရပ်ရွာ ကိုယ်ထူကိုယ်ထတံတားတစ်စင်းကို မေ ၁၆ရက်နေ့(ယနေ့)တွင် ဆောက်လုပ် ပြီးစီးပြီ ဖြစ်သည်။
‘ဒေါနမေတ္တာအေးချမ်းသာယာတံတား’ဟု အမည်ပေးထားသည့် ယင်းတံတားမှာ အရှည် ၁၅၀ပေ၊ အကျယ် ၅ပေရှိပြီး အလေး...
‘ဆိုင်းငံ့ခြင်း သို့မဟုတ် အသွင်ကူးပြောင်းခြင်း’ အစီရင်ခံစာ KHRG ထုတ်ပြန်
မေလ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
၂၀၁၂ခုနှစ်၊ အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း ပြောင်းလဲလာသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ဒေသခံတို့၏တုံ့ပြန်မှုများ ပါဝင်သည့် ‘ဆိုင်းငံ့ခြင်း သို့မဟုတ် အသွင်ကူးပြောင်းခြင်း”ဟူသော အစီရင်ခံစာတစ်စောင်ကို ကရင်လူ့အခွင့်အရေးအဖွဲ့ (Karen Human Rights Group-KHRG)က မေ ၁၃ရက်နေ့တွင် ရန်ကုန်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ထုတ်ပြန်လိုက်သည်။
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့်...
သစ်တောနှင့် လယ်ယာမြေပုံရေးဆွဲနည်းသင်တန်း ကေအဲန်ယူဖွင့်လှစ်
မေ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဗဟိုလယ်ယာမြေဌာနနှင့် ဗဟိုသစ်တောဌာနတို့မှ ဦးစီးပြီး သစ်တောမြေယာများ အတိအကျ တိုင်းထွာနိုင်ရန် ကွန်ပျူတာနှင့် မြေပုံရေးဆွဲနည်း သင်တန်းတစ်ရပ်ကို မဲဆောက်မြို့တွင် ဧပြီ ၂၁ရက်နေ့မှ မေလ ကုန်အထိ ပထမဆုံးအကြိမ် သင်တန်းဖွင့်လှစ်လျှက်ရှိသည်။
အဆိုပါ မြေပုံရေးဆွဲနည်းသင်တန်းသည် ကေအဲန်ယူ ခရိုင် ၇ခုမှ...
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရုံမျှဖြင့် မလုံလောက်၊ အသစ်ရေးဆွဲကြရမည်
(မောင်ကျော်စွာ)
(၂၀၁၄ ခုနှစ်၊ မေလ ၁၂ရက်)
“၂၀၀၈ အခြေခံဥပဒေ” ဆက်လက် တည်ရှိနေသမျှ စစ်မှန်သည့် ဒီမိုကရေစီနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု မည်သို့မျှ ဖြစ်ပေါ်မလာနိုင်ကြောင်း အားလုံးက သဘောပေါက်နားလည်ထားကြသည်။ သို့သော်လည်း ၂၀၀၈ အခြေခံဥပဒေနှင့်ပတ်သက် ၍ “ပြင်ဆင်ရေး” နှင့် “အသစ်ရေးဆွဲရေး” နည်းလမ်းနှစ်သွယ်...
အီးယူ(EU)မှ ကရင်အမျိုးသား ရဲတပ်ဖွဲ့များအား စွမ်းရည်မြှင့်တင်ပေး
မေ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားရဲ(KNPF)တပ်ဖွဲ့ဝင်များကို လုပ်ငန်းစွမ်းရည်နှင့် လူ့အခွင့်အရေး ပိုမိုအားကောင်းလာရန် ရည်ရွယ်၍ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံကြီးများထဲမှ အဆင့်မြင့် ရဲအရာရှိဟောင်းများက စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ပို့ချခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ပြည်ထဲရေးနှင့် နိုင်ငံခြားရေးဌာနတို့က ဦးဆောင်သည့် ယင်းအလုပ်ရုံဆွေးနွေးပွဲသည် မေ...
ကေအဲန်ယူဒုဥက္ကဌ၏ ဖားအံလူထုတွေ့ဆုံပွဲတွင် လူဦးရေ ၆၀၀ကျော် တက်ရောက်ခဲ့
မေ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကေအဲန်ယူ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ဦးဆောင်သော ငြိမ်းချမ်းရေးဆိုင်ရာ ကရင်လူထုတွေ့ဆုံပွဲကို ဖားအံမြို့၊ သုမေဓာရာမ ကြားတောရကျောင်း၌ မေလ ၁၂ရက်နေ့က ကျင်းပပြီးစီးခဲ့ရာ လူပရိဿတ်ပေါင်း ၆၀၀ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါ လူထုတွေ့ဆုံပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ်ရှိ လွှတ်တော်အမတ်များ၊ ပါတီများနှင့် ဖားအံ၊...
လေဘေးသင့်ဒေသခံနေအိမ်များ ကိုယ်ထူကိုယ်ထသာ ပြုပြင်တည်ဆောက်နေရ
မေ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စုရှိ မေလဆန်းပိုင်းက လေဆင်နှာမောင်း တိုက်ခတ်၍ ပျက်စီးခဲ့သော ရွာခံများ၏ အိမ်ခြေ ၈၀ကျော်ကို ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်တည်ဆောက်နေရကြောင်း သိရသည်။
လှာကမြင်ကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ စောလင်းထိန်က “အိမ်ခေါင်မိုးက လှန်တာ တဝက်ကျော်ခန့်ပါ။ သွပ်ပြားနဲ့ပါ။ သစ် ပြားတွေလည်း...
ကေအဲန်ယူ ဒုဥက္ကဌနှင့် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အမြင်ဖလှယ်ခဲ့
မေ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မေလ ၉ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်၌ အလွတ်သဘောတွေ့ဆုံကာ အမြင်ဖလှယ်ခဲ့ကြသည်။
၎င်းတွေ့ဆုံမှုတွင် ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က “ဒေါ်စုနဲ့ တွေ့တာက အလွတ်သဘောတွေ့ဆုံမှုပဲ ဖြစ်တယ်။...













