Home သတင်း ‌မှော်ဘီရှိ အစိုးရ‌ကျောင်းများ၌ စ‌ကောကရင်စာ သင်ကြားရန် ခွင့်ပြုချက်ခက်ခဲ‌နေဆဲ

‌မှော်ဘီရှိ အစိုးရ‌ကျောင်းများ၌ စ‌ကောကရင်စာ သင်ကြားရန် ခွင့်ပြုချက်ခက်ခဲ‌နေဆဲ

1884

ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး၊ ‌မှော်ဘီမြို့နယ်အတွင်းရှိ အစိုးရစာသင်‌ကျောင်းများ၌ စ‌ကောကရင်စာ‌ပေ သင်ကြား‌ပေးရန် ပညာ‌ရေးဝန် ကြီးဌာနမှ ခွင့်ပြုချက်မရ‌သေး၍ အခက်အခဲဖြစ်‌နေသည်ဟု ဦး‌ဆောင်စီစဉ်သူလည်းဖြစ်၊ ရန်ကုန်တိုင်း ‌ဒေသကြီးကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုဗဟို‌ကော်မတီဝင်တစ်ဦးလည်းဖြစ်သူ အငြိမ်းစား အလယ်တန်း‌ကျောင်းအုပ်ဆရာ ‌စော‌မောင်တုတ်က ‌ကေအိုင်စီသို့ ယမန်‌နေ့က ‌ပြောဆိုသည်။

၎င်းက “‌မှော်ဘီမြို့နယ် ကရင်စာ‌ပေနဲ့ ယဉ်‌ကျေးမှု‌ကော်မတီက စ‌ကောကရင်စာသင်ဖို့ ‌ကျောင်းသူ‌ကျောင်းသားစာရင်းပြုစုတယ်။ သင်နိုင်တဲ့ ဆရာရှာတယ်။ အခု သင်ဖို့ အဆင်သင့်ဖြစ်‌နေပြီ။ အဲဒါ မြို့နယ်ပညာ‌ရေးမှူးကို သွား‌ပြော‌တော့ အမှတ် ၃ အ‌ခြေခံ ပညာဦးစီးဌာနရဲ့ ခွင့်ပြုချက်ရမှ စလို့ရမယ်‌ပြောတယ်။ ဒီ‌နေ့ပဲ အ‌ခြေခံပညာဦးစီးဌာနကို စာသွားတင်တယ်”ဟု ‌ပြောသည်။

ထိုခွင့်ပြုချက်အတွက် တိုင်းအဆင့် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးထံသို့ သွား‌ရောက်တင်ပြရန် ကြိုးစား‌သော်လည်း ဝန်ကြီး မအားလပ်သဖြင့် ‌တွေ့ခွင့်မရခဲ့ဘဲ ဝန်ကြီးအားမှသာ သွား‌တွေ့ဆုံတင်ပြသွားမည်ဖြစ်သလို ခွင့်ပြုချက်ရပါက ယခုပညာသင်နှစ် အတွင်း စတင် သင်ကြား‌ပေးသွားမည်ဟု ဆရာ‌စော‌မောင်တုတ်က ဖြည့်စွက်‌ပြောဆိုသည်။

‌မှော်ဘီမြို့နယ်ရှိ ကရင်တိုင်းရင်းသားများက အစိုးရ‌ကျောင်းများ၌ စ‌ကောကရင်စာ သင်ကြားခွင့်ရရန် လိုလား‌သော်လည်း တိုင်း ‌ဒေသကြီး ကရင်‌ရေးရာဝန်ကြီး၊ တိုင်းနှင့် မြို့နယ်အဆင့် စာ‌ပေ၊ ယဉ်‌ကျေးမှုများ‌ကော်မတီများ၏ ချိတ်ဆက်လုပ်‌ဆောင်မှုကို စနစ်တကျ မလုပ်ကိုင်နိုင်ပဲဖြစ်‌နေသည်ကို ‌တွေ့ရသည်ဟု ‌မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်း‌ကျေးရွာတွင် ‌နေထိုင်သူ မြန်မာ့အသံ၊ တိုင်းရင်းသားရုပ်သံလိုင်း၊ စ‌ကောကရင်ပိုင်း အ‌ထောက်အကူပြု‌ကော်မတီဝင် ‌စောဩဂုတ်စတင်းခူကလည်း ‌ပြောသည်။

၎င်းမြို့နယ်၊ စာဖြူစု‌ကျေးရွာမှ ‌ကျောင်းသားမိဘတစ်ဦးဖြစ်သူ ‌နော်နဲ‌လေက “အခု အစိုးရက တိုင်းရင်းသားစာ‌ပေ သင်ခွင့်‌ပေး တယ်ဆို‌တော့ ကိုယ့်ကရင်စာသင်နိုင်‌အောင်‌တော့ လုပ်ရမှာ‌ပေါ့။ အခု ‌မှော်ဘီမြို့နယ်မှာ ကရင်‌တွေအများစု ‌နေထိုင်တဲ့ရွာ‌တွေ ဆို ဘယ်‌တော့သင်ခွင့်ရမလဲ ‌စောင့်‌နေကြတယ်။ အခွင့်ရှိတုန်း လုပ်နိုင်ဖို့‌တော့ လိုတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

‌မှော်ဘီမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီအ‌နေဖြင့် စာသင်‌ကျောင်းများတွင် စ‌ကောကရင်စာသင်ကြားရန် ‌ကျောင်း သားစာရင်း‌ကောက်ယူခဲ့ရာ စာသင်‌ကျောင်း ၁၉‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသား ၁၀၄၄ဦးကို စာရင်းရထားသလို သင်ကြား ရန် ကရင်‌ကျောင်းဆရာဆရာမ ၄ဝဦး ရရှိထားပြီးဖြစ်‌ကြောင်း မြို့နယ်စာ/ယဉ်မှ ပြုစုထားသည့် ကနဦးစာရင်းများအရ သိရ သည်။

လက်ရှိ ပညာသင်နှစ်တွင် ပဲခူးတိုင်း‌ဒေသကြီး မြို့နယ်အများစု၌ မူလတန်း‌အောက်အဆင့် စ‌ကောကရင်စာကို သင်ကြား‌နေပြီး ဧရာဝတီတိုင်း‌ဒေသကြီး မြို့နယ်အချို့၌လည်း အ‌နောက်ပိုးကရင်စာနှင့် ကရင်ပြည်နယ်အတွင်းရှိ စာသင်‌ကျောင်းအချို့တွင် အ‌ရှေ့ပိုးကရင်စာကို တရားဝင် သင်ကြားလျှက်ရှိသည်။