Home သတင်း နိုင်ငံတကာက‌လေးကုန်ကူးမှု တိုက်ဖျက်‌ရေး‌နေ့တွင် ‌ရွှေ့‌ပြောင်းက‌လေးငယ် ၁၀၀ဝနီးပါး တက်‌ရောက်ခဲ့

နိုင်ငံတကာက‌လေးကုန်ကူးမှု တိုက်ဖျက်‌ရေး‌နေ့တွင် ‌ရွှေ့‌ပြောင်းက‌လေးငယ် ၁၀၀ဝနီးပါး တက်‌ရောက်ခဲ့

1876

ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

ယ‌နေ့ကျ‌ရောက်သည့် ၂၀၁၄ခုနှစ်၊ နိုင်ငံတကာ က‌လေးသူငယ် လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်‌ရေး‌နေ့ကို “က‌လေးသူငယ် လူကုန်ကူးမှု ရပ်တန့်‌ရေး၊ က‌လေးအနာဂတ်အတွက် ရင်းနှီးမြှုပ်နှံ‌ပေး”‌ဆောင်ပုဒ်ဖြင့် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်း၌ ကျင်းပခဲ့ရာ ‌ရွှေ့‌ပြောင်းက‌လေးငယ် ၁၀၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားဖြစ်‌မြောက်‌ရေးအတွက် ဦး‌ဆောင်သူတစ်ဦးဖြစ်သည့် (Burma Act Network)အဖွဲ့မှ မင်း‌အေးမင်းနိုင်က “ထိုင်း-မြန် မာနယ်စပ်တစ်‌လျှောက်မှာရှိတဲ့ ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား‌တွေက က‌လေးကူးသန်း‌ရောင်းဝယ်မှုကို စိတ်ဝင်စားလာပြီး‌တော့ သူတို့ကိုယ်တိုင် ပါဝင်တိုက်ဖျက်နိုင်‌အောင်ရယ်။ ပြီး‌တော့ အခမ်းအနားက ‌ပေးလိုက်တဲ့ message (သတင်း)နဲ့အတူ က‌လေး ‌တွေကလည်း က‌လေးကူးသန်း‌ရောင်းဝယ်မှုကို နားလည်ပြီး‌တော့ သူတို့ကိုယ်တိုင် တိုက်ဖျက်နိုင်မယ်လို့ ‌မျှော်လင့်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မဲ‌ဆောက်အ‌ခြေစိုက် (Burma Act Network)အဖွဲ့နှင့် လူမှုအ‌ခြေပြုအဖွဲ့အစည်းများစု‌ပေါင်းပြီး နံနက် ၉နာရီမှ ‌နေ့လည် ၁၂နာရီ အထိ ကျင်းပသည့် ၎င်းအခမ်းအနားတွင် တက်‌ရောက်ခဲ့ကြသည့် က‌လေးငယ်များမှာ မဲ‌ဆောက်အ‌ခြေစိုက် မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်း ၂၀‌ကျော်မှဖြစ်ကြပြီး က‌လေးလူကုန်ကူးမှုနှင့်ဆိုင်‌သော အ‌မေးအ‌ဖြေကဏ္ဍ၊ က‌လေးလှုပ်ရှားမှုပြပွဲ အစီအစဉ်၊ လက် ကမ်းစာ‌စောင်နှင့် ပိုစတာများကို လိုက်လံ‌ဝေငှ‌ပေးသည့်အပြင် က‌လေးလူကုန်ကူးမှုနှင့်ဆိုင်‌သော ပြခန်းများလည်း ခင်းကျင်းပြ သထားသည်။

အခမ်းအနားတက်‌ရောက်သည့် ကရင်လူငယ် ‌စောမင်းထူးက “အခုလို အခမ်းအနားမျိုးလုပ်‌ပေးတာ ‌ကျေးဇူးအများကြီးတင်ပါ တယ်။ အရင်က မသိ‌သေးတဲ့ က‌လေးလူကုန်ကူးနည်းမျိုးစုံကို သိလာတယ်။ ပြီး‌တော့ က‌လေးလူကုန်ကူးမှု တိုက်ဖျက်‌ရေးမှာ ကျ‌နော်တို့‌တွေ အကုန်လုံး ပူး‌ပေါင်းပါဝင်သင့်တယ်လို့ ယူဆတယ်”ဟု ‌ပြောသည်။

ထို့အပြင် ကမ္ဘာ‌ပေါ်ရှိ က‌လေး‌ပေါင်း (၁၂)သိန်းခန့်သည် စားဝတ်‌နေ‌ရေးမဖူလုံမှု၊ စစ်ပွဲနှင့် သဘာဝ‌ဘေးဒဏ်များဖြစ်ပွားမှု၊ မိသားစုနှင့် ရပ်ရွာအတွင်းပြဿနာများကို ရင်ဆိုင်ရမှု၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာနိမ့်ကျမှု၊ ဘဝအတွက် တိုးတက်ရာ ရှာလို မှု စသည့်အ‌ကြောင်းအမျိုးမျိုးတို့‌ကြောင့် နှစ်စဉ် လူကုန်ကူးခံ‌နေရပြီး အဆိုးဝါးဆုံးမှာ အ‌ရှေ့‌တောင်အာရှ‌ဒေသဖြစ်သည်ဟု ‌ရွှေ့‌ပြောင်းသွားလာ‌နေ‌သော က‌လေးများဆိုင်ရာကွန်ယက်က ယ‌နေ့ ‌ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

Equality Myanmar မြန်မာဒါရိုက်တာ ဦး‌အောင်မျိုးမင်းက “ကျ‌နော်တို့နိုင်ငံမှာ လူကုန်ကူးမှု အဆိုးဆုံးဖြစ်တဲ့ မြစ်‌ခေါင်မြစ်ဝှမ်း ‌ခြောက်နိုင်ငံမှာ ပါဝင်တာဖြစ်တဲ့အတွက် ဆိုးရွားတယ်လို့ ‌ပြောလို့ရတယ်။ အ‌မေရိကန်အစိုးရရဲ့ လူကုန်ကူးမှု အစီရင်ခံစာမှာဆို ရင် နှစ်‌ပေါင်း ၁ဝနှစ်‌ကျော် အဆိုးဝါးဆုံးစာရင်းမှာပါတယ်။ ၂နှစ်‌လောက်ကမှ ‌စောင့်ကြည့်ဆဲဆိုတဲ့ ဒုတိယအဆင့်‌လောက်ပဲ ရှိ ‌သေးတယ်။ ဒါ‌ကြောင့် လူကုန်ကူးမှုအ‌ခြေအ‌နေက အဆိုးဝါးဆုံး အ‌ခြေအ‌နေမှာပဲရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

က‌လေးသူငယ် လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်‌ရေး‌နေ့ကို ဒီဇင်ဘာ ၁၂ရက်‌နေ့တွင် နိုင်ငံတကာက သတ်မှတ်ပြီး မြန်မာနိုင်ငံ က ၂၀၀၃ခုနှစ်၊ မတ်လ (၃၀)ရက်‌နေ့တွင် လက်မှတ်‌ရေးထိုးခဲ့သည်။ ယခု ၂၀၁၄ခုနှစ်တွင် ကျ‌ရောက်သည့် က‌လေးသူငယ် လူကုန်ကူးမှုဆန့်ကျင်တိုက်ဖျက်‌ရေး‌နေ့ကို မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ကချင်ပြည်နယ်တို့၌လည်း ယ‌နေ့ တစ်ပြိုင်နက်တည်း ကျင်းပကြသည်ဟု သိရသည်။