Home လူငယ့်အသံ လူငယ့်အမြင် လူငယ်များရဲ့ စကားလက်‌ဆောင်

လူငယ်များရဲ့ စကားလက်‌ဆောင်

1839

‌စော‌အောင်မျိုး ၂၅နှစ်

ဝါသနာ အနုပညာ၊ စာသင်
ပညာအရည်အချင်း နည်းပညာတက္ကသိုလ် (AGTI)

ကျ‌နော်အပါးနာမည်က ဦးလှဦး၊ အမိုးက ‌နော်စီစီဖြစ်ပါတယ်။ ‌မောင်နှမ ၆‌ယောက်ရှိပါတယ်။ ကျ‌နော်က‌တော့ ရန်ကုန်တိုင်း ‌ဒေသကြီး အင်းစိန်မြို့နယ်ဇာတိပါ။ ပညာသင်ယူမှုက‌တော့ မူလတန်းက အ.မ.က(၆)အင်းစိန်၊ အလယ်တန်းက အ.လ.က(၁) အင်းစိန်၊ အထက်တန်းက‌တော့ အ.ထ.က (၁)အင်းစိန်မှာ ပညာသင်ကြားပြီး‌တော့ အဲဒီ‌ကျောင်းမှာပဲ အထက်တန်း‌အောင်မြင်ခဲ့ ပါတယ်။ အ‌နောက်ပိုင်းနည်းပညာတက္ကသိုလ်မှာ IT ‌မေဂျာကို AGTI အထိသင်ခဲ့ပြီး အခု‌တော့အ‌ဝေးသင်ပြန်‌ပြောင်းထားပါ တယ်။

ကျ‌နော်ဝါသနာပါတာက‌တော့ အများကြီးပါပဲ။ ဒါ‌ပေမဲ့ ဝါသနာ အပါဆုံးက သီချင်းဆို၊ စာသင်၊ သရုပ်‌ဆောင်လုပ်ရတာ‌တွေပါ။ ငယ်ငယ်‌လေးကတည်းက သီချင်းဆိုတာ ဝါသနာပါတဲ့အတွက် ဘုရား‌ကျောင်း‌တွေမှာ သီချင်းပြိုင်တယ်။ ဘုရား‌ကျောင်း‌တွေမှာ သင်‌ပေးတဲ့အတွက် တ‌ယောလည်း နည်းနည်းပါးပါး တီးတတ်တယ်။ ကျ‌နော်ငယ်စဉ်ဘဝက‌နေ အခုထိကိုပဲ အခက်အခဲ‌တွေက များလည်းများခဲ့ပါတယ်။ မိသားစုမှာလိုအပ်ချက်‌လေး‌တွေများခဲ့‌တော့ ပြန်ကြည့်ရမယ်ဆိုရင် ‌တော်‌တော်များများက ခက်ခဲခဲ့ကြ တဲ့အချိန်‌တွေပါပဲ။ လူသားတိုင်းရဲ့ဘဝမှာ အခက်အခဲ‌တွေကြုံဖူးကြ‌တော့ အခက်အခဲ‌တွေက များလည်းများခဲ့ပါတယ်။ ဒါ‌ပေမဲ့ လည်း အားလုံးကိုအ‌ကောင်းဆုံးအ‌နေအထားနဲ့ ‌ကျော်ဖြတ်နိုင်ခဲ့ပြီး‌တော့ လိုရာပန်းတိုင်ဆီ‌ရောက်‌အောင် ကြိုးစားခဲ့ပါတယ်။

ဒီလိုရုန်းကန်ရင်းနဲ့ပဲ ကျ‌နော်ဝါသနာပါတဲ့ အလုပ်တစ်ခုကိုလုပ်ဖို့ အခွင့်အလမ်းတစ်ခု‌ပေါ်လာတယ်။ အဲဒါကဘာလဲဆို‌တော့ ၂၀၁၃ခုနှစ် Channal 7 ရုပ်သံအစီအစဉ်ကပြုလုပ်တဲ့ အိပ်မက်ဆုံရာ season 7သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး‌တော့ အ‌ယောက်တစ်‌ထောင် ပါဝင်ယှဉ်ပြိုင်တဲ့အထဲကမှ ဆန်ကာတင် ရှစ်ဦးကို‌ရွေးပြီး 7 runner up ဆုကိုရရှိခဲ့ပါတယ်။ အဲဒီက‌နေ အနု ပညာအလုပ်ကို အခုချိန်အထိ ဆက်လုပ်ဖြစ်သွားတယ်။

အနုပညာအသိုင်းအဝိုင်းထဲ ‌ရောက်လာ‌တော့လည်း မိသားစုအသိုင်းအဝိုင်းမှာက ဂီတမျိုးရိုးမရှိ‌တော့ အခြား‌သောသူ‌တွေထက် ပိုပြီးကြိုးစားရတာ‌တော့ရှိပါတယ်။ ကိုယ်ဝါသနာပါတာနဲ့ တစ်ထပ်တည်းကျပြီး လုပ်ခွင့်ရတယ်ဆို‌ပေမယ့် အခက်အခဲ‌တွေ အများ ကြီး ကြုံ‌နေရတုန်းပဲ‌လေ။ ရည်မှန်းချက်‌ရောက်ပြီးလားဆို‌တော့ မ‌ရောက်‌သေးပါဘူး။ ပန်းတိုင်သွားဖို့ လမ်း‌ကြောင်း‌ပေါ်‌ရောက်‌နေ ပြီလို့ ‌ပြောလို့ရ‌ပေမယ့် ‌ရှေ့လာမယ့်အချိန်မှာ ကြုံရမယ့် အခက်အခဲ‌တွေကိုလည်း အ‌ကောင်းဆုံး‌ကျော်ဖြတ်နိုင်‌အောင် ကြိုးစား သွားရမှာပါပဲ။ ကျ‌နော့်ရည်မှန်းချက်က‌တော့ တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပြည်သူချစ်ပြီး ‌အောင်မြင်တဲ့အဆို‌တော်ဖြစ်ချင်တာပါ။ ဖြစ်‌အောင်လည်း ကြိုးစား‌နေပါတယ်။ အခုလက်ရှိ အနုပညာနဲ့ပတ်သက်ပြီး လုပ်‌နေတာက‌တော့ stage show ပွဲ‌တွေ ပရိုမိုးရှင်းပွဲ‌တွေ dinner ပွဲ‌တွေနဲ့ လူမူ‌ရေးပရဟိတပွဲ‌တွေမှာ ဆက်တိုက်ဆို‌နေပါတယ်။ အိပ်မက်ဆုံရာက သူငယ်ချင်း‌တွေနဲ့ လည်း အ‌ခွေထုတ်ဖို့ စီစဉ်ထားပြီးပါပြီ။

ကျ‌နော်လည်း ကရင်လူမျိုး၊ ကရင်လူငယ်တစ်‌ယောက်အ‌နေနဲ့ စကားပါးချင်တာက‌တော့ ကရင်လူမျိုးဆိုတာ ဟိုးအရင်ကတည်း က ရိုးသားကြိုးစားပြီး ‌ရှေဆုံးကပဲ ‌နေရာ‌တွေရရှိခဲ့ကြသူ‌တွေပါ။ ကျ‌နော်တို့ ယခု ကရင်လူငယ်‌တွေအ‌နေနဲ့လည်း ‌ရှေ့ဆုံးမဖြစ်ခဲ့၊ ဖြစ်ခွင့်မရရင်‌တောင်မှ ရှိတဲ့‌နေရာမှာ ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်‌ကျေးမူ ဓ‌လေ့စရိုက် ဘာသာစကား ‌တွေကို အတူတကွ ဆက် လက် ထိန်းသိမ်းကြရ‌အောင်လို့ ‌ပြောချင်ပါတယ်။