Home သတင်း KNU နိုင်ငံခြား‌ရေးရာဌာန ပဋိပက္ခ‌ဖြေရှင်းခြင်းနှင့် ငြိမ်းချမ်း‌ရေးတည်‌ဆောက်ခြင်းဆိုင်ရာ သင်တန်း‌ပေး

KNU နိုင်ငံခြား‌ရေးရာဌာန ပဋိပက္ခ‌ဖြေရှင်းခြင်းနှင့် ငြိမ်းချမ်း‌ရေးတည်‌ဆောက်ခြင်းဆိုင်ရာ သင်တန်း‌ပေး

1852

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို နိုင်ငံခြား‌ရေးရာဌာနက ဦး‌ဆောင်ဖွင့်လှစ်‌သော ပဋိပက္ခ‌ဖြေရှင်းခြင်း နှင့် ငြိမ်းချမ်း‌ရေးတည်‌ဆောက်ခြင်းဆိုင်ရာ သင်တန်းတစ်ရပ်ကို KNU တပ်မဟာ(၆)၊ ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့ စီးပွား‌ရေးရုံးတွင် ဒီဇင်ဘာ ၁၅ မှ ၁၈ရက်‌နေ့အထိ ပို့ချ‌ပေး‌နေပြီဖြစ်‌ကြောင်း သိရသည်။

KNU ဗဟို နိုင်ငံခြား‌ရေးရာဌာန တာဝန်ခံ ပဒို‌စော‌အောင်ဝင်း‌ရွှေက “ဒူပလယာခရိုင်မှာရှိတဲ့ ‌ခေါင်း‌ဆောင်‌တွေ သာမက သက်ဆိုင်ရာဝန်ထမ်း အသီးသီး‌တွေကို ပဋိပက္ခ‌ဖြေရှင်းခြင်းနဲ့ ငြိမ်းချမ်း‌ရေး တည်‌ဆောက်ခြင်း‌တွေမှာ ပိုမိုနားလည်ပြီး အသိပညာ‌ပေးလိုတဲ့အ‌နေနဲ့ ဒီသင်တန်းကို ဖွင့်လှစ်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရမဟုတ်‌သောအဖွဲ့အစည်း(NGO)တစ်ခုဖြစ်သည့် က‌မ္ဘောဒီယားအ‌ခြေစိုက် CPCS ( Centre For Peace and Conflict Studies)၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက် KESAN မှ သင်တန်းဆရာ စုစု‌ပေါင်း (၇) ဦးက ယင်းသင်တန်းကို ပို့ချ‌ပေးမည်ဖြစ်ပြီး KNU ဒူးပလယာခရိုင် ‌ခေါင်း‌ဆောင် များနှင့် သက်ဆိုင်ရာဌာနကိုယ်စားလှယ်များ၊ ကရင်လူငယ်အစည်းအရုံး(KYO)၊ ကရင်အမျိုးသမီးအစည်းအရုံး KWO စသည်တို့မှ သင်တန်းသား သင်တန်းသူ ၃၇ ဦး တက်‌ရောက်ခဲ့ကြသည်။

KNU တပ်မဟာ (၆) ဒူးပလယာခရိုင် တစ်ခုတည်းအတွက်သာ ရည်ရွယ်ဖွင့်လှစ်‌သောသင်တန်းတွင် ပဋိပက္ခ‌ဖြေရှင်းခြင်းဆိုင်ရာနည်းလမ်းများ၊ သုံးသပ်မှုများနှင့် သိရှိထားရမည့် အချက်များ၊ မီဒီယာနှင့်ပဋိပက္ခ၊ ငြိမ်းချမ်း‌ရေးတည်‌ဆောက်ခြင်းဆိုင်ရာနည်းလမ်းများ၊ လူထုဆက်သွယ်‌ရေး၊ ‌မြေယာပြဿနာ‌ဖြေရှင်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုများကို အဓိက သင်ကြား‌ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

သင်တန်းတက်‌ရောက်‌နေသည့် ‌ကော့ကရိတ်မြို့နယ် တွဲဖက်အတွင်း‌ရေးမှူး ‌စော‌နေထူးက “အခုဖြစ်‌နေတဲ့ ငြိမ်းချမ်း‌ရေးဆိုင်ရာ အ‌ခြေအ‌နေ‌တွေ ‌မြေယာပြဿနာ‌တွေ စတာ‌တွေ‌ပေါ့။ အဲဒါကို တခြားနိုင်ငံမှာ မသိထားတဲ့ ဆက်စပ်ဖြစ်ပျက်‌နေတာ‌တွေကို သိရတာ တစုံတခု‌တော့ အကျိုးရှိပါတယ်။ ခရိုင်အတွင်းမှာ တကယ့် လုပ်‌ဆောင်ရတဲ့ အပိုင်း‌တွေအတွက်လည်း အ‌ထောက်အကူဖြစ်‌စေပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ဗဟို နိုင်ငံခြား‌ရေးရာဌာနက ဦး‌ဆောင်ဖွင့်လှစ်‌သော ယခု ပဋိပက္ခ‌ဖြေရှင်းခြင်းနှင့် ငြိမ်းချမ်း‌ရေး တည်‌ဆောက်ခြင်းဆိုင်ရာသင်တန်းကို ဒူးပလယာခရိုင်တွင် ဖွင့်လှစ်ပို့ချပြီး‌နောက် ကျန်ရှိသည့် KNU အခြားခရိုင်များသို့ ဆက်လက်ဖွင့်လှစ်‌ပေးသွားဖြစ်‌ကြောင်း သိရသည်။