Home သတင်း အလူး‌လေး‌ကျေးရွာတွင် မြို့နယ်အဆင့် ကရင်နှစ်သစ်ကူး‌နေ့ကို ၁ဝနှစ်ကြာမှ ပြန်ကျင်းပနိုင်

အလူး‌လေး‌ကျေးရွာတွင် မြို့နယ်အဆင့် ကရင်နှစ်သစ်ကူး‌နေ့ကို ၁ဝနှစ်ကြာမှ ပြန်ကျင်းပနိုင်

1961

ဒီဇင်ဘာ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စော‌သောကြာ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အဆင့် ၁ဝနှစ်ကြာ မကျင်းပနိုင်ခဲ့သည့် ကရင်နှစ်သစ်ကူး‌နေ့ ပွဲ‌တော်ကို ယခု ကရင်သက္ကရာဇ် ၂၇၅၄ခုနှစ်သစ်အတွက် ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်‌နေ့တွင် အလူး‌လေး‌ကျေးရွာ၌ ပြန်လည်ကျင်းပနိုင်ခဲ့‌ကြောင်း ၎င်းနှစ် သစ်ကူး ကျင်းပ‌ရေး‌ကော်မတီ၏ တွဲဖက် အတွင်း‌ရေးမှူး ‌စောမြင့်သန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ၁ဝနှစ်ကြာမှ ပြန်လည်ကျင်းပခဲ့ရခြင်းနှင့် ပတ်သက်၍ အလူး‌လေး‌ကျေးရွာသားလည်းဖြစ်သူ ‌စောမြင့်သန်းက “ဒီ ၁ဝနှစ် မတိုင်ခင်တုန်းက‌တော့ အလူး‌လေးမှာ ‌ကျေးရွာအဆင့် လုပ်ခဲ့တယ်။ ပြီး‌တော့ ‌ကျေးရွာအားလုံး‌ပေါင်းပြီး ဇုံအဖြစ် သတ်မှတ် လိုက်‌တော့ ဇုံအလိုက်ပဲ ကျင်းပကြ‌တော့တယ်။ ဇုံအဖြစ်ကျင်းပတာက‌တော့ ကျိုက်တဲမှာ ၃နှစ်၊ ကဇိုင်းမှာ ၃နှစ်၊ အလူးကြီးမှာ ၁နှစ်နဲ့ အဲဒါပြီး‌တော့ ကဇိုင်းမှာပဲ ၂နှစ်ပြန်လုပ်တယ်။ အခု‌တော့ ဘီးလင်းမြို့နယ်အဆင့် ကျင်းပကြပြီး အခု အလူး‌လေးမှာ မြို့နယ်အဆင့် ကျင်းပတာပါပဲ”ဟု ‌ပြောသည်။

အလူး‌လေး‌ကျေးရွာတွင် ၂၇၅၄ခုနှစ်၊ ကရင်နှစ်သစ်ကူး‌နေ့ အခမ်းအနားကို နံနက် ၆နာရီအချိန်၌ အလံတင်အခမ်းအနားဖြင့် စတင်ပြုလုပ်ခဲ့ပြီး တစ်ဆက်တည်းပင် ကရင်ရိုးရာလက်‌ဝှေ့ပွဲနှင့် ‌ချောတိုင်တက်ပွဲကိုလည်း ကျင်းပခဲ့ကြသည်။ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံ‌ရေးပါတီများ၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များနှင့် ‌ကျေးရွာယဉ်‌ကျေးမှုဒုံးအဖွဲ့ဝင် ကရင်‌မောင်မယ်များနှင့် ဧည့်ပရိဿတ် ၅၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။

၎င်းပွဲ‌တော်တွင် ကရင်နှစ်သစ်ကူးကျင်းပ‌ကော်မတီ နာယကတစ်ဦးဖြစ်သူ ‌စောသာဘွဲက မိန့်ခွန်း‌ပြောကြားရာ၌ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ခိုင်မြဲ‌ရေး ကြိုးပမ်း‌ဆောင်ရွက်ရန်၊ ကရင်တိုင်းရင်းသားများ၏ လူ‌နေမှုဘဝဆက်ဆံ‌ရေးတွင် အမျိုးသားဂုဏ် သိက္ခာကို စည်းလုံး‌ဆောင်ရွက်ရန်၊ ကရင်တိုင်းရင်းသား စာ‌ပေတတ်‌မြောက်‌ရေးနှင့် ယဉ်‌ကျေးမှုအတွက် ထိန်းသိမ်းမြှင့်တင်ရန်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုသင်တန်းများကို ကျယ်ကျယ်ပြန့်ပြန့် ‌ဆောင်ရွက်နိုင်ရန်အတွက် ကရင်တိုင်းရင်းသားထုတစ်ရပ်လုံး က ပူး‌ပေါင်း‌ဆောင်ရွက်‌စေလို‌ကြောင်း မိန့်ခွန်းတွင် ထည့်သွင်း‌ပြောကြားခဲ့သည်။

နှစ်သစ်ကူးကျင်းပ‌ရေး‌ကော်မတီဝင်လူငယ် ‌စောတင်ထူးက “ကိုယ့်ကရင်နှစ်သစ်ကူးကို ကိုယ့်ရွာမှာ ကျင်းပရ‌တော့ ဝမ်းသာတာ ‌ပေါ့။ ကရင်နှစ်သစ်ကူး‌တွေ၊ ကရင်စာ‌ပေနဲ့ ယဉ်‌ကျေးမှု‌တွေ ပြန်လုပ်ခွင့်ရတဲ့အတွက် ဒါကို လက်ဆင့်ကမ်း လုပ်‌ဆောင်သွားမှာ ပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယခင်နှစ် ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော်ကို ကဇိုင်း‌ကျေးရွာတွင် မြို့နယ်အဆင့် ကျင်းပခဲ့ကြပြီး လာမည့်နှစ်များတွင် ကရင်နှစ်သစ် ကူး‌နေ့ ဆက်လက် ကျင်းပမည့်‌နေရာကို ဘီးလင်းမြို့နယ်အတွင်းရှိ ကရင်လူကြီးများက ‌ရွေးချယ်သတ်မှတ် ဆုံးဖြတ်သွားမည်ဖြစ် ပြီး ‌နွေရာသီ၌လည်း ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုသင်တန်းများလည်း ပြုလုပ်ရန် အစီအစဉ်ရှိ‌ကြောင်း ကျင်းပ‌ရေး‌ကော်မတီက ‌ပြောဆိုသည်။