Home သတင်း ကရင်ပညာ‌ရေးဌာနက ကရင်စာ‌ပေသင်ကြားမှု ပိုမိုကျယ်ပြန့်‌အောင်လုပ်‌ဆောင်မည်

ကရင်ပညာ‌ရေးဌာနက ကရင်စာ‌ပေသင်ကြားမှု ပိုမိုကျယ်ပြန့်‌အောင်လုပ်‌ဆောင်မည်

2346

ဒီဇင်ဘာ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပညာ‌ရေးဌာန KED က ကရင်လူမျိုးများ‌နေထိုင်ရာ ‌ဒေသများတွင် ကရင်စာ‌ပေသင်ကြားမှု ပိုမိုပြန့်ပွားရန်အတွက် ‌ရှေ့ ဆက် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ဒီဇင်ဘာ ၂၂-၂၃ရက်‌နေ့များတွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်‌မြောက် ကရင်ပညာ ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးပွဲအပြီးတွင် ဆုံးဖြတ်ခဲ့ကြသည်။

ကရင်ပညာ‌ရေးဌာန KED အတွင်း‌ရေးမှူးဖြစ်သူ ဆရာ‌စော‌လောအယ်မူးက “အခက်အခဲ‌တွေရှိ‌ပေမယ့် ဒါကိုဆက်လုပ်သွားမယ်။ စာ‌ပေသင်ကြားမှုမှာလည်း ‌နေထိုင်ရာ‌ဒေသ လူမျိုးစုအလိုက် ပိုး၊ စ‌ကောစာ‌ပေ‌ပေါ့။ အဲဒါကို ကျယ်ကျယ်ပြန်ပြန့်ဖြစ်‌အောင် လုပ် ‌ဆောင်သွားဖို့ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့လုပ်‌ဆောင်ရာတွင် ဆရာ၊ ဆရာမများအား သင်တန်း‌ပေးခြင်း၊ ကူညီ‌ထောက်ပံ့‌ပေးခြင်း၊ သင်ရိုးညွှန်းတမ်းစာအုပ်များ၊ သင် ‌ထောက်ကူပစ္စည်းများအပြင် အခြား‌သော ကရင်လူမျိုးများ ‌နေထိုင်ရာ‌ဒေသများနှင့် ချိတ်ဆက်‌ဆောင်ရွက်မည့် ပညာ‌ရေးအစီအ စဉ်တစ်ခုကို ချမှတ်‌ရေးဆွဲထားပြီး လာမည့်နှစ်များတွင် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားရန်ရှိ‌ကြောင်းလည်း ‌စော‌လော အယ်မူးက ဆက်‌ပြောသည်။

၎င်း‌ဆွေး‌နွေးပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ‌သေ့‌ဘောဘိုးအထက်တန်း‌ကျောင်းတွင် နှစ်ရက်တာ ကျင်းပခဲ့ခြင်း ဖြစ်ပြီး KED (ဗဟို)အပြင် ကရင်လူထုအ‌ခြေပြုကွန်ယက်(‌ဒေါနအ‌ရှေ့ခြမ်း)၊ DKBA၊ KNU (‌ကော့ကရိတ်မြို့နယ်) တာဝန်ရှိသူများ အပါအဝင် အဖွဲ့ ၈ဖွဲ့မှ ကိုယ်စားလှယ်များ၊ ‌ကျေးရွာ ၁၁ရွာမှ ‌ကျောင်းကိုယ်စားလှယ်များ အပါအဝင် လူဦး‌ရေ (၆၀)‌ကျော် တက် ‌ရောက်ခဲ့ကြသည်။

‌ဆွေး‌နွေးပွဲတွင် ကရင်စာ‌ပေသင်ကြားမှု၊ အစိုးရ‌ကျောင်းများနှင့် မည်သို့ချိတ်ဆက်‌ဆောင်ရွက်သွားမည့် အ‌ခြေအ‌နေများ၊ ပညာ ‌ရေးဆိုင်ရာ ‌ထောက်ပံ့မှုအ‌ခြေအ‌နေများ၊ ဆရာ၊ ဆရာမများ၏ အရည်အချင်းသုံးသပ်မှု၊ ‌ကျောင်းများတွင် ကရင်အလံလွှင့်တင်မှု အ‌ခြေအ‌နေများ ပါဝင်သည့် အချက်(၁၀)ချက်ကို အဓိကထား ‌ဆွေး‌နွေးခဲ့ကြသည်။

ကရင်လူထုအ‌ခြေပြုကွန်ယက်(‌ဒေါနအ‌ရှေ့ခြမ်း)မှ တာဝန်ခံတစ်ဦးဖြစ်သူ ‌နော်စန္ဒာဝိုင်းက “တက်‌ရောက်လာတဲ့ ကိုယ်စားလှယ် အားလုံးက အဓိကအားဖြင့် ပညာ‌ရေးလုပ်ငန်း‌တွေမှာ KED ဦး‌ဆောင်မှု‌အောက်က‌နေ သွားဖို့နဲ့ ကရင်အလံကို ကရင်‌ဒေသမှာရှိ တဲ့ ‌ကျောင်း‌တွေမှာ ဆက်လက် လွှင့်ထူနိုင်ဖို့ကို အားလုံးက သ‌ဘောထား‌ပေးကြတယ်”ဟု ‌ပြောသည်။

KED အ‌နေဖြင့် ပညာ‌ရေးလုပ်ငန်းများ လုပ်‌ဆောင်ရာတွင် ဆရာ၊ ဆရာမအခက်အခဲများ၊ ‌ထောက်ပံ့မှုအ‌ခြေအ‌နေများ၊ သင် ‌ထောက်ကူပစ္စည်း ခက်ခဲမှုများအပြင် ပညာ‌ရေးဆိုင်ရာ အစိုးရအသိအမှတ်ပြုမှုများတွင် အခက်အခဲများရှိ‌သေးပြီး အဆိုပါအခက် အခဲများကို ‌ဖြေရှင်းသွားရန် အစိုးရပညာ‌ရေးဌာနများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်သွားရန်ရှိ‌ကြောင်း သိရသည်။

ကရင်ပညာ‌ရေးဌာန KED မှာ ‌ကေအဲန်ယူလက်‌အောက်ခံ ဌာနတစ်ခုဖြစ်ပြီး ဒူးပလာယာခရိုင်တွင် မူလတန်းမှ အထက်တန်းလွန် အထိ KED စာသင်‌ကျောင်း ၄၈၁‌ကျောင်းနှင့် ဆရာ၊ ဆရာမ‌ပေါင်း ၂,၈၀၅ဦး၊ ‌ကျောင်းသားဦး‌ရေ ၆၀,၃၇၃ရှိ‌ကြောင်း သိရသည်။ ၂၀၀ဝခုနှစ်မှစ၍ မြန်မာပြည်အ‌ရှေ့ဘက်ခြမ်း မြို့နယ် ၂၄ခုနှင့် ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်ရှိ ဒုက္ခသည်စခန်း ၇ခုမှ ‌ကျောင်း သား‌ကျောင်းသူ‌ပေါင်း သုံးသိန်းငါး‌သောင်း ၃၅၀,၀၀၀‌ကျော်ကို ပညာ‌ရေးဆိုင်ရာ အ‌ထောက်အပံ့များ ပံ့ပိုး‌ပေးလျှက်ရှိသည်။