KIC News
အမျိုးသား တောင်းဆိုချက် ၄ ရပ် အမြန်ပေါ်ထွန်းလာရေး ပါဝင်လှုပ်ရှားကြရန် နိုင်ငံတကာကရင်အဖွဲ့ တိုက်တွန်း
ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ကရင်အမျိုးသားများ၏ လိုလားမှုဆန္ဒ(၄)ချက်နှင့်အညီ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော စစ်မှန်သည့် ဖက်ဒရယ်ပြည် ထောင်စု အမြန်ပေါ်ထွန်းလာရေးအတွက် ကျရာအခန်းကဏ္ဍ၌ ပါဝင်လှုပ်ရှားကြရန် နိုင်ငံတကာ ကရင်အမျိုး သားအစည်းအရုံး(IKO)က ယနေ့ ၆၇နှစ်မြောက် ကရင်အမျိုးသားနေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်၍ တိုက်တွန်းပြောဆိုလိုက်သည်။
၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ရက်နေ့က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက်...
အစိုးရမှ ပြန်စွန့်လွှတ်ပေးသည့် မြေဧက မပြည့်ကြောင်း ပိုင်ရှင်ဒေသခံများပြောဆို
ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကျုံပကိုနှင့် ထီလုံသစ်တောအတွင်းရှိ သိမ်းဆည်းခံထားရသည့် မြေများကို ပြည်နယ်ဝန်ကြီးချုပ်က ဧက ၇၀ဝ ပြန်လည်စွန့်လွှတ်ပေးရမည်ဟု ပြောသော်လည်း ဧက ၁၀ဝ ကျော်သာ ပြန်စွန့်လွှတ်ပေးသေးသည်ဟု မူလပိုင်ရှင်လယ်သမားများက ပြောသည်။
ယခုလ ဖေဖော်ဝါရီ ၄ ရက်နေ့က...
အဲန်အယ်လ်ဒီမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ရွှေ့ပြောင်းကျောင်းသူ/သားများအား တတိယအကြိမ် အလှူငွေထောက်ပံ့
ဖေဖော်ဝါရီ ၁ဝရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အဲန်အယ်လ်ဒီ) ပညာရေးကွန်ရက်မှ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသရှိ မြန်မာအစိုးရ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် မြန်မာရွှေ့ပြောင်းကျောင်းသူ/သားများ အား တတိယအကြိမ်မြောက် အလှူငွေထောက်ပံ့မှု အခမ်းအနားတစ်ရပ်ကို ယနေ့ မွန်းလွဲ ၁နာရီကျော်တွင် မဲဆောက်မြို့ ဆာသူးလေကျောင်း၌ ပြုလုပ်ကျင်းပခဲ့သည်။
ယခုနှစ် ၂၀၁၄-၁၅ ပညာသင်နှစ်အတွက်...
ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် DKBA လူထုတွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်
ဖေဖော်ဝါရီ ၁ဝ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်းရှောင်း
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)က လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး လူထုအသံကို သိနိုင်ရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၉ ရက်နေ့၌ ကရင်ပြည်နယ် ဒေါနအရှေ့ ဘက်ခြမ်း စူကလိမြို့နယ်ခွဲ၊ ဆုံဆည်းမြိုင်ကျေးရွာတွင် လူထုတွေ့ဆုံရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
DKBA စစ်ဦးစီး...
နိုင်ငံရေးအခြေအနေနှင့် လိုက်လျောညီထွေမှုရှိသော ရှေ့လုပ်ငန်းစဉ်ချမှတ်ကြောင်း ကေအဲန်ယူ ထုတ်ပြန်
ဖေဖော်ဝါရီ ၁ဝရက်။ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၇)လေးဝါးစခန်း၌ ဖေဖော်ဝါရီ ၃ မှ ၇ရက်နေ့အထိ ကျင်းပသည့် ကေအဲန်ယူ (၁၅)ကြိမ်မြောက် ကွန်ဂရက်အပြီး သုံးကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးတွင် နိုင်ငံရေးအခြေအနေနှင့် လိုက်လျောညီထွေမှုရှိသော ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်လိုက်သည်။
နိုင်ငံရေးဖြစ်စဉ်များကို...
ကော့ကရိတ်မြို့နယ်၌ အစိုးရ ကားလမ်းဖောက်လုပ်မှုကြောင့် ဒေသခံများ၏ ရာဘာခြံများ ဆုံးရှုံးမှုရှိ
ဖေဖော်ဝါရီ ၁ဝရက်၊ ၂၀၁၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တောင်ကြားအင်း၊ လောင်းကိုင်၊ ဖားကျကျေးရွာအထိ အရှည် ၃မိုင် ရှိသောလမ်းကို အစိုးရ ဆောက်လုပ်ရေးအထူးအဖွဲ့(၁)မှ ကားလမ်းဖောက်လုပ်မှုကြောင့် ဒေသခံများ ၏ ရာဘာခြံများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရှိရသည်။
ယင်းလမ်းကို ဖေဖော်ဝါရီ ၁ရက်နေ့က လောင်းကိုင်ကျေးရွာ၌ စတင်ဖောက်လုပ်ခဲ့ပြီးနောက်...
တက္ကသိုလ်စာယဉ် တိုးတက်အောင် ဆက်လုပ်ကြရန် စီနီယာကျောင်းသားများတိုက်တွန်း
ဖေဖော်ဝါရီ ၉ရက်၊ ၂၀၁၅ ခုနှစ်။ စောထွန်းလင်း
ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်များ-ရန်ကုန်) ကော်မတီလုပ်ငန်းများ တိုးတက် မှုရှိအောင် ဂျူနီယာ ကရင်တက္ကသိုလ်ကျောင်းသားများအနေဖြင့် ကျရာဏ္ဍတွင် စည်းစည်းလုံးလုံး ဆက်လုပ် သွားစေလိုသည်ဟု စီနီယာ ကရင်တက္ကသိုလ်ကျောင်းသားများက တိုက်တွန်းပြောဆိုလိုက်သည်။
ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ နားနေခန်းမဆောင်၌ ဖေဖော်ဝါရီ ၈...
မြဝတီမြို့နယ်တွင် လေးကေကော်မြို့သစ် စီမံကိန်း စတင်အကောင်အတည်ဖော် လုပ်ဆောင်နေ
ဖေဖော်ဝါရီ ၉ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ထီးမယ်ဝါးခီးကျေးရွာအနီးတွင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) နှင့် အစိုးရတို့ ညှိနှိုင်းဆောင်ရွက်မှုဖြင့် လေးကေကော်မြို့သစ်စီမံကိန်းကို သူးလေကုမ္ပဏီမှ တာဝန်ယူ၍ ဖေဖော်ဝါရီ ၂ ရက်နေ့က စတင်အကောင်အထည်ဖော် ဆောက်လုပ်ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။
လေးကေကော်မြို့သစ်စီမံကိန်းကို မြေဧကပေါင်း ၁,၈၀ဝ လျာထားကာ ၇၅၅ ဧကတို့ကို...
ကေအဲန်အယ်အေ တပ်မဟာ(၇) တပ်ရင်း ၂၁ တပ်ရင်းမှူး ကွယ်လွန်
ဖေဖော်ဝါရီ ၉ရက်၊ ၂၀၁၅ ခုနှစ်။ စောသိန်းမြင့်
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်မဟာ(၇)မှ တပ်ရင်း-၂၁ တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး စောတာတိုး(၇၁)နှစ်သည် ဖေဖော်ဝါရီ ၈ရက်နေ့ည ၈နာရီအချိန်တွင် ထိုင်း-မြန်မာနယ်စပ် ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေ တစ်နေရာ၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
တပ်ရင်း-၂၁ မှ ရုံးထိုင်မှူးဖြစ်သူ...
KWO ဗဟို အမြဲတမ်းကော်မတီဝင်များကို နိုင်ငံရေးသင်တန်းပေးရန် ဆုံးဖြတ်
ဖေဖော်ဝါရီ ၉ရက်၊ ၂၀၁၅ခုနှစ်။ စောခါးစူးညား
နိုင်ငံရေးစွမ်းရည် မြှင့်မားလာရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကရင်အမျိုးသမီးအစည်းအရုံး(KWO)က ၎င်းတို့၏ ဗဟိုအမြဲတမ်းကော်မတီဝင်များကို လာမည့် ဩဂုတ်လအတွင်းတွင် တစ်လကြာ နိုင်ငံရေးသင်တန်းတစ်ရပ် ပြုလုပ်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၊ ဘူးသို မြို့နယ်၊ ခိုကေရွာရှိ KWO...














