Home ထိပ်တန်းသတင်း ဒီမိုက‌ရေစီ ပညာ‌ရေးလှုပ်ရှားသူများအား အကြမ်းဖက် ဖြိုခွင်းမှုအ‌ပေါ် UNFC ရှုတ်ချ

ဒီမိုက‌ရေစီ ပညာ‌ရေးလှုပ်ရှားသူများအား အကြမ်းဖက် ဖြိုခွင်းမှုအ‌ပေါ် UNFC ရှုတ်ချ

1743

မတ်လ ၉ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ဒီမိုက‌ရေစီပညာ‌ရေး ထွန်းကားလာ‌စေ‌ရေးအတွက် အမျိုးသားပညာ‌ရေး ဥပ‌ဒေပြုပြင်‌ပြောင်းလဲရန် ဆန္ဒထုတ်‌ဖော်‌နေကြသည့် ‌ကျောင်းသားပြည်သူများအား အကြမ်းဖက် ဖြိုခွဲခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းတို့အ‌ပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ‌ကြောင်း ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)က မတ်လ ၈ရက်‌နေ့စွဲဖြင့် သ‌ဘောထားထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်‌နေကြသည့် ‌ကျောင်းသားပြည်သူများအား အစိုးရ အာဏာပိုင်များက “တာဝန်၊ စည်းကမ်း”ဆိုသည့် လက်ပတ်များဖြင့် အရပ်ဝတ် ပြည်သူများကို တလွဲအသုံးချကာ မတ်လ ၅ရက်‌နေ့က ရန်ကုန်မြို့၊ မြို့‌တော်ခမ်းမအနီး၌ အကြမ်း ဖက် ရိုက်နှက်ဖြိုခွဲခဲ့ခြင်းနှင့်ပတ်သက်၍ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ရန် တိုက်တွန်းထုတ်ပြန်ခြင်းဖြစ်သည်ဟု UNFC အတွင်း ‌ရေးမှူး ခူးဦးရယ်က ‌ပြောသည်။

၎င်းက “အစိုးရကို ယခင်အကြံပြုထားတဲ့အတိုင်း ဒီထက်ပိုပြီး‌တော့ လွန်ကျွံတဲ့ ‌ဖြေရှင်းလမ်းကို ‌ရှောင်ကြဉ်သင့်တယ်။ ပြဿနာ အရပ်ရပ်ကို ‌တွေ့ဆုံ‌ရေးလမ်း‌ကြောင်းကို သွားသင့်တယ်ဆိုတဲ့သ‌ဘောမျိုးနဲ့ ထုတ်ပြန်တာပါ။ ‌ကျောင်းသူ‌ကျောင်းသား‌တွေက ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ဆန္ဒပြတာလည်း နည်းမှန်လမ်းမှန် ဒီမိုက‌ရေစီဖြစ်စဉ်နဲ့အညီ ‌ဆောင်ရွက်‌နေတယ်လို့ ‌ပြောချင်တဲ့ သ‌ဘောဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရသည် ဆန္ဒပြ‌ကျောင်းသူ‌ကျောင်းသားများ၊ အလုပ်သမားများကို ရိုက်နှက်ဖမ်းဆီးခြင်းနှင့် တိုင်းရင်းသားများကို ထိုးစစ်ဆင် ခြင်းများသည် အ‌ထွေ‌ထွေ‌သော ပြဿနာရပ်များ ညှိနှိုင်းရာတွင် အ‌နေအထား‌ပြောင်းလဲနိုင်သလို လက်ရှိသွား‌နေသည့် ငြိမ်းချမ်း ‌ရေးဖြစ်စဉ်ကိုလည်း ကြန့်ကြာသွားနိုင်သည်ဟု ခူးဦးရယ်က ဆက်‌ပြောသည်။

UNFC ၏ ထုတ်ပြန်ချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေပါ ပြဌာန်းချက်များကို အ‌ကြောင်းပြုကာ ယခင် စစ်အာဏာရှင် ‌ဟောင်းများမှ အသုံးပြုခဲ့ကြသည့် စွမ်းအားရှင်အမည်ခံ အကြမ်းဖက်လူအုပ်စုများကို ယခု သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၌လည်း ‌ကျောင်းသားသပိတ်အား နှိမ်နင်းရာတွင် ဆက်လက်အသုံးပြု‌နေခြင်းမှာ ဒီမိုက‌ရေစီပြုပြင်‌ပြောင်းလဲ‌ရေးနှင့် ဖီလာဆန့် ကျင်‌နေပြီး မ‌လျော်မကန် ပြုမူ‌ဆောင်ရွက်‌နေခြင်းဖြစ်သည်ဟု ရှုမြင်‌ကြောင်း ‌ဖော်ပြထားသည်။
Ku UReh
ထို့အပြင် အမျိုးသားပညာ‌ရေး ဥပ‌ဒေ အပါအဝင် ဒီမိုက‌ရေစီအ‌ခြေခံ စံထားများနှင့် ‌လျော်ညီမှုမရှိ‌သော ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ ပါ အချက်အလက်များအားလုံးကို အမြန်ဆုံး ပြုပြင်နိုင်မှသာ လက်ရှိဖြစ်‌ပေါ်‌နေ‌သော တိုင်းပြည်၏ အ‌ထွေ‌ထွေ ပြဿနာရပ်များ အားလုံးကို ငြိမ်းချမ်းစွာ ‌ဖြေရှင်းနိုင်မည်ဖြစ်၍ စစ်မှန်သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများမှ တဆင့် ‌စေ့စပ်ညှိနှိုင်းအ‌ဖြေရှာကြရန် UNFC က တိုက်တွန်းထားသည်။

UNFC ၏ ထုတ်ပြန်ချက်အ‌ပေါ် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် မြန်မာနိုင်ငံ ‌ကျောင်းသားလူငယ်များကွန်ဂရက် (SYCB) ‌ပြောခွင့် ရသူ လွိည်းမိုးလှိုင်ကလည်း “အခု ‌ကျောင်းသားလူငယ်‌တွေ လုပ်‌ဆောင်တဲ့ဟာ‌တွေကို အစိုးရက လက်ခံရမယ့်အပိုင်းဖြစ်တယ်။ လက်မခံတဲ့အပြင် လက်ပတ်‌တွေ ပတ်ထားတဲ့ အရပ်သား‌တွေက ဖြိုးခွဲတဲ့ကိစ္စက ကျမတို့ SYCB က လုံးဝ လက်မခံတဲ့ကိစ္စ ဖြစ် တယ်။ ဒီလိုမျိုး ဆက်ရှိ‌နေမယ်ဆိုရင် ကျမတို့ မြန်မာနိုင်ငံ‌ကောင်းဖို့အတွက် လုပ်ဖို့ အဟန့်အတားလုပ်လာတဲ့ သ‌ဘောဖြစ် တယ်”ဟု ‌ပြောသည်။

ရန်ကုန်မြို့ရှိ ‌ကျောင်းသားလူငယ်အချို့သည် ဇန်နဝါရီ ၂ဝရက်‌နေ့က မန္တ‌လေးမှ ရန်ကုန်သို့ ချီတက်လမ်း‌လျှောက်လာသည့် အမျိုးသားပညာ‌ရေးဥပ‌ဒေ ပြင်ဆင်‌ရေး ‌တောင်းဆိုဆန္ဒပြ‌နေကြသည့် ပင်မ‌ကျောင်းသား သပိတ်စစ်‌ကြောင်းအား ‌ထောက်ခံ သည့်အ‌နေဖြင့် ရန်ကုန်မြို့၊ မြို့‌တော်ခမ်းမအနီး၌ မတ်လ ၅ရက်‌နေ့က ဆန္ဒထုတ်‌ဖော်‌နေစဉ် အကြမ်းဖက်ရိုက်နှက်ဖြိုခွဲခံခဲ့ရသည်။

လက်ရှိအချိန်တွင် ဒီမိုက‌ရေစီ ပညာ‌ရေးအတွက် ဆန္ဒပြ‌ကျောင်းသားများ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် လက်ပံတန်း၌ သီတင်း တစ်ပတ်ကြာ တားဆီးပိတ်ဆို့ခံရမှုကို အစိုးရမှ မတ်လ ၁ဝရက်‌နေ့တွင် ‌နောက်ဆုံးထား၍ ‌ဖြေရှင်း‌ပေးရန် မတ်လ ၈ရက်‌နေ့က သပိတ်‌မှောက်‌ကျောင်းသူ‌ကျောင်းသားများက ‌တောင်းဆိုလိုက်သည်။