KIC News
ကော်သူးလေ တပ်မတော်တံဆိပ်ကို ဒီကေဘီအေ စတင်အသုံးပြု
ဒီဇင်ဘာ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာ၌ ယမန်နေ့က ကျင်းပသော ၂၇၅၄ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ နှင့် ၂ဝနှစ်ပြည့် (DKBA)နေ့အခမ်းအနားတွင် ချီတက်အလေးပြုကြသည့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (ဒီ ကေဘီအေ) စစ်ကြောင်းများက ကော်သူးလေတပ်မတော်(KAF) ရင်ဘတ်တံဆိပ်ကို စတင် အသုံးပြုလိုက်ပြီဖြစ်သည်။...
DKBA ပြုလုပ်သည့် အမျိုးသားနှစ်သစ်ကူးနှင့် အဖွဲ့တည်ထောင်ခြင်း နှစ် ၂ဝပြည့်သို့ အဖွဲ့ပေါင်းစုံ တက်ရောက်ခဲ့
ဒီဇင်ဘာ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဆုံဆည်းမြိုင်ကျေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်(DKBA) ဋ္ဌာနချုပ်တွင် ဒီဇင်ဘာလ ၂၁ရက်နေ့က ကျင်းပခဲ့သော ၂၇၅၄နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့နှင့် DKBA ဖွဲ့စည်းခြင်းနှစ် ၂ဝပြည့် အခမ်းအ နားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အခြားအဖွဲ့အစည်း ၁ဝဖွဲ့ကျော်အပါအဝင် ပရိဿတ်...
အလူးလေးကျေးရွာတွင် မြို့နယ်အဆင့် ကရင်နှစ်သစ်ကူးနေ့ကို ၁ဝနှစ်ကြာမှ ပြန်ကျင်းပနိုင်
ဒီဇင်ဘာ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ စောသောကြာ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အဆင့် ၁ဝနှစ်ကြာ မကျင်းပနိုင်ခဲ့သည့် ကရင်နှစ်သစ်ကူးနေ့ ပွဲတော်ကို ယခု ကရင်သက္ကရာဇ် ၂၇၅၄ခုနှစ်သစ်အတွက် ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် အလူးလေးကျေးရွာ၌ ပြန်လည်ကျင်းပနိုင်ခဲ့ကြောင်း ၎င်းနှစ် သစ်ကူး ကျင်းပရေးကော်မတီ၏ တွဲဖက် အတွင်းရေးမှူး စောမြင့်သန်းက ကေအိုင်စီသို့...
တွေ့ဆုံမေးမြန်းခြင်း
"နယ်ပယ်စုံမှာ အမျိုးသမီးတိုင်း ခေါင်းဆောင်လုပ်နိုင်တယ်ဆိုတဲ့ စိတ်ထားဖို့လိုသလို အမျိုးသမီးတွေအနေနဲ့လည်း ကြိုးစားကြပါလို့"
ပထမဆုံး ကရင်အမျိုးသမီးလေယာဉ်မှူး နော်ခူးခူဖောအား ကရင်သတင်းဌာန(ကေအိုင်စီ)က ဆက်သွယ်မေးမြန်းခြင်းဖြစ်သည်။
မေး။ ။ နော်ခူးခူဖောအနေနဲ့ လေယာဉ်မယ်အဖြစ် မဟုတ်ဘဲ ဒီလိုလေယာဉ်မှူးအလုပ်ကို လုပ်ဖြစ်သွားရတဲ့အကြောင်းရင်းကို ရှင်းပြပေးပါလား။
ယား(ကျမ)အနေနဲ ့ ဒီလိုလေယာဉ်မှူး အလုပ်လုပ်ဖြစ်သွားတာကတော့ ခူးခူက ငယ်ငယ်ထဲက အင်ဂျင်နီယာတစ်ယောက် ဖြစ်...
ကရင်ဖြူကျေးရွာ ၁၀ဝ ကျော်စုပေါင်းကာ နှစ်သစ်ကူးပွဲတော် ပထမအကြိမ်ကျင်းပမည်
ဒီဇင်ဘာလ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်ဖြူမျိုးနွယ်စုများ နေထိုင်ရာဒေသဖြစ်သည့် ပင်လောင်း၊ ပျဉ်းမနား၊ လယ်ဝေး၊ သံတောင်မြို့နယ်တို့မှ ကျေးရွာပေါင်း ၁၀၀ကျော်ရှိ ဒေသခံများက စုပေါင်းကာ ပထမဦးဆုံးအကြိမ် ကရင်နှစ်သစ်ကူးပွဲတော်ကို ပျဉ်းမနားမြို့နယ်၊ မြလင်းရွာ၌ ဒီဇင်ဘာ ၂၁ရက်နေ့တွင် ပြုလုပ်မည်ဟု အခမ်းအနားဖြစ်မြောက်ရေး စီစဉ် နေသူ...
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ယာယီအလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ပေးနေ
ဒီဇင်ဘာ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ အလုပ်လုပ်ခွင့်ရရန် ထိုင်းအစိုးရက ပြုလုပ်ပေးနေသည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်(ပန်း ရောင်ကဒ်) ကို မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပြုလုပ်သင့်ကြောင်း Migrant Rights Promotion Working Group (MRPWG) ကွန်ရက်အဖွဲ့ဝင်နှင့် မြန်မာပြည်သားများအရေး...
ဘီအဲန်အိုင်မှ တိုင်းရင်းသားအယ်ဒီတာများ အရည်အသွေးမြှင့်တင်
ဒီဇင်ဘာ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
တိုင်းရင်းသားသတင်းဌာန အများစုဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာမြန်မာ့သတင်း(ဘီအဲန်အိုင်)မှ ဦးစီး၍ အယ်ဒီတာအဆင့်ရှိ သူနှင့် အကြီးတန်းသတင်းထောက်များအား အယ်ဒီတာစီမံခန့်ခွဲမှုသင်တန်းတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Fame ဟိုတယ်တွင် ဒီဇင်ဘာလ ၁၈ရက်မှ ၂၃ရက်နေ့အထိ ပြုလုပ်ခဲ့သည်။
ခြောက်ရက်ကြာ ပြုလုပ်မည့် ယင်းရက်တိုသင်တန်းကို တိုင်းရင်းသားသတင်းစာ၊...
ခွန်အားဖြည့်နန်းငယ်
(လကင်္ာဒီပ)
(၂၀၊ ဒီဇင်ဘာ ၂၀၁၄)
ညီမလေးနန်းငယ်.....
ဟီရိုရှီးမား၊ နာဂါဆာကီကောင်းကင်ယံမှာ
မှိုတိမ်လွှာကြီး ဖြစ်တည်ခဲ့တဲ့နေ့တစ်ခု
အနုမြူဆိုတဲ့ဗုံး လူညွန့်တုံးခဲ့တယ် သူတို့ဘဝ
တစ်ကနေပြန်စကြရတဲ့ ဂျပန်တွေ
နာတာရှည်ရောဂါဆိုးထဲ
တုံးလုံးလှဲ အပျင်းမထူကြ
ဟန်မပြ မာန်ဟုန်ကြွ
အာရှရဲ့ နဂါးကြီးတစ်ကောင်ဖြစ်အောင် ကြိုးစားနိုင်ခဲ့တယ်။
ညီမလေးနန်းငယ်.....
ရဲရင့်တယ် ပြတ်သားတယ် တကယ်စွန့်စားရဲကြ
အချိန်တိုင်း အချိန်တိုင်း ဇွဲလှိုင်းနဲ့ မဆုတ်မနစ်လှော်ခတ်
ရပ်မနေ တွေးမနေ ငေးမနေ
အချိန်တွေကို တန်ဖိုးထားလေးစား
ကုစားခဲ့ကြတယ် နောင်တ သင်ခန်းစာ
သူတို့ဟာ...ဂျပန်တွေဟာ
ကမ္ဘာမှာ နံပါတ်တစ် သူရဲကောင်းတွေ...
အင်အားစုအားလုံး တညီတညွတ်တည်း ဆောင်ရွက်မှဖြစ်တော့မည်
မောင်ကျော်စွာ
(၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ ၂ဝရက်)
မကြာမီ ၂၀၁၄ ခုနှစ် ကုန်ဆုံး၍ ၂၀၁၅ သို့ ကူးပြောင်းသွားတော့မည်ဖြစ်သော်လည်း မြန်မာ့နိုင်ငံရေးသည် ထူးထူးခြားခြား ပြောင်းလဲသွားမည့် အရိပ်အရောင်ကိုပင် မမြင်ရသေးပါ။ မြန်မာ့နိုင်ငံရေး မည်သု့ိပြောင်းလဲရမည်နည်း။
စစ်အုပ်စုက ၁၉၆၂ခုနှစ်မှ စတင်၍ ယနေ့အချိန်အထိ ပုံသဏ္ဍာန်မျိုးစုံဖြင့် နိုင်ငံရေး၊...
ဖားအံပညာရေးဖောင်းဒေးရှင်းမှ စာပေဟောပြောပွဲကျင်းပပြုလုပ်
ဒီဇင်ဘာ ၁၉ရက်၊ ၂၀၁၄ခုနှစ်၊ နန်းချောင်ဖော့
ကရင်ပြည်နယ်ပြည်နယ်အခြေစိုက် လူမှုရေးအဖွဲ့တစ်ခုဖြစ်သည့် ဖားအံပညာရေးဖောင်းဒေးရှင်းက ၎င်းတို့ ဖောင်ဒေးရှင်း၏ အသိပညာဖြန့်ဝေမှု ရည်ရွယ်ချက်ဖြင့် ကာတွန်းဆရာ ဆရာအော်ပီကျယ်နှင့် ကဗျာဆရာ ခင်အောင်အေးတို့ကို ဖိတ်ကြားကာ ဒီဇင်ဘာ ၁၇ရက်နေ့ညက ဖားအံမြို့၊ ကန်သာဦးခန်းမတွင် စာပေဟော ပြောပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့သည်။
ယင်းစာပေဟောပြောပွဲတွင် ဆရာအော်ပီကျယ်က “မြန်မာမနိုင်သေးဘူး”...












