Home သတင်း လက်နက်၊ ‌မော်‌တော်ယာဉ်များ သိမ်းဆည်းမှုကိစ္စ ဗိုလ်ချုပ်ကြီး‌စောလားပွယ် ညှိနှိုင်း‌ဖြေရှင်းဖွယ်ရှိ

လက်နက်၊ ‌မော်‌တော်ယာဉ်များ သိမ်းဆည်းမှုကိစ္စ ဗိုလ်ချုပ်ကြီး‌စောလားပွယ် ညှိနှိုင်း‌ဖြေရှင်းဖွယ်ရှိ

1769

ဇူလိုင် ၁၆ရက်၊ ၂၀၁၅ခုနှစ်။ (‌ကေအိုင်စီ)

အစိုးရတပ်မ‌တော်နှင့် နယ်ခြား‌စောင့်တပ်(BGF)များက ‌ကော့ကရိတ်မြို့နယ်၊ ‌ကောင်းမှု‌ကျေးရွာဝန်းကျင်ရှိ ဗိုလ်မှူးချုပ်‌စော‌ကျော် သက်နှင့် ဗိုလ်မှူးကြီး‌စောဆန်း‌အောင်တို့ ဦးစီး‌သော ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)ထံမှ လက်နက်နှင့် ‌မော် ‌တော်ယာဉ်များ ဖမ်းဆီးရမိသည့်ကိစ္စကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောလားပွယ်ကိုယ်တိုင် ညှိနှိုင်း‌ဆွေး‌နွေး ‌ဖြေရှင်းသွားဖွယ်ရှိ သည်ဟု DKBA ဘက်က ‌ပြောသည်။

လက်ရှိ ရန်ကုန်မြို့၌ ‌ဆေးကုသမှုခံယူ‌နေသည့် ဗိုလ်ချုပ်ကြီး‌စောလားပွယ်သည် ဇူလိုင်လ ၁၉ရက်‌နေ့တွင် ရန်ကုန်မှ မြဝတီမြို့သို့ ပြန်လည်‌ရောက်ရှိမည်ဖြစ်ပြီး ထိုအချိန်ကျမှသာ ယင်းကိစ္စကို ညှိနှိုင်း‌ဆွေး‌နွေးသွားဖွယ်ရှိ‌ကြောင်း မြဝတီဆက်ဆံ‌ရေးရုံး တာဝန် ခံ ဗိုလ်ကြီး‌စောစိုးမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အဘိုး‌ရောက်မှပဲ လိုအပ်တဲ့ အချက်အလက်‌တွေ ယူပြီး‌တော့ ‌ဆောင်ရွက်ရမှာ‌ပေါ့။ ညှိနှိုင်းမယ့်အ‌ခြေအ‌နေ‌ပေါ့‌နော်။ အခုအ‌ခြေအ‌နေကို ဝိုင်းထိန်းပြီး‌တော့ အဘိုးပြန်လာမှပဲ ရှင်းလင်းချက်တစ်ခုချမယ်လို့ ယူဆတယ်‌လေ״ဟု ‌ပြောသည်။ လက်ရှိ ဖြစ်ပွား‌နေသည့် ပြဿနာကို ဆက်လက် မကြီးထွား‌စေ‌ရေးနှင့် ပစ်ခတ်မှုများ ဆက်လက် မဖြစ်ပွား‌စေ‌ရေးကို ထိန်းသိမ်း‌ဆောင် ရွက်ထားရန် ဗိုလ်ချုပ်ကြီး‌စောလားပွယ်က ညွှန်ကြားထားသည်ဟုလည်း ဗိုလ်ကြီး‌စောစိုးမြင့်က ‌ပြောသည်။

အစိုးရပိုင် မြဝတီသတင်းဋ္ဌာနက ကလိုထူး‌ဘော ကရင်အစည်းအရုံး(KKO)အဖွဲ့မှ ‌စော‌ကျော်သက်နှင့် ‌စောဆန်း‌အောင်တို့ ဦးစီး အဖွဲ့ဝင်များ ခို‌အောင်းရာ ‌ကော့ကရိတ်မြို့နယ်၊ ‌ကောင်းမှု‌ကျေးရွာဝန်းကျင် ‌တောင်ကုန်းများတွင် အစိုးရတပ်မ‌တော်နှင့် BGF တပ် ဖွဲ့ဝင်တို့က ဝင်‌ရောက်ရှင်းလင်းရာတွင် လက်နက်မျိုးစုံနှင့် ‌မော်‌တော်ယာဉ်များကို သိမ်းဆည်းရမိသည်ဟု ဇူလိုင်လ ၁၅ရက်‌နေ့ က သတင်း‌ဖော်ပြခဲ့သည်။
kko motorcar
၎င်းအပြင် အစိုးရတပ်မ‌တော်နှင့် နယ်ခြား‌စောင့်တပ်များသည် ဗိုလ်မှူးချုပ်‌စော‌ကျော်သက်နှင့် ဗိုလ်မှူးကြီးဆန်း‌အောင်တို့ ဦးစီး ‌သော ဒီ‌ကေဘီ‌အေအဖွဲ့ဝင်များ ခို‌အောင်း‌နေနိုင်သည့်‌နေရာများကို နယ်‌မြေရှင်းလင်းမှုများ ဆက်လက် လုပ်‌ဆောင်လျှက်ရှိသည် ဟုလည်း အစိုးရပိုင်သတင်းဋ္ဌာနက ဆိုသည်။

အမည်မ‌ဖော်လိုသူ ‌ကော့ကရိတ်မြို့ခံတစ်ဦးက “‌ကော့ကရိတ်ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်‌ရေးမှူး‌တွေက ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်က ‌ကောင်းမှုမှာရှိတဲ့ ဗိုလ်‌ကျော်သက်ရဲ့ အိမ်‌တွေကို သွားပြီး ချိတ်ပိတ်လိုက်တယ်လို့ သိရတယ်။ ‌နောက်ပြီး ခလရ(၉၇)တပ်ဝင်းထဲ ကလည်း တစ်‌နေ့ကို လက်နက်ကြီး ၁ဝလုံး၊ ၁၅လုံး‌လောက် ပစ်ထုတ်‌နေတာ ကြား‌နေရတယ်”ဟု ဆိုသည်။

အစိုးရ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ‌ကျော်သက်နှင့် ‌စောဆန်း‌အောင်တို့အဖွဲ့မှ အဖွဲ့ဝင် ၂ဦး အလင်းဝင်‌ရောက်ခဲ့ပြီး ဇူလိုင်လ ၂ရက်မှ ၁၅ရက်‌နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ၎င်းအဖွဲ့ထံမှ အ‌လောင်း ၄‌လောင်းနှင့် ၇ဦး အရှင်ဖမ်းမိကာ လက်နက် မျိုးစုံ (၃၉)လက်၊ ကျည်မျိုးစုံ၊ ဗုံးသီးမျိုးစုံ၊ မိုင်းမျိုးစုံ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအပြင် ‌မော်‌တော်ယာဉ် ၁ဝစီးတို့ကိုလည်း သိမ်းဆည်းရမိသည်ဟု ‌ဖော်ပြထားသည်။