Home သတင်း ‌ကော်သူး‌လေသစ်‌တောဌာန ဝန်ထမ်းအင်အားနည်း၍ လုပ်ငန်း‌ဆောင်ရွက်မှု ခက်ခဲ‌နေ

‌ကော်သူး‌လေသစ်‌တောဌာန ဝန်ထမ်းအင်အားနည်း၍ လုပ်ငန်း‌ဆောင်ရွက်မှု ခက်ခဲ‌နေ

2158

ဇူလိုင် ၁၅ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ လက်‌အောက်ခံဌာနတစ်ခုဖြစ်‌သော ‌ကော်သူး‌လေသစ်‌တောဋ္ဌာနတွင် ဝန်ထမ်းဦး‌ရေ နည်းပါးမှု‌ကြောင့် လုပ်ငန်းလုပ်‌ဆောင်မှုအပိုင်းတွင် အခက်အခဲများရှိ‌နေသည့်အတွက် သစ်‌တောဝန်ထမ်းဦး‌ရေကို တိုးမြှင့်‌ခေါ်ယူ သွားရန်ရှိ‌ကြောင်း ‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာနတာဝန်ခံ ပဒိုမန်းဘထွန်းက ‌ပြောသည်။

အဖွဲ့အစည်း၏ ဗဟိုသစ်‌တောဌာန အပါအဝင် ခရိုင်(၇)ခုတွင် သစ်‌တောဝန်ထမ်းဦး‌ရေ (၂၀၀)ဝန်းကျင်ခန့်သာရှိ‌သေးပြီး ယင်းကဲ့ သို့‌သော လုပ်ငန်းလိုအပ်ချက်‌ကြောင့် ဝန်ထမ်းများကို တိုးမြှင့်ခန့်အပ်သွားရမည့်အပြင် သစ်‌တောထိန်းသိမ်း‌ရေး၊ ပြုစုပျိုှး‌ထောင် ‌ရေး၊ ပညာ‌ပေး‌ရေး၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာများတွင် အခက်အခဲကြုံ‌တွေ့‌နေရပြီး ဝန်ထမ်းအ‌ရေအတွက်သာမက အရည်အချင်း ပိုင်းဆိုင်ရာတွင်လည်း လိုအပ်ချက်များစွာ ရှိ‌နေ‌သေး‌ကြောင်း ၎င်းက ယခုလို ‌ပြောသည်။

ပဒိုမန်းဘထွန်းက “ကျ‌နော်တို့အ‌နေနဲ့က‌တော့ ခရိုင်တစ်ခုကို သစ်‌တောဝန်ထမ်း အနည်းဆုံး (၁၀၀)‌လောက် မှန်းထားတယ်။ ဝန်ထမ်းလိုအပ်ချက်က‌တော့ အရင်က‌ရော၊ အခု‌ရော ကြိုးစား‌ပေမယ့် တစ်ခါမှ မပြည့်မှီဘူး။ အဲဒီလို မပြည့်မှီတာ‌တွေ‌ကြောင့် ဌာနအတွက် အခက်ခဲအများကြီးရှိ‌နေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် ဇူလိုင်လ ၁၃ရက်မှ ၁၄ရက်‌နေ့အထိ ပြုလုပ်‌သော ဒုတိယအကြိမ်‌မြောက် အဆိုပါဗဟို သစ်‌တောဋ္ဌာန၏ အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ယင်းကိစ္စများကို ထည့်သွင်း‌ဆွေး‌နွေးခဲ့ကြသည့်အပြင် ‌လေးနှစ်တစ်ကြိမ် ပြင်ဆင်ချ မှတ်ထား‌သော ‌ကေအဲန်ယူ သစ်‌တောဌာန၏ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ရယူထား‌သော အချက်အလက်များကို ကရင်လူမှုအဖွဲ့အစည်းများနှင့်အတူ ခရိုင်၊ မြို့နယ်အသီးသီးမှ သစ်‌တောဋ္ဌာန ကိုယ်စားလှယ်များက ပြန်လည်သုံးသပ်‌ဆွေး‌နွေးခဲ့ ကြသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပါဝင်တက်‌ရောက်သူ ကရင်ကယ်ဆယ်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးရုံး-KORD ဒါရိုက်တာ ‌စောထူးခလိက “အခု ကရင် လက်နက်ကိုင်အဖွဲ့‌တွေ များလာတဲ့အ‌ပေါ်မှာ ‌ကေအဲန်ယူက နယ်‌မြေအ‌နေအထားအရ ထိထိ‌ရောက်‌ရောက် မလုပ်နိုင်တာ ပါမယ်။ ‌နောက်ပြီး လူထုအ‌နေနဲ့ စိတ်ဝင်စားမှု သိပ်မရှိတဲ့အ‌ပေါ်မှာလည်း မူတည်မယ်ထင်ပါတယ်”ဟု ‌ပြောသည်။

ထို့အတွက်‌ကြောင့် သစ်‌တောနှင့်ပတ်သက်သည့် အသိပညာ‌ပေးမှုများ၊ သင်တန်းများကို ‌ကျေးရွာများအထိပါ သွား‌ရောက်ပြု လုပ်‌ပေးခြင်းဖြင့် လူထုတစ်ရပ်လုံးနှင့် လူငယ်များပါ ပိုမို စိတ်ဝင်စားမှုရှိလာပြီး အချိန်ယူကာ စည်းရုံး‌ခေါ်ယူသွားသင့်‌ကြောင်းလည်း သူက အကြံပြု‌ပြောဆိုသည်။

‌ကော်သူး‌လေသစ်‌တောဋ္ဌာနအ‌နေဖြင့် ‌ဒေသခံလူထု၏ အသက်‌မွေးဝမ်း‌ကြောင်းလုပ်ငန်းများကို ထိန်းသိမ်းကာကွယ်‌ရေး၊ သစ် ‌တောသယံဇာတ၊ ဇီဝမျိုးစုံ ထိန်းသိမ်းကာကွယ်‌စောင့်‌ရှောက်‌ရေးအပြင် ကရင်လူမျိုးများ၏ သစ်‌တောထိန်းသိမ်းခြင်းဆိုင်ရာ ဓ‌လေ့ထုံးထမ်းများ ပြန်လည်ဖွံ့ဖြိုးကာ ‌ရေရှည်ဖွံ့ဖြိုးသည့်လုပ်ငန်းများ လုပ်‌ဆောင်ရန်၊ လူထုပူး‌ပေါင်းပါဝင်မှုကို အား‌ပေးသွားရန်၊ သစ်‌တောထိန်းသိမ်းခြင်းဆိုင်ရာ အသိအမြင် မြင့်မားလာရန်၊ ‌ဂေဟစနစ်ထိန်းသိမ်းသွားရန်၊ သစ်‌တောဝန်ထမ်းများ၏ အရည်အ ချင်းပိုင်းဆိုင်ရာ မြှင့်တင်‌ပေးမှု မူဝါဒများကို ချမှတ်လုပ်‌ဆောင်လျှက်ရှိသည်ဟု သိရသည်။