(လကင်္ာဒီပ)
အကျိုးနည်း အမျိုးကွဲ မလိုချင်ဘူး
တပ်ဦးကွဲ မလိုချင်ဘူး
ပလူးလာ ပလူးလာ ပလူးလာ(ဟှယ့်ထါင်)
ပန်းတိုင် မပျောက်စေနဲ့ ဖိုးမူ
တာဝန်ယူမှု တာဝန်သိမှု
တို့ပြုရမယ့် ဓလေ့စဉ်လာ
ဘာသာတွေနဲ့ ရောထွေးမထားနဲ့နော်။
ဒီချိန်ခါ ရာသီမလေ
သပြေသီးမှည့်တွေခူး
သပြေဖူးခက် ရွက်နုချိုးရင်း
ရေခင်းဖေါင်ဖေါင် လေပြေဆောင်ရာ
ဆောင်လာဓလေ့ နောင်မမေ့ရေး
ချည်ဖြူထွေးရစ် တို့ချစ်ခဲ့တယ်
ဖိုးမူရယ် မိုးမိုး၊ ဖိုးခွား၊ ပါးပါးရယ်
တကယ် ကရင့်လက္ခဏာ ထိန်းသိမ်းလာခဲ့တယ်။
ဆိုးရွား ဘဝမုန်တိုင်းကြား
ကွဲကွာသွားကြ မိသားစုတွေ
သဲချောင်းမြေ မှည့်ခြွေ ဝဋ်ဆိုး
နိုးထလာခဲ့ပါတော့ကွယ်
ကြယ်ကြွေညတိုင်း ဆုတောင်းမိတယ်
ချည်ဖြူငယ်ဖွဲ့ ချည်ငင်လှည့်စေ
ပြန်ခဲ့လေ ဖိုးမူတို့ရေ။
ဟေး……..ဖိုးမူ ဖိုးခွား
ဘယ်ဆီများ ရောက်နေကြတုန်း
စုရုံးရွှင်ပြုံးဖွယ်ရာ
ပျော်ရွှင်စွာ ပြန်ဆုံကြရေး
အဝေးတနေရာ
ရောက်ရာအရပ်က လှည့်ပြန်ခဲ့အုံးနော်
မျှော်နေသူဆွေရင်းတွေ
အပြုံးဝေလို့ ဆီးကြိုနေကြပြီကွယ်။
လိမ်ညာလှည့်ဖြားခံရခြင်း
နင်းခြေသပ်လျှို ထိုးခွဲခံရခြင်း
အိမ်ကြက်ချင်း ခွပ်ခိုင်းခံရခြင်း
သွေးချင်းနှော ဝါးမြိုခံရခြင်း
ရှင်းလင်း လယ်မြေ သိမ်းဆည်းခံရခြင်း
ကင်းရှင်းကြပါစေကွယ်
ဘယ်ဘဝ ဘယ်ဝဋ်ကြွေးပါပါ
ညီညာဖျဖျ ကောင်းတူဆိုးဖက်
လက်တွဲကာ ခါးဆီးခံ တွန်းလှန်ကြကွယ်။
ညီအကိုရင်းတွေနော်
မခေါ်ချင်ရ မတော်ချင်မရဘူး
တစ်ဦးကိုတစ်ဦး ဖေးမထူထ
ယိုင်းပင်းကြပါလေကွယ်
လောကလယ် စိုးမရရာ
နိုင်ရာစား ကြီးနိုင်ငယ်ညှင်း
အချင်း တိရိစ္ဆာန်ဝါဒ
ပြုမူကြသူတွေကြား
အင်း…ပါးပါးမှာထားတာတွေ မမေ့ကြနဲ့နော်။
ဇူလိုင် ၁၉၊ ၂၀၁၅။