Home သတင်း တိုက်ပွဲဖြစ်နယ်‌မြေအတွင်း သိမ်းဆည်းမိသည့် မူးယစ်‌ဆေးဝါး ၅သိန်း‌ကျော် လက်သည်မ‌ပေါ်‌သေး

တိုက်ပွဲဖြစ်နယ်‌မြေအတွင်း သိမ်းဆည်းမိသည့် မူးယစ်‌ဆေးဝါး ၅သိန်း‌ကျော် လက်သည်မ‌ပေါ်‌သေး

1564

ဇူလိုင် ၂၃ရက်၊ ၂၀၁၅ခုနှစ်။ (‌ကေအိုင်စီ)

‌ကော့ကရိတ်မြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားရာနယ်‌မြေ၌ ဇူလိုင်လ ၂ဝရက်နှင့် ၂၁ရက်‌နေ့များတွင် အစိုးရတပ်ဖွဲ့နှင့်နယ်ခြား‌စောင့်တပ်-BGF တို့က ‌တွေ့ရှိသိမ်းဆည်းရမိခဲ့သည့် ‌မြေမြှုပ်ထား‌သော ပိုင်ရှင်မဲ့ စိတ်ကြွ‌ဆေးပြား‌ရေ အလုံး ၅သိန်း ၄‌သောင်း ၈‌ထောင်မှာ မည်သူမည်ဝါ၏ ပစ္စည်းဖြစ်‌ကြောင်းကို ယခုအချိန်ထိ အတည်မပြုနိုင်‌သေး‌ကြောင်း သိရသည်။

ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူ၏ ကိုယ်‌ရေးအရာရှိ ဗိုလ်မှူးနိုင်‌မောင်‌ဇော်က “အခုချိန်မှာ ဘယ်သူ့ဥစ္စာပါလို့ ထုတ်ပြန်ဖို့က ‌စော‌သေးပါတယ်။ ဒါ‌ပေမယ့် ဒီလက်နက်ကို်င်‌တွေ‌နေတဲ့ ‌နေရာထဲမှာ ဘယ်လိုပုံစံ နဲ့ ရှိ‌နေတာလဲကို သက်ဆိုင်ရာ ကျ‌နော်တို့ အကြီးအကဲ‌တွေက သုံးသပ်‌နေပါတယ်။ ဆိုလိုရင်းက ဘယ်လို‌ရောက်လာတာလဲ။ ဘယ်သူနဲ့ သက်ဆိုင်တာလဲ။ မကြာခင် အမှန်‌တော့ ‌ပေါ်မှာပါ။״ဟု ‌ပြောသည်။

အစိုးရတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့တို့သည် နယ်‌မြေရှင်းလင်းမှုများ လုပ်‌ဆောင်‌နေစဉ် ‌ကော့ကရိတ်မြို့နယ်၊ ‌ကောင်းမှု‌ကျေးရွာအ‌ရှေ့ ဘက်၊ ‌ခေ‌ဘောကြိုး‌တောင်ကုန်း‌ပေါ်၌ ‌မြေမြှုပ်ထားသည့် ပလပ်စတစ်ပုံး (၈)လုံးမှ စိတ်ကြွ‌ဆေးပြား ၅၄၈၀၀ဝပြားနှင့် ‌ဆေးပြား ထုတ်လုပ်စက် အစိတ်အပိုင်းအချို့ကို ‌တွေ့ရှိသိမ်းဆည်းရမိခဲ့‌ကြောင်း BGF က ‌ပြောသည်။

ထို့အပြင် သိမ်းဆည်းရမိသည့် ပိုင်ရှင်မဲ့ မူးယစ်‌ဆေးဝါးနှင့် စိတ်ကြွ‌ဆေးပြားထုတ်လုပ် စက်ပစ္စည်းများကို စစ်ဆင်‌ရေး ကွပ်ကဲမှု ဋ္ဌာနချုပ်(စကခ-၁၂)ရုံးရှိ အ‌ရှေ့‌တောင်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်‌မောင်ဝင်းထံသို့ အပ်နှံထားလိုက်‌ကြောင်း ဗိုလ်မှူး နိုင်‌မောင်‌ဇော်က ‌ပြောသည်။
20150722_121311_resized
‌ကောင်းမှု‌ကျေးရွာမှာ ဒီ‌ကေဘီ‌အေ အ‌ခြေစိုက်‌နေရာတခုဖြစ်ရာ အဆိုပါစိတ်ကြွ‌ဆေးများမှာ ဒီ‌ကေဘီ‌အေအဖွဲ့၏ ပစ္စည်းဖြစ် ‌ကြောင်း လူမှုကွန်ရက်မီဒီယာများတွင် မှတ်ချက်‌ပေးကာ ‌ရေးသား‌နေကြ‌သော်လည်း မိမိတို့အဖွဲ့အ‌နေဖြင့် သိရှိထားခြင်း မရှိ ‌ကြောင်း ဒီ‌ကေဘီ‌အေ မြဝတီဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်ကြီး‌စောစိုးမြင့်က ယခုလို ‌ပြောသည်။

“သူတို့ သိမ်းဆည်းရမိတာက သူတို့ လုပ်ရမယ့်ကိစ္စပဲ‌ပေါ့။ ကျ‌နော်တို့ဋ္ဌာနချုပ်က‌တော့ ဘာမှသိရှိခြင်း မရှိဘူးဆိုတာက ဒါသူတို့ (အစိုးရ)လည်း သိ‌စေချင်တယ်‌လေ။ မူးယစ်‌ဆေးဝါးနဲ့ပတ်သက်ပြီး ကျ‌နော်တို့အဖိုး(‌စောလားပွယ်)က‌နေပြီး‌တော့ ပြတ်ပြတ်သား သား ထုတ်ပြန်ချက်‌တွေ ထုတ်ပြန်ထားတာရှိပါတယ်״ဟု ဗိုလ်ကြီး‌စောစိုးမြင့်က ‌ပြောသည်။

ဒီ‌ကေဘီ‌အေ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး‌စောလားပွယ်သည် ၎င်းတို့တပ်ဖွဲ့ဝင်များအ‌နေဖြင့် မူးယစ်‌ဆေးဝါးသုံးစွဲခြင်း၊ သယ် ‌ဆောင်ခြင်း၊ ‌ရောင်းဝယ်‌ဖောက်ကားခြင်း ပြုလုပ်မှုများ ‌တွေ့ရှိပါက ပြင်းထန်းစွာ အ‌ရေးယူမည်ဟု ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ဇူလိုင် လ ၁ဝရက်‌နေ့က အမိန့်ညွှန်ကြားစာ ထုတ်ပြန်ထားခဲ့ဖူးသည်။