KIC News
ကရင်နိုင်ငံရေးပါတီ ၃ ခု မဟာမိတ်ဖွဲ့ကြမည်
နိုဝင်ဘာ ၁၁ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကရင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီနှစ်ခု ဖြစ်သည့် ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(KSDDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)နှင့် ရန်ကုန်အခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)တို့က ယခု နိုဝင်ဘာလအတွင်း တွေ့ဆုံဆွေးနွေးပြီး မဟာမိတ်ဖွဲ့ကြ မည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ် ဖားအံမြို့ရှိ KSDDP...
ဖလုံ-စဝေါ်ပါတီ မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်မည်
နိုဝင်ဘာ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ စောညွန့်သောင်း
ကရင်ပြည်နယ်အခြေစိုက် ကရင်ပါတီတစ်ခုဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)သည် ၂၀၁ဝ ရွေးကောက်ပွဲက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့သည့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
ပေါင်မြို့နယ်တွင် ကရင်အမျိုးသားများ အများစုနေထိုင်ကြသည့် ဒေသဖြစ်သည့်အပြင် ဒေသခံများသည် PSDP အား ထောက်ခံအားပေးနေသည့်အတွက်...
မရှိမဖြစ်သော အခြေခံလိုအပ်ချက် ၂ ရပ်
(မောင်ကျော်စွာ)
(၂၀၁၄ခုနှစ်၊ နိုဝင်ဘာ ၉ရက်)
ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ သွေးစည်းညီညွတ်ရေး စတဲ့ နိုင်ငံရေးပြဿနာတွေကို တန်းတူမှုလည်းရှိ၊ ဒီမိုကရေစီ လည်းရှိတဲ့ အခြေခံပေါ်မှာ အပြန်အလှန် အပေးအယူရှိရှိ ဆွေးနွေးညှိနှိုင်းအဖြေရှာကြမယ်ဆိုရင် အများလက်ခံနိုင်တဲ့ အဖြေတစ် ရပ် ရရှိနိုင်ပါတယ်။
အဖြေကောင်း၊ ရလဒ်ကောင်းလိုချင်ရင် ၂ဖက် (သို့မဟုတ်)...
စပါးရိတ်ချိန် မိုးရွာသွန်းမှုကြောင့် ထန်းတပင်မြို့နယ်တွင် လယ်သမားများ အခက်ကြုံ
နိုဝင်ဘာ ၈ရက်၊ ၂၀၁၄ ခုနှစ်။ နန်းချောင်ဖော့
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၌ ယခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း စပါးရိတ်ချိန်တွင် မိုးရွာသွန်း မှုကြောင့် စပါးများ ရေစိုကာ စပါးရိတ်ရန် အခက်ကြုံနေရသည်ဟု ဒေသခံလယ်သမားများထံမှ သိရှိရသည်။
“ကျနော်တို့ဆီမှာ မိုးဆက်တိုက်ရွာတာ ၃ရက်ရှိသွားပြီး။ စပါးက မိုးရွာလို့ ရိတ်လို့မရဘူး။ ကောက်လှိုင်းတွေ...
မိုးရွာမည်ကို စိုးရိမ်သဖြင့် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ဇွဲကပင်ခန်းမတွင် ကျင်းပ
နိုဝင်ဘာ ၈ရက်၊ ၂၀၁၄ခုနှစ်၊ နန်းချောင်ဖော့
ကရင်ပြည်နယ်အစိုးရမှ ဦးစီး၍ နိုဝင်ဘာ ၇ရက်နေ့၌ ကျရောက်သည့် (၅၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားတွင် မိုးရွာမည်ကို စိုးရိမ်သဖြင့် ယခင်နှစ်များကဲ့သို့ ဖားအံမြို့၊ သီရိကွင်းအတွင်း မပြုလုပ်တော့ဘဲ ဇွဲကပင်ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။
ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု အနည်းငယ် ရှိသည့်အပေါ် ဇွဲကပင်ခန်းမသို့ ပြောင်းရွှေ့ကျင်းပခဲ့ခြင်း...
ကရင်ပန်းချီဆရာများ စုပေါင်း၍ ၅၉နှစ်မြောက် ကရင်ပြည်နယ်နေ့တွင် ပန်းချီပြပွဲ ကျင်းပ
နိုဝင်ဘာ ၇ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ကရင်ပန်းချီဆရာများ စုပေါင်း၍ ယခုနှစ် နိုဝင်ဘာ ၇ရက်နေ့၌ ကျရောက်သော ၅၉နှစ်မြောက် ကရင်ပြည်နယ်နေ့တွင် ကရင်ဒိုင်ယာရီ အမည်ရှိ ပန်းချီပြပွဲတစ်ရပ်ကို ဖားအံမြို့၊ ဇွဲကပင်ခန်းမအနီးရှိ Veranda ကရင်ကွန်မြူနတီကဖီးဆိုင်တွင် ကျင်းပခဲ့သည်။
မြန်မာနိုင်ငံရှိ အနယ်နယ် အရပ်ရပ်မှ ကရင်ပန်းချီဆရာပေါင်း ၄၁ ဦး...
ဖက်ဒရယ်ပြည်ထောင်စုဖြစ်မှ ပြည်တွင်းငြိမ်းချမ်းရေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆို
နိုဝင်ဘာ ၆ရက်၊ ၂၀၁၄ ခုနှစ်။ စောထွန်းလင်း
ဖက်ဒရယ်ပြည်ထောင်စုဖြစ်မှ ပြည်တွင်းငြိမ်းချမ်းရေးရမည်ဖြစ်ကာ တိုင်းရင်းသားအားလုံး လက်ခံနိုင်မည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်းတွင်၊ ရန်ကုန် တိုင်း ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်းလမ်းမပေါ်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်...
လူထုများ တောင်းဆိုချက်အရ KNU မြေယာဖြေရှင်းရေးကော်မတီဖွဲ့စည်း
နိုဝင်ဘာ ၅ရက်၊၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပေါ်နေသော မြေယာပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကေအဲန်ယူမှ မြေယာဖြေရှင်းရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက် သည်။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့ ကေအဲန်ယူ ဖားအံခရိုင် လေးဝါး စခန်းတွင် အောက်တိုဘာလ ၂၃ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပသော တတိယအကြိမ်မြောက် ကေအဲန်ယူ...
၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ရေးရာဝန်ကြီး ၅ နေရာ အဓိကထား ဝင်ပြိုင်မည်ဟု KPP ပြောဆို
နိုဝင်ဘာ ၄ရက်၊ ၂၀၁၄ ခုနှစ်။ စောထွန်းလင်း
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီ(KPP) အနေဖြင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ၅ နေရာကို အဓိကထား ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒုတိယဥက္ကဌ စောစေးဝါးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “၂၀၁၅ ရွေးကောက်ပွဲမှာ ...
ကရင်ပြည်နယ်နေ့ပွဲတော် ဒုံးယိမ်းအကပြိုင်ပွဲတွင် ဖားအံမြို့ကိုယ်စားပြု မြိုမဒုံးယိမ်းအဖွဲ့ မပါဝင်နိုင်
နိုဝင်ဘာ ၄ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အစိုးရမှ ဦးစီးပြီး ဖားအံမြို့ရှိ သီရိကွင်းအတွင်း လာမည့် နိုဝင်ဘာ ၇ရက်နေ့၌ ကျင်းပမည့် ၅၉ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော် ဒုံးယိမ်းအက ပြိုင်ပွဲတွင် ဖားအံမြို့ကိုယ်စားပြု မြို့မဒုံးယိမ်းအဖွဲ့ ပါဝင်ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း သိရသည်။
ဖားအံမြို့၌ နှစ်စဉ်နှစ်တိုင်းကျင်းပလျှက်ရှိသော ပြည်နယ်နေ့ပွဲတော်တွင် မြို့မဒုံးယိမ်းအဖွဲ့သည်...














