Home သတင်း NCA လက်မှတ်ထိုးမည့်အ‌ပေါ် ပြန်သုံးသပ်‌ပေးရန် KNO တိုက်တွန်း

NCA လက်မှတ်ထိုးမည့်အ‌ပေါ် ပြန်သုံးသပ်‌ပေးရန် KNO တိုက်တွန်း

1765

ဩဂုတ် ၂၁ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)ကို လက်မှတ်ထိုးမည်ဟု ‌ပြောဆိုထားသည့် ကရင်လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ ၃ ဖွဲ့နှင့် သျှမ်းပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ (RCSS)တို ့အ‌နေဖြင့် ယင်းအ‌ပေါ် ပြန်လည် သုံးသပ်‌ပေးရန် ကချင်အမျိုးသားအ စည်းအရုံး (KNO)က ဩဂုတ်လ ၂ဝရက်‌နေ့တွင် တိုက်တွန်း ‌ပြောဆိုလိုက်သည်။

အဆိုပါ အဖွဲ့ ၄ ဖွဲ့သာ NCA ကိုလက်မှတ်ထိုးမည့်အ‌ပေါ် ညီ‌နောင်တိုင်းရင်းသား အဖွဲ့အစည်းများ အချင်းချင်း နားလည်မှုအမြင် လွဲမှားခြင်း မဖြစ်‌စေလို၍ ‌မေတ္တာရပ်ခံသည့်အ‌နေဖြင့် သ‌ဘောထားထုတ်ပြန် တိုက်တွန်းရခြင်းဖြစ်သည်ဟု KNO ဥက္ကဌ ဒူဝါ ‌ဘောမ်ဝမ်လ‌ရော်က ‌ကေအိုင်စီသို ့‌ပြောသည်။

“ကျ‌နော်တို့ တိုင်းရင်းသား အဖွဲ့အစည်း‌တွေအားလုံး လိုင်ဇာနဲ ့‌လော်ခီးလာမှာ ညှိုညှိုနှိုင်းနှိုင်း လုပ်သွားမယ် ဆိုတဲ့ သ‌ဘောတူညီ ချက် ရှိပါတယ်။ ‌ဆွေး‌နွေးလည်း အတူတူ လက်မှတ်ထိုးရင်လည်း အတူတူ‌ပေါ့၊ တ‌ယောက်တစ်‌ပေါက် မဖြစ်‌စေချင်တဲ့ သ‌ဘော နဲ့ပဲ ကျ‌နော်တို့‌မေတ္တရပ်ခံခြင်းဖြစ်ပါတယ် ” ဟု ဒူဝါ‌ဘောမ်ဝမ်လ‌ရော်က ဩဂုတ်လ ၂ဝရက်‌နေ့တွင် ‌ပြောသည်။

လက်ရှိ NCA တွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်‌ထောင်စုစနစ် တည်‌ဆောက်ရန် ‌သေချာသည့် အာမ ခံချက် မ‌တွေ့ရ‌သေးသလို အစိုးရက အပြည့်အဝ အာမခံချက်‌ပေးရန် လိုအပ်‌ကြောင်း KNO ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။ ထို့အပြင် NCA စာချုပ်တွင် လက်မှတ်‌ရေးထိုးမည်ဟု သ‌ဘောထား ထုတ်ပြန်ထားသည့် အဖွဲ့များသာမက NCA နှင့်ပတ်သက်ပြီး ကချင်ပြည်သူများ၏ သ‌ဘောထားအတိုင်းသာ ဆုံးဖြတ်‌ပေးရန် KIO/KIA ထံ KNOက ပန်ကြားထားသည်။

အလားတူ NCA ကို ကရင်လက်နက်ကိုင်အဖွဲ့များ လက်မှတ်ထိုးမည့်အ‌ပေါ် နိုင်ငံတကာကရင်အမျိုးသားအစည်းအရုံး IKO က ကရင်အမျိုးသားအစည်းအရုံး (KNU) ထံအိတ်ဖွင့်‌ပေး စာတစ်‌စောင်ကို မကြာမှီ ရက်ပိုင်းအတွင်း ‌ပေးပို့သွားမည်ဟုလည်း IKO ‌ပြော‌ရေးဆိုခွင့်ရှိသူ မန်း‌အော်လန်းဒိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံအ‌ခြေစိုက် KNO ကို ၁၉၉၉ခုနှစ်၊ ဇန်နဝါရီလ ၉ရက်‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၎င်းတို့က ကရင်ပြည်နယ်၌ ဇူလိုင်လ အတွင်းက တိုက်ပွဲများ ပြန်လည်ဖြစ်ပွား‌နေစဉ် ကရင်အမျိုးသားအချင်းချင်း စည်းလုံးညီညွတ်ကြရန် ဇူလိုင်လ ၂၈ ရက်‌နေ့စွဲဖြင့် ‌မေတ္တာရပ်ခံစာ တစ်‌စောင် ထုတ်ပြန်တိုက်တွန်း ခဲ့ဘူးသည်။