Home ကဗျာ အိပ်မ‌ပျော်‌သောညများ

အိပ်မ‌ပျော်‌သောညများ

4314

(လကင်္ာဒီပ)

အနှစ်(၆၀)‌ကျော် ‌တော်လှန်‌ရေး
မပြီး‌သေးဘူးဆိုတဲ့ ခရီးလမ်း‌ကြောင်းမှာ
အာဏာရှင်ကို ချစ်စိတ်မွှန်
စိတ်နယ်လွန်ယုံကြည်‌နေကြသူများ
အသားမနာကျင်
‌သွေးစဉ်တစ်စက်မကျဘဲ
တကတည်း ငြိမ်းချမ်း‌ရေးယူ‌ပေးမတဲ့
ဒီနည်းနဲ့ ဖြတ်လမ်းလိုက် အ‌ချောင်ဝင်လူး
‌ကျေးဇူးရှင်ကြီး‌တွေပမာ
အာဇာနည်တစ်ဖြစ်လည်း လိုချင်‌နေကြသူ‌တွေရှိတယ်။

ရန်သူဆီ ဒူး‌ထောက်ပြီး
အပြီးအပိုင် စွန့်လွှတ်‌တော့မယ်ဆိုတဲ့စကား
တစ်မျိုးသားလုံးကိုထိုး‌ကျွေး
လက်မ‌နှေး ကပ်‌ဘေးကတစ်‌မှောင့်
‌နောက် အနာဂတ်မျိုးဆက်အ‌ရေး
‌ဆွေး‌နွေး လက်‌သွေး
လမ်း‌ပေး တွဲ‌ခေါ်ရမယ့်အ‌ရေး
‌တွေးလို့ဖြင့် အိပ်မ‌ပျော်သူ‌တွေရှိတယ်။

တ‌တောက်‌တောက်ခတ်ရင်း
ကြိတ်မှိတ်ရင်း မြိုသိပ်ရင်း
တင်းထားတဲ့ ပါး‌ကြော‌တွေ တင်းကျ‌ပြေ‌လျော့ရင်း
သက်ပြင်း သက်ပြင်း သက်ပြင်း
ဝမ်းနည်းခြင်း စကားလုံးတချို့
ပြို့ကာ ပြို့ကာ ခုန်ထွက်ကျလာရင်း
တဗျင်းဗျင်း‌ခေါင်းကုပ်ကာ ယမ်းကာတုန်ယင်
ဒီရင်ဘတ်ကြီး‌တွေနဲ့ သူတို့မျိုးချစ်ခဲ့ကြ
စိတ်ကျ‌ရောဂါ စွဲကပ်သွားကြသူ‌တွေရှိ‌နေတယ်။

‌ရှေ့‌နောက်မညီတဲ့စကား
မပြတ်သား မရှင်းမလင်းနဲ့ လှည့်ပတ်မှု
ဂရုမပြုမိကြတဲ့ အ‌ရေးသုံးပါး
မျက်လှည့်များနဲ့ ကပြမယ်ဆိုတဲ့‌မောင်
နှစ်‌ထောင့်ရှစ် အ‌ခြေခံဥပ‌ဒေက
အတုအပ ငြိမ်းချမ်း‌ရေး
လာခဲ့‌ပေးမယ်‌လေ မကြာပါဘူး
အရူး‌ဆေး‌လေး ‌နောက်တစ်လုံး ထပ်ထိုး‌ပေးအုံးမယ်တဲ့။

ဒီတခါလည်း လာပြန်ပြီ
ညီညီညာညာ စုစုပုံပုံ
“လုံခြုံ‌ရေးဆိုင်ရာ‌ပေါင်းစည်းမှု”
ဥပ‌ဒေ‌ဘောင်နဲ့အညီ ပိုင်ဆိုင်
လက်နက်ကိုင်ခွင့်‌ပေးမတဲ့
အားလုံးရဲ့သွားရာလမ်းများ
နယ်ခြား‌စောင့်တပ်သာသာ
ဘာအမျိုးသားအ‌ရေး
ဘာ‌ကြွေး‌ကြော်သံ မူ‌လေးချက်‌တွေ
‌ထွေ‌ထွေထူးထူး ‌ပြောခွင့်မဲ့‌တော့မယ့်
လာမယ့် မနက်ဖြန်အတွက်
ရှက်ရွံ့‌နေမိတယ် သွား‌လေသူ မျိုးချစ်အာဇာနည်တို့‌ရေ။

ဩဂုတ် ၂၃၊ ၂၀၁၅။