Home သတင်း အာရှလမ်းသစ်ဖွင့်ပွဲနှင့်ချစ်ကြည်‌ရေးတံတားအုတ်မြစ်ချပွဲ မီဒီယာသမားများ သတင်းယူခွင့် ကန့်သတ်ခံရ

အာရှလမ်းသစ်ဖွင့်ပွဲနှင့်ချစ်ကြည်‌ရေးတံတားအုတ်မြစ်ချပွဲ မီဒီယာသမားများ သတင်းယူခွင့် ကန့်သတ်ခံရ

1441

ဩဂုတ် ၊ ၂၂ ၊ ၂၀၁၅( ‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်- မြဝတီတွင် နှစ်နိုင်ငံပူးတွဲကျင်းပမည့် အာရှလမ်းသစ်ဖွင့်ပွဲနှင့် ဒုတိယ‌မြောက်ချစ်ကြည်‌ရေးတံတား အုတ်မြစ်ချမဂင်္လာအခမ်းအနားသို့ တက်‌ရောက်သတင်းယူမည့် နှစ်နိုင်ငံသတင်း‌ထောက်များ ကန့်သတ်ခံရသည်ဟု ထိုင်းဝါရင့်သတင်း‌ထောက်တဦးက ‌ပြောဆိုလိုက်သည်။

ထိုင်းသတင်း‌ထောက် နိုင်စုံချိုင်းက “ဒီ‌နေ့မဲ‌ဆောက်မှာ နှစ်နိုင်ငံပူးတွဲကျင်းပမဲ့ အာရှလမ်းသစ်နဲ့တံတားအုတ်မြစ်ချပွဲဆိုင်ရာ
အပြီးသတ်ညှိနှိုင်းအစည်းအ‌ဝေးကျင်းပတယ်။ နှစ်နိုင်ငံတာဝန်ရှိသူ‌တွေတက်‌ရောက်ကြပြီး ဖွင့်ပွဲတက်‌ရောက်သတင်းယူဘို့ တဖက်ကိုသတင်း‌ထောက် ၁၅ ဦးစီဘဲ သတင်းယူခွင့်ပြုတယ် အမှန်ကဒီလိုနိုင်ငံ‌တော်အဆင့်ပွဲမျိုးက သတင်း‌ထောက်‌တွေကို ဒီထက်မက ခွင့်ပြုသင့်တယ်” ဟု ‌ပြောဆိုသည်။

ရန်ကုန်အ‌ခြေစိုက် မြန်မာသတင်း‌ထောက် ကိုရန်နိုင်က နိုင်ငံ‌တော်အဆင့်ပြုလုပ်သည့် ဖွင့်ပွဲတရပ်ကို သတင်း‌ထောက် ၁၅ ဦးသာ တက်‌ရောက်သတင်းယူခွင့်ပြုခြင်းသည် လုံးဝမဖြစ်သင့်သည့်ကိစ္စဟု သုံးသပ်‌ပြောဆိုသည်။

ဖွင့်ပွဲသတင်းယူမည့် မြဝတီအ‌ခြေစိုက် မြန်မာသတင်း‌ထောက်များကိုလည်း နက်ကတိုင်အပါအဝင် တူညီဝတ်စုံများ ဝတ်ဆင်ကြရန် ခရိုင်အာဏာပိုင်များက အသိ‌ပေးထားသည်ဟု မြဝတီအ‌ခြေစိုက် သတင်း‌ထောက်တဦးက ‌ကေအိုင်စီကို‌ပြောသည်။

နှစ်နိုင်ငံပူးတွဲကျင်းပမည့်ဖွင့်ပွဲကို ယခုလ ၃ဝ ရက်‌နေ့တွင် ကျင်းပမည်ဖြစ်ပြီး ထိုင်းနှင့်မြန်မာဘက်မှ နိုင်ငံ‌တော်အဆင့် ‌ခေါင်း‌ဆောင်များအပါအဝင် ဖွင့်ပွဲတက်‌ရောက်မည့် နှစ်နိုင်ငံကိုယ်စားလှယ်အ‌ရေအတွက်မှာ တနိုင်ငံလျှင် ၁၅ဝ ဦးစီ သတ်မှတ်ထားသည်။

တံတားအုတ်မြင့်ချပွဲကို နယ်ခြား‌သောင်ရင်းမြစ် ထိုင်းဘက်ခြမ်းနှင့်မြန်မာဘက်ခြမ်းတွင် ကျင်းပကြမည်ဖြစ်ပြီး အာရှလမ်းသစ်ဖွင့်ပွဲကို မြဝတီမြို့နယ်သကင်္န်းညီ‌နောင်တွင် ကျင်းပမည်ဖြစ်ကာ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ တက်‌ရောက်ကြမည်ဖြစ်သည်။

နှစ်နိုင်ငံနယ်စပ်တွင် ဖွင့်ပွဲကျင်းပမည့်‌နေ့၌ နှစ်ဖက်နယ်စပ်လုံခြုံ‌ရေးဆိုင်ရာကိစ္စများကို သက်ဆိုင်ရာနိုင်ငံများက တာဝန်ယူရမည်ဟု ယ‌နေ့အစည်းအ‌ဝေးကို တက်‌ရောက်ခဲ့သည့် မြဝတီခရိုင်မှအရာရှိတဦးက ‌ပြောဆိုသည်။