KIC News
ကရင်စာပေ တီထွင်ဆန်းသစ်မှုများ ထပ်မံ မပြုလုပ်ရန် ကေအဲန်ယူ တိုက်တွန်း
မတ်လ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ကရင်လူမျိုးများသည် မျိုးနွယ်စုကွဲပြားမှုများပြားပြီး စာပေတီထွင်မှု ပေါများနေသည့်အပေါ် ကရင်စာပေများကို ထပ်မံ၍ တီထွင်မှု မပြုလုပ်ရန် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု ကျောင်းတော်လေးရွာတွင် ကျင်းပသည့် ကျောင်း ချိန်ပြင်ပ ကရင်စာပေသင်ကြားခြင်း သင်တန်းဆင်းပွဲတွင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ပြောဆိုခဲ့သည်။
ကျောင်းတော်လေးရွာတွင် မတ်လ ၂၅ရက်နေ့က...
ကေအဲန်ယူနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ငြိမ်းချမ်းရေးကိစ္စ အမြင်ချင်းဖလှယ်
မတ်လ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌနှင့် ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည့်နှင့် မတ်လ ၂၉ရက်နေ့ညနေပိုင်းက တွေ့ဆုံကာ လက်ရှိငြိမ်းချမ်းရေးဆိုင်ရာ အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်ပြီး အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း...
အယ်ဒီတာ့အာဘော်
တိုင်းရင်းသား စာပေဖွံ့ဖြိုးရေးအတွက် ကိုယ်စွမ်းကိုယ်စဖြင့်သာ ဖော်ဆောင်ရမည်
ပြီးခဲ့သည့် မတ်လတွင် ဒီမိုကရေစီ ပညာရေးအတွက် တောင်းဆိုနေသည့် ကျောင်းသားများ၏ ပင်မ သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရခြင်း၊ ကိုးကန့်တပ်များနှင့် တိုက်ပွဲတွင် မြန်မာစစ်တပ်က ပစ်လိုက်သည့် ဗုံးဆံများ တရုတ်ပြည်ထဲ ကျရောက်ခဲ့မှု၊ တိုင်း ရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အစိုးရတို့ ၇ကြိမ်မြောက်...
သံလွင်မြစ်ပေါ် ရေကာတာတည်ဆောက်ခြင်းကို မြန်မာပညာရှင်အများစု လက်မခံ
မတ်လ၂၉ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ရက်(Burma Rivers Network) ကြီးမှူး၍ မတ်လ၂၇ရက်နေ့က ကရင် ပြည်နယ်၊ ဖားအံမြို့ ကန်သာဦးခမ်းမ၌ ပြုလုပ်သည့် သံလွင်မြစ်အလှနှင့် စကားဝိုင်းတွင် မြန်မာနိုင်ငံရှိ ပညာရှင်အများစုက သံလွင်မြစ်ပေါ်ရှိ ရေကာ တာများ တည်ဆောက်ခြင်းကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ကြသည်။
စကားဝိုင်း၌ ပါဝင်သည့် သတ္တုတွင်းပညာရှင်...
KWEG မှ ရွေးကောက်ပွဲ မဲပေးခြင်းဆိုင်ရာ အသိပညာနှင့် လူထုအသိပညာပေး ဆရာဖြစ်သင်တန်းပို့ချ
မတ်လ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ နန်းချောင်ဖော့
ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(KWEG)မှ ဦးဆောင်၍ ရွေးကောက်ပွဲမဲပေးခြင်းဆိုင်ရာ အသိပညာ (Voter Education)နှင့် လူထုအသိပညာပေး(Civil Education) ဆရာဖြစ်သင်တန်းကို မတ်လ ၂၄ရက်မှ ၂၆ ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ KWEG ရုံးတွင် ပထမဆုံးအကြိမ် သင်ကြားပို့ချခဲ့သည်။
ဖားအံမြို့အခြေစိုက် KWEG ရုံးတာဝန်ခံ...
ကရင်ပညာရေး မူကြမ်းတစ်ခုထွက်ပေါ်ရေးအတွက် KED သုံးကြိမ်မြောက် နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေး
မတ်လ ၂၇ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်းရှောင်း
ကရင့်ပညာရေးဌာန KED မှ ဦးစီး၍ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေတစ်နေရာ၌ မတ်လ ၂၄ရက်မှ ၂၆ရက်နေ့အထိ ပြုလုပ်သော သုံးကြိမ်မြောက် ကရင်ပညာရေး နှီးနှောဖလှယ်ပွဲ(Karen Education Seminar)တွင် ကရင်ပညာရေး မူကြမ်းတစ်ခု...
လူငယ်များ စကားလက်ဆောင်
နော်ဖောဝေမူး ၂၂နှစ်
ဝါသနာ ကျောင်းဆရာမ
ပညာ ဗစ်တိုးရီးယားတက္ကသိုလ်(ကနေဒါနိုင်ငံ)၊ ဒုတိယနှစ်
ကျမမွေးရပ်ဇာတိက ကြာအင်းဆိပ်ကြီးမြို့နယ် ထီးဝါးကလိကျေးရွာမှာဖြစ်တယ်။ မွေးချင်းမောင်နှမ ၆ယောက် ရှိပြီး ကျမက ၅ယောက်မြောက်သမီးဖြစ်တယ်။ မိဘတွေကတော့ မိသားစုနဲ့ နို့ဖိုးဒုက္ခသည်စခန်းမှာပဲ နေပါတယ်။ နိုင်ငံရေးမတည်ငြိမ်တဲ့အတွက် ရွာမှာတိုက်ပွဲတွေ မကြာခဏဖြစ်တော့ နေလို့မရတော့လို့ စစ်ပြေး ဒုက္ခသည်အဖြစ်နဲ့ နို့ဖိုးဒုက္ခသည်စခန်းကို ၁၉၉၇ မှာ ရောက်လာပါတယ်။ ကျမ...
ဖားအံစက်မှုဇုန်အတွင်း ဆေးသုတ်အမှတ်အသားပြုသည့်အပေါ် ဒေသခံများ ကန့်ကွက်စာပို့
မတ်လ ၂၆ရက်၊ ၂၀၁၅ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ် ဖားအံစက်မှုဇုန်အတွင်း ကျော်လွှမ်းမိုးကုမ္ပဏီမှ သစ်ပင်များကို KLM စားလုံးများဖြင့် ဆေးသုတ် အမှတ်အသား ပြုလုပ်သည့်အတွက် ၎င်းဒေသရှိ ဖားအံမြို့နယ် ဒေသခံများစုပေါင်း၍ ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်အမတ် နန်းစေအွာသို့ မတ်လ ၂၅ ရက်နေ့တွင် ကန့်ကွက်စာတစ်စောင်ပေးပို့ခဲ့သည်။
အမှတ်အသားပြုထားသည့် အဆိုပါ မြေများတွင်...
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများကို နိုင်ငံတကာအကူအညီပေးရေအဖွဲ့များ ဆက်ကူညီမည်
မတ်လ ၂၆ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများအား အကူအညီများ ဆက်လက်ပေးသွားမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မတ်လ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့သည့် ဒုက္ခသည်များအရေး ဆိုင်ရာ ပုံမှန်အစည်းအဝေးတွင် နိုင်ငံတကာအကူအညီပေးရေအဖွဲ့အစည်းများက ပြောဆိုခဲ့ကြသည်ဟု သိရသည်။
ကရင်ဒုက္ခသည်ကော်မတီ(KRC)နှင့်...
တိုင်းရင်းသားမီဒီယာ ရေရှည် တည်တံ့ခိုင်မြဲရေးအပေါ် ကေအိုင်စီ၏ အမြင်သဘောထား မေးမြန်းချက်များ
၂၀၁၅ခုနှစ်၊ မတ် ၁၈ရက်မှ ၂ဝရက်နေ့ထိ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI)က ဦးဆောင်ကာ တတိယအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ပြုလုပ်ခဲ့သည်။ အခမ်းအနား တက်ရောက်လာသူများ၏ တိုင်းရင်းမီဒီယာ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် မြန်မာမီဒီယာသမားများ၏ အမြင်သဘောထားများကို စုစည်းဖော်ပြလိုက်ပါသည်။
ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ၊...













