Home တွေ့ဆုံမေးမြန်းခန်း အင်တာဗျူးကဏ္ဍ

အင်တာဗျူးကဏ္ဍ

1632

မြဝတီမြို့နယ် မဲဆန္ဒနယ်၏ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းအဖြစ် ဝင်‌ရောက်အ‌ရွေးခံမည့်
ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (KSDDP)မှ ဦးစိုး‌နောင်နှင့် ‌ကေအိုင်စီ ‌တွေ့ဆုံ‌မေးမြန်းခြင်း

—————————————————————————-
“အုပ်ချုပ်‌ရေးမှူးရဲ့ သ‌ဘောသဘာဝနဲ့ ‌ဒေသရဲ့ လိုအပ်ချက်ကို ကျ‌နော် ‌တော်‌တော်များများ သိ‌နေပြီ။
ဘယ်‌နေရာမှာ ဘာလိုတယ်ဆိုတာ‌တွေကို လုပ်‌ပေးနိုင်ဖို့က လုပ်‌ပေးနိုင်ခွင့်ရှိတဲ့‌နေရာကို ‌ရောက်ဖို့က အဓိက”

‌ကေအိုင်စီ – လာမယ့်‌ရွေး‌ကောက်ပွဲမှာ ဘာ‌ကြောင့် ဝင်‌ရောက်အ‌ရွေးခံရတာလဲ။
ဦးစိုး‌နောင် – ကျ‌နော် မဲဝင်‌ရွေးရခြင်းအ‌ကြောင်းရင်းက လူထု‌တွေကိုယ်စား ၊ လူထု‌တွေမှာ ကြုံ‌တွေ့‌နေရတဲ့ အခက်အခဲ‌တွေ ‌နောက်‌တော့ ကျ‌နော်တို့‌ဒေသမှာ ဖွံ့ဖြိုးမှု၊ တိုးတက်မှု ‌နောက်ကျ‌နေတာ‌တွေကို ကျ‌နော်က နိုင်တဲ့အခွင့်အ‌ရေးကို အမိအရ လုပ် ကိုင်‌ပေးချင်လို့ ဝင်‌ရောက် အ‌ရွေးခံရခြင်းဖြစ်ပါတယ်။ အမှန်‌တော့ ကျ‌နော်က လူထုကိုယ်စား၊ လူထုကိုယ်စားလှယ်ပါ။ လူထုအ တွက် လိုအပ်ချက်‌တွေကို သူတို့ရဲ့ကိုယ်စား ကျ‌နော်တို့ က ‌တောင်းဆိုရမယ်။ သူတို့တင်ပြမယ့်ကိစ္စ‌တွေကို ‌ဆောင်ရွက်‌ပေးနိုင် ခွင့်ရှိတဲ့အထဲက အကုန်လုပ်‌ပေးမှာပါ။

‌ကေအိုင်စီ – အကယ်၍ လွှတ်‌တော်ထဲ‌ရောက်ရင် မြဝတီခရိုင်ရဲ့ လိုအပ်ချက်‌တွေကို ဘယ်လိုတင်ပြလုပ်‌ဆောင်‌ပေးမလဲ။
ဦးစိုး‌နောင် – ကျ‌နော် အုပ်ချုပ်‌ရေးမှူးလည်း လုပ်ခဲ့တယ်‌ပေါ့‌နော်။ အမှန်အတိုင်း‌ပြောရင် အုပ်ချုပ်‌ရေးမှူးရဲ့ သ‌ဘောသဘာဝနဲ့ ‌ဒေသရဲ့ လိုအပ်ချက်ကို ကျ‌နော် ‌တော်‌တော်များများ သိ‌နေပြီ။ ဘယ်‌နေရာမှာ ဘာလိုတယ်ဆိုတာ‌တွေကို လုပ်‌ပေးနိုင်ဖို့က လုပ်‌ပေးနိုင်ခွင့်ရှိတဲ့‌နေရာကို ‌ရောက်ဖို့က အဓိက။ အဲဒါမှ ကျ‌နော်က လိုအပ်ချက်‌တွေကို ‌တောမှာဆိုရင် ‌တောရဲ့ အကြီးအကဲ ‌တွေ ရှိတယ်။ မြို့မှာဆိုလည်း မြို့ရဲ့အကြီးအကဲ။ ‌နောက် ဒီကိစ္စ‌တွေကို ထဲထဲဝင်ဝင်လုပ်ချင်တဲ့ ‌အောက်‌ခြေအဖွဲ့ငယ်‌လေး‌တွေ လည်း ရှိတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့အားလုံး တိုင်ပင်ရမယ်။ သူတို့နဲ့ ညှိနှိုင်းရမယ်။ အားလုံး အမြင်ချင်းဖလှယ်‌ပေါင်းစပ်ပြီး ကျ‌နော်က‌တော့ ရပိုင်ခွင့်ကို‌တော့ ရသမျှ ‌တောင်းမှာပါ။

‌ကေအိုင်စီ – ဦးစိုး‌နောင်က အခု ကရင်နိုင်ငံ‌ရေးပါတီတစ်ခုရဲ့ ကိုယ်စားလှယ်တစ်‌ယောက်အ‌နေနဲ့ ဝင်‌ရောက်အ‌ရွေးခံတာဖြစ်တဲ့ အတွက် အနိုင်ရခဲ့ရင် အထူးသဖြင့် ကရင်လူထုအတွက် ဘာ‌တွေ အဓိကထားလုပ်‌ပေးမယ်လို့ ‌မျှော်လင့်ထားသလဲ။
ဦးစိုး‌နောင် – ကျ‌နော်တို့‌ဒေသ ပြည်တွင်းစစ်ဟာ နှစ်‌ပေါင်း ၆၀‌ကျော်‌ကျော်‌လောက် ဖြစ်ခဲ့တယ်။ ကျ‌နော်တို့ တိုင်းရင်းသားလူမျိုး ‌တွေ အများကြီး ဒုက္ခ‌ရောက်ခဲ့တယ်။ အထူးသဖြင့် ကရင်တိုင်းရင်းသား‌တွေ‌ပေါ့။ အဲဒီစစ်ဒဏ်‌ကြောင့် ‌တော်‌တော်များများက နိုင်ငံသားမှတ်ပုံတင်လည်း မရှိဘူး။ ယိုးဒယားနိုင်ငံမှာလည်း မဟုတ်ဘူး။ ဗမာပြည်ကလည်း မဟုတ်ဘဲ ကျ‌နော်တို့က ကြား ‌ရောက်‌နေတယ်။ တကယ်လို့ ဒီငြိမ်းချမ်း‌ရေး‌တွေအားလုံး အဆင်‌ပြေရင် မှတ်ပုံတင်ရရှိ‌ရေးကိစ္စ၊ အိမ်‌ထောင်စု စာရင်းရရှိ‌ရေးကိစ္စ ‌တွေကို ‌ဆောင်ရွက်‌ပေးနိုင်မလားလို့ ကရင်လူငယ် ‌တော်‌တော်များများက ကျ‌နော့်ကို ‌မေးခဲ့တယ်။ ကျ‌နော်က‌တော့ ကရင်ပါတီ ဖြစ်တဲ့အတွက် ကရင်လူမျိုး‌တွေရဲ့အ‌ရေးကို ‌ရှေ့တန်းတင်ပြီး‌တော့ ကရင်လူမျိုး‌တွေရဲ့ လိုအပ်ချက်‌တွေကို ကျ‌နော်တို့က လွှတ် ‌တော်ထဲမှာ‌တော့ တရားဝင် တင်ပြဖြစ်မှာပါ။
‌နောက်တစ်ခု ကျ‌နော်တို့နိုင်ငံမှာ ဗမာစာကို သင်ရိုးညွှန်းတမ်းအ‌နေနဲ့ ပြဋ္ဌာန်းတယ်။ ဒါ‌ပေမယ့် ကရင့်ရွာ‌တွေမှာ ဗမာဘာသာနဲ့ သင်ယူနိုင်‌ရေးမှာ အခက်အခဲအများကြီး ရှိတယ်။ ဒီ‌ရွေး‌ကောက်ပွဲမှာ ကျ‌နော် အနိုင်ရရှိခဲ့မယ်ဆိုရင် ကရင်လူမျိုး‌တွေ စာတတ်ဖို့၊ ပညာတတ်‌တွေ ‌ပေါ်ထွန်းဖို့အတွက် ဗမာစာ သင်ရိုးညွှန်းတမ်းအတိုင်း ကရင်လူမျိုး အများစု လက်ခံနိုင်တဲ့ ကရင်ဘာသာ သင်ရိုး ညွှန်းတမ်းတစ်ခုဖြစ်‌အောင် ကရင်လူမျိုး‌တွေ ပညာတတ်‌ပေါ်ထွန်း‌အောင်ကို ကျ‌နော်တို့ ညှိနှိုင်းမယ်။ ဖြစ်နိုင်‌အောင်လည်း ကျ‌နော်တို့ ကြိုးစား‌ပေးမယ်။ ကရင်ပြည်နယ်အတွင်းမှာရှိ‌နေတဲ့ ကရင်တမျိုးသားလုံးအတွက်‌ကော၊ ပြည်နယ်အတွင်းမှာ ‌နေထိုင် တဲ့ တိုင်းရင်းသားအားလုံးအတွက် ကျ‌နော် ရည်ရွယ်ပါတယ်။

‌ကေအိုင်စီ – လက်ရှိ ဦးစိုး‌နောင်က လွှတ်‌တော်ထဲမှာ မ‌ရောက်‌သေးဘူး။ လူမှု‌ရေးလုပ်ငန်း‌တွေ လုပ်‌နေပြီလို့သိရတယ်။ အကယ် ၍ လွှတ်‌တော်ထဲ‌ရောက်ရင် ဒီလုပ်ငန်း‌တွေကို ဒီထက် ‌အောင်မြင်နိုင်မယ်လို့ ‌မျှော်လင့်သလား။
ဦးစိုး‌နောင် – ကျ‌နော်က နဂိုကတည်းက ပရဟိတသမားဗျ။ ပြီး‌တော့ ကျ‌နော့်မှာလည်း ပရဟိတ ညီအစ်ကို‌တွေ အများကြီးရှိ တယ်။ အားလုံး စိတ်တူကိုယ်တူနဲ့ အများအကျိုး ဝိုင်းဝန်း‌ဆောင်ရွက်ကြတာဖြစ်တဲ့အတွက် ‌နောက်ဆိုလည်း ဒီထက်မက လူ သား‌တွေရဲ့အကျိုးကို သယ်ပိုးနိုင်မယ်။ ပိုပြီး‌တော့ ‌ပေးနိုင်မယ့် အ‌နေအထားကို ‌ရောက်မယ်လို့ ‌မျှော်မှန်းမိပါတယ်ခင်ဗျ။

‌ကေအိုင်စီ – အခု မဲဆွယ်စည်းရုံး‌ရေးကာလမှာ မဲဆွယ်စည်းရုံးမှုနဲ့ပတ်သက်ပြီး ဘာအခက်အခဲ ကြုံ‌နေရတာရှိသလဲ။
ဦးစိုး‌နောင် – ကျ‌နော်တို့မှာ များ‌သောအားဖြင့် Migrants (‌ရွှေ့‌ပြောင်း‌နေထိုင်သူ) များတယ်။ သူတို့လည်း မဲ‌ပေးချင်တယ်။ အဲဒီ ပုံစံ ၃(က)‌ပေါ့ ။ ဘယ်လိုလုပ်ကိုင်ရမလဲ သူတို့ နားမလည်ဘူး။ အဲဒီအတွက် ကျ‌နော်တို့က ရှင်းပြရတယ်။ လမ်းညွှန်ပြရတာ‌ပေါ့။ ကျ‌နော့်ဆန္ဒက‌တော့ လူတိုင်း မဲ‌ပေးနိုင်ခွင့်ရ‌အောင် ‌ဆောင်ရွက်‌ပေးချင်ပါတယ်။ နိုင်ငံရဲ့အနာဂတ်က ပြည်သူ‌တွေရဲ့ အဆုံးအ ဖြတ်နဲ့ပဲ ‌ရှေ့ဆက်ချီတက်ရင် နိုင်ငံ‌ရေးဟာ အ‌ကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျ‌နော်‌မျှော်လင့်ပါတယ်။

‌ကေအိုင်စီ – ‌ရွေး‌ကောက်ပွဲမှာ မဲထည့်မယ့် မဲဆန္ဒရှင်‌တွေကို ဘာ‌ပြောချင်လဲ။
ဦးစိုး‌နောင် – ကျ‌နော်တို့က မြို့‌ပေါ်တစ်ခုတည်း သိလို့မရဘူး။ ‌တော‌နေလူတန်းစားကလည်း ပိုများတဲ့အတွက် ‌တောမှာရှိတဲ့ တိုင်းရင်းသား‌တွေနဲ့ ကျ‌နော်တို့က အကျွမ်းတဝင် ရင်းနှီးခင်မင်မှု အ‌ရေးကြီးပါတယ်။ အမှန်အတိုင်း‌ပြောရင် မြို့မှာထက်ကို ‌ကျေးလက်‌ဒေသမှာ လိုအပ်ချက်ပိုပြီး‌တော့ များပါတယ်။ လမ်းပန်းဆက်သွယ်‌ရေး၊ လူ‌နေမှု၊ ပြီး‌တော့ မှတ်ပုံတင်ကိစ္စ‌တွေ ပြီး‌တော့ ‌မြေယာပိုင်ဆိုင်မှုကိစ္စ‌တွေ အများကြီးပါပဲ။ အဲဒါ‌တွေဟာ တကယ်တမ်း ‌တောရွာ‌တွေမှာ ဖြစ်ပျက်‌နေ၊ ကြုံ‌တွေ့‌နေရတဲ့ ကိစ္စ‌တွေဖြစ်‌တော့ တတ်နိုင်သ‌လောက် ကျ‌နော်က‌တော့ ‌ဆောင်ရွက်‌ပေးချင်ပါတယ်။ ‌ဆောင်ရွက်‌ပေးနိုင်ခွင့်ရမယ်လို့လည်း ကျ‌နော်‌မျှော်လင့်ပါတယ်။
————
ကိုယ်‌ရေးအကျဉ်း
ဦးစိုး‌နောင်
မိဘ – ဦး‌မောင်‌ရွှေ၊ ‌ဒေါ်‌သောင်း
ပညာအရည်အချင်း – (၁၀)တန်း၊ ၁၉၈ဝခုနှစ်၊ မြဝတီ။
ကိုးကွယ်ရာဘာသာ – ဗုဒ္ဓဘာသာ
‌နေရပ် – က/၉၇၊ ယုဇနလမ်း၊ အမှတ်(၁)ရပ်ကွက်၊ မြဝတီမြို့။
အလုပ်အကိုင် – (ဂျပန်ကြီး) စတိုးဆိုင်ပိုင်ရှင်၊ ဒုဥက္ကဋ္ဌ -‌ရွှေပါရမီ အခမဲ့‌ဆေး‌ပေးခန်း၊ မြဝတီမြို့။
ဇနီး – ‌နော်စန်းစန်း‌အေး (ဘဏ္ဍာ‌ရေးမှူး၊ ‌ရွှေပါရမီ အခမဲ့ ‌ဆေး‌ပေးခန်း၊ မြဝတီမြို့)
၁၉၉၅ခုနှစ်က အမှတ် (၁)ရပ်ကွက် ရာအိမ်မှူး၊ ၂၀၁၃မှ ၂၀၁၅ခုနှစ်အထိ အမှတ် (၁)ရပ်ကွက် အုပ်ချုပ်‌ရေးမှူးအပြင် ကျန်းမာ ‌ရေး၊ လူမှု‌ရေး၊ ပညာ‌ရေး ပရဟိတလုပ်ငန်းများကို ‌ဆောင်ရွက်လျှက်ရှိသည်။