KIC News
ကရင်အမျိုးသားညီလာခံအတွက် ကရင်ရေးရာကိစ္စများကို ပြည်နယ်ဒေသအလိုက် ညှိနှိုင်းဆွေးနွေး
ဧပြီ ၅ရက်၊ ၂၀၁၅ခုနှစ်။ နန်းချောင်ဖော့
ကရင်အမျိုးသားညီလာခံ ကျင်းပရန်အတွက် ကရင်ရေးရာကိစ္စများကို ပြည်နယ်ဒေသအလိုက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ် နေပြီဖြစ်ကြောင်း ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ(KUPC) ကော်မတီ ဝင်တစ်ဦးဖြစ်သည့် ဆရာတော် ဦးစန္ဒာဝရက ဧပြီလ ၄ရက်နေ့က ကေအိုင်စီသို့ မိန့်ကြားသည်။
ဆရာတော်ဦးစန္ဒာဝရက "အခုလုပ်တာက ကရင်ပြည်နယ် အခန်းကဏ္ဍအနေနဲ့ လုပ်တာဖြစ်တယ်။...
KNU အပတ်စဉ်(၈) ဗိုလ်လောင်းသင်တန်းတွင် ဗိုလ်လောင်း ၇၀ကျော် သင်တန်းပြီးစီး
ဧပြီ ၃ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)က ၎င်းတို့၏ တပ်မဟာ (၅)နယ်မြေတစ်နေရာတွင် မတ်လ ၂၇ရက်နေ့က ကျင်းပသည့် (၈)ကြိမ်မြောက် ဗိုလ်လောင်းသင်တန်းတွင် သင်တန်းသား ဗိုလ်လောင်း ၇၄ဦးကို သင်တန်းပို့ချပြီးစီးခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။
KNU တပ်မဟာ ခုနှစ်ခုမှ ဗိုလ်လောင်းများတက်ရောက်သည့် ၎င်းသင်တန်းတွင်...
ကရင်ဒေသအတွင်း မြေတိုင်းတာမှုများ တိုးမြှင့်လုပ်ဆောင်ရန် ကေအဲန်ယူ လယ်/ယာဋ္ဌာန ဆုံးဖြတ်
ဧပြီ ၂ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ကရင်ဒေသရှိ လူထုပိုင်ဆိုင်မြေ တိုင်းတာမှုလုပ်ငန်းကို တိုးမြှင့်လုပ်ဆောင်သွားရန် မတ်လ ၃ဝရက်နေ့မှ ဧပြီလ ၁ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ ပြုလုပ်သည့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဗဟိုလယ်ယာစိုက်ပျိုးရေးဌာန၏ ၉ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်ဟု ဋ္ဌာနတာဝန်ခံ ပဒိုစောဒေါ့လေးမူက ပြောသည်။
“လယ်ယာမှတ်ပုံတင်တဲ့ကိစ္စနဲ့ မြေယာတိုင်းတာမှုကို ခရိုင်ဒေသအသီးသီးမှာ...
မြဝတီမြို့နယ်အတွင်း အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုအစီအစဉ် စတင်
ဧပြီ ၁ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ နေရာအနှံ့၌ လူတန်းစားအလွှာပေါင်းစုံ စာတတ်မြောက်ရန် ရည်ရွယ်ပြီး အခြေခံ စာတတ် မြောက်ရေး လှုပ်ရှားမှု အစီအစဉ်တစ်ရပ်ကို မြဝတီမြို့၊ မြစန္ဒီပန်းခြံတွင် ယနေ့ နံနက် ၉နာရီမှ ၁ဝနာရီအထိ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြသည်။
၎င်းစာတတ်မြောက်ရေး လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားသို့ ကရင်...
နိုင်ငံရေးဆွေးနွေးပွဲကို တရားမျှတ မှန်ကန်စွာ လုပ်ဆောင်သွားရန်လိုဟု NCCT ပြောဆို
မတ်လ ၃၁ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆိုပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲကို တရားမျှတ မှန်ကန်စွာ လုပ်ဆောင်သွားရန် လိုသည်ဟု NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)တို့ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်း ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ၌ ပြုလုပ်သည့် ၇ကြိမ်မြောက်...
တရားမဝင် ဝင်ရောက်မှုဖြင့် အီရတ်နိုင်ငံသားတစ်ဦးကို မြဝတီ ရဲတပ်ဖွဲ့ ဖမ်းဆီးအရေးယူ
မတ်လ ၃၁ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
မြန်မာနိုင်ငံတွင်းသို့ နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသူ အီရတ်နိုင်ငံသားတစ်ဦးကို ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့က ယမန်နေ့ မတ်လ ၃ဝရက်နေ့၌ ဖမ်းဆီးထိန်းသိမ်းပြီး အရေးယူထားသည်ဟု ရဲတပ်ဖွဲ့မှူး၏ ပြောဆို ချက်အရ သိရသည်။
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့နေ အသက်...
တိုင်းရင်းစာပေ ကျောင်းချိန်အတွင်း သင်ကြားခွင့်ရရေး ပဲခူးတိုင်း စာယဉ်ကော်မတီများ တောင်းဆို
မတ်လ ၃၁ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
တိုင်းရင်းသားစာပေများကို ကျောင်းချိန်အတွင်း သင်ကြားခွင့်ပြုရေးအတွက် ပဲခူးတိုင်းဒေသကြီးရှိ တိုင်းရင်းသားစာပေနှင့် ယဉ် ကျေးမှုကော်မတီများက မတ်လ ၃ဝရက်နေ့က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခမ်းမ၌ ပြုလုပ်သည့် တိုင်းရင်သားစာပေနှင့် ယဉ်ကျေးမှုသင်ကြားရေး ကြီးကြပ်မှု ကော်မတီအစည်းအဝေးတွင် တောင်းဆိုခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၄-၁၅ ပညာသင်နှစ် ကရင်၊ ကယား၊...
NCA လက်မှတ်ထိုးရန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ထိပ်သီးညီလာခံ ခေါ်ယူဆုံးဖြတ်မည်
မတ်လ ၃၁ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
နိုင်ငံလုုံးဆိုင်ရာ အပစ်ရပ်စာချုပ် (NCA)ကို လက်မှတ်ထိုးရန် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ထိပ်သီး ညီလာခံတစ်ခုခေါ်ယူ ပြုလုပ်ပြီးမှသာ ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်သည်ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)ခေါင်းဆောင် နိုင်ဟံသာက ယမန်နေ့က ပြောဆိုလိုက်သည်။
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)၌ ပြုလုပ်သည့် တိုင်းရင်းသား...
အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးများနေ့ကို MKO အဖွဲ့ဝင်အမျိုးသမီး စတင်ကျင်းပ
မတ်လ ၃၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
မလေးရှားကရင်အဖွဲ့အစည်း(MKO) အဖွဲ့ဝင်အမျိုးသမီးများမှ ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးများနေ့ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မတ်လ ၂၉ရက်နေ့က ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို နိုင်ငံတကာသို့ ရောက်ရှိနေသော ကရင်အမျိုးသမီးများအတွက် အားပေးမှုတစ်ခုသာမက အမျိုးသား ရေးတွင် တဖက်တလမ်းမှ ဝိုင်းဝန်းကူညီပံ့ပိုးကြနိုင်ရန်အတွက် ရည်ရွယ်ပြီး...
ထိုင်းရောက် ပန်းရောင်ကဒ်ကိုင် အလုပ်သမားများ တနှစ်စာ သက်တမ်းတိုးရန် ဧပြီလတွင် စတင်မည်
မတ်လ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအား တနှစ်သက်တမ်းရှိ ယာယီ နေထိုင်ခွင့်နှင့် အလုပ် လုပ်ကိုင်ခွင့်လက်မှတ် ပန်းရောင်ကဒ် ကိုင်ဆောင်သူများကို ဧပြီလ ၁ရက်နေ့မှစ၍ တနှစ်သက်တမ်း စတင်တိုးပေးတော့မည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
မတ်လ ၃ရက်နေ့က ကျင်းပသည့် ထိုင်းနိုင်ငံ...














