Home သတင်း ထာဝရအပစ်ရပ်‌စေရန် ဘာသာ‌ပေါင်းစုံ ဆု‌တောင်း

ထာဝရအပစ်ရပ်‌စေရန် ဘာသာ‌ပေါင်းစုံ ဆု‌တောင်း

1508

‌အောက်တိုဘာ ၁၄ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် ကရင်လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့အစည်း ၈ဖွဲ့တို့ မြန်မာအစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲ‌ရေးသ‌ဘောတူစာချုပ် NCA လက်မှတ်‌ရေးထိုးပွဲမှတဆင့် ထာဝရ အပစ်ရပ်စဲ‌ရေးအထိ ‌အောင်မြင်မှုရရှိရန် ‌အောက်တိုဘာလ ၁၄ရက်‌နေ့က ဖားအံမြို့ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်း၌ ဘာသာ‌ပေါင်းစုံ ဆု‌တောင်းပွဲတခု ပြုလုပ်ခဲ့သည်။

KUPC က ဦးစီးပြုလုပ်သည့် အဆိုပါဆု‌တောင်းပွဲတွင် ကရင်လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတို့ NCA စာချုပ် တရားဝင်လက်မှတ် ‌ရေးထိုးပြီး‌နောက် စစ်မှန်‌သော ထာဝရ အပစ်ခတ်ရပ်စဲ‌ရေးရရှိသွားရန် လိုလားသည့်အတွက် ရလဒ်‌ကောင်းရရှိရန် တစ်ဖက်တစ် လမ်းမှ စု‌ပေါင်း ဆု‌တောင်း‌ပေးရခြင်းဖြစ်သည်ဟု ကရင်ပြည်နယ် ဘာသာ‌ပေါင်းစုံအဖွဲ့ဝင် ‌စောကိုနီက ယခုလို ‌ပြောသည်။

သူက “တခြားပြည်နယ်ထက်စာရင် ကရင်ပြည်နယ်မှာ အရင်ကတည်းက စစ်ဒဏ်ခံရတာ အများဆုံးဖြစ်တယ်။ ငြိမ်းချမ်းမှုရဖို့ နည်းလမ်းအမျိုးမျိုးလုပ်‌ပေမယ့် မ‌အောင်မြင်ခဲ့ဘူး။ အခုက နိုင်ငံတကာသက်‌သေ‌တွေနဲ့ ပါဝင်မယ့် အမှန်တကယ် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲ‌ရေးလုပ်မယ်ဆို‌တော့ ‌အောင်မြင်ပါ‌စေလို့ ဝိုင်းပြီး ဆု‌တောင်းရတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလမ်နှင့် ဟိန္ဒူဘာသာဝင်များမှ ကိုယ်စားလှယ် ၃၀ဝနီးပါး တက်‌ရောက်ခဲ့သည့် ၎င်းဘာသာ‌ပေါင်းစုံ ဆု‌တောင်းပွဲ တက်‌ရောက်လာသူ အစိုးရစစ်မှုထမ်း‌ဟောင်းတစ်ဦးဖြစ်သည့် ‌စောစိုးတင့်က “ငြိမ်းချမ်းတာကို လိုချင်တာ‌ပေါ့။ ပစ် ခတ်မှု‌တွေ‌ကြောင့် ကျ‌နော့်လို ဒုက္ခိတမျိုး အပြစ်မဲ့ပြည်သူလူထုနဲ့ စစ်သား‌တွေလည်း အများကြီးခံ‌နေရတာ အခုထိရှိ‌သေးတယ်။ ပစ်ခတ်မှုမရှိရင် လူထု‌တွေက ‌အေး‌အေးချမ်းချမ်း‌နေရတယ်။ ပစ်ခတ်တိုက်ခိုက်မှု ချုပ်ငြိမ်းသွား‌အောင် ဆု‌တောင်းပါတယ်”ဟု ဆိုသည်။

‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် ‌နေပြည်‌တော်၌ ပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲ‌ရေးစာချုပ် လက်မှတ်‌ရေးထိုးပွဲနှင့် ပတ်သက်၍ ‌နေရာ‌ဒေသအများစုမှ ကရင်ပြည်သူလူထုများကလည်း အလားတူ ‌ထောက်ခံကြိုဆိုပွဲနှင့် ဆု‌တောင်းပွဲများကို အသီးသီး ပြုလုပ်‌နေကြသည်။