Home သတင်း ကရင်ပြည်နယ် ၇မြို့နယ်အတွက် မဲဆန္ဒရှင်ပညာ‌ပေး‌ရေး ဆရာဖြစ်သင်တန်းပို့ချ

ကရင်ပြည်နယ် ၇မြို့နယ်အတွက် မဲဆန္ဒရှင်ပညာ‌ပေး‌ရေး ဆရာဖြစ်သင်တန်းပို့ချ

1258

‌အောက်တိုဘာ ၁၄ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်ရှိ မြို့နယ် ၇မြို့နယ်မှ မဲဆန္ဒရှင်များကို မဲ‌ပေးမှုဆိုင်ရာ ပြန်လည် သင်ကြားပို့ချနိုင်‌ရေးအတွက် ‌အောက်တိုဘာလ ၁၂ရက်မှ ၁၃ရက်‌နေ့အထိ ဖားအံမြို့၊ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်းတိုက်တွင် မဲဆန္ဒရှင် ပညာ‌ပေး‌ရေး ဆရာဖြစ် ရက်တို သင်တန်းကို ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်က ဦး‌ဆောင်ကာ သင်ကြားပို့ချ‌ပေးခဲ့သည်။

ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်မှ ‌စောစိန်‌ထွေးက “ဒီတက်‌ရောက်တဲ့သူ‌တွေဟာ မြို့နယ် ၇မြို့နယ်က အရပ်ဘက် လူမှုအဖွဲ့ ကိုယ်စားပြု‌တွေဖြစ်တယ်။ တချို့က‌တော့ အရင်လုပ်‌ပေးတဲ့သင်တန်း တက်ထားဖူးပြီးသားလူ‌တွေ ရှိသလို မတက်ထား တဲ့လူ‌တွေလည်းပါတယ်။ ‌နောက်ပြီး လူငယ်နဲ့အမျိုးသမီး‌တွေကို ဦးစား‌ပေးတက်ခိုင်းတာဖြစ်ပြီး အခုလိုဖွင့်လှစ်‌ပေးတာ မဲပညာ ‌ပေးတာ ပိုပြီးကျယ်ပြန့်လာ‌အောင် ရည်ရွယ်တာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါသင်တန်းသို့ ဖားအံ၊ လှှိုင်းဘွဲ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံ‌တောင်၊ ဖာပွန်နှင့် မြဝတီမြို့နယ်များမှ ကိုယ်စားပြုလူ ငယ် ၃၅ဦး တက်‌ရောက်ခဲ့ကြပြီး ၎င်းမြို့နယ်ကိုယ်စားပြုများက တစ်မြို့နယ်လျင် ‌ကျေးရွာ‌ခြောက်ရွာကို ပြန်လည် သင်ကြားပို့ချ နိုင်‌စေရန် ရည်ရွယ်ထားသည်ဟု ကရင်လူမှုကွန်ယက်က ဆက်‌ပြောသည်။

မဲပညာ‌ပေး ဆရာဖြစ်သင်တန်းတွင် ရန်ကုန်အ‌ခြေစိုက် ပွင့်လင်းမြန်မာအဖွဲ့က သင်တန်းဆရာများ ဦး‌ဆောင်ဖိတ်ထားပြီး ‌ရွေး ‌ကောက်ပွဲအ‌ကြောင်းအရာ၊ မဲ‌ပေးပုံအဆင့်ဆင့် စီစဉ်ပုံနှင့် ‌ရွေး‌ကောက်ပွဲနှင့်ပတ်သက်‌သော ပြစ်မှုပြစ်ဒဏ်နှင့် ‌ဆောင်ရန်၊ ‌ရှောင် ရန်များကို သင်ကြားပို့ချခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်ထိ ‌ကျေးရွာအ‌မြောက်အများသည် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ မဲပညာ‌ပေးဆိုင်ရာ အသိပညာ‌ပေးမှု ‌နေရာတိုင်း တွင် လက်လှမ်းမမှီနိုင်သည့်အတွက် အများစုမှာ ယခုအချိန်ထိ မဲထည့်ခြင်းနှင့် မဲ‌ပေးပုံအဆင့်ဆင့်ကို သိရှိသူနည်း‌သေးသည်ဟု သင်တန်းတက်‌ရောက်သူများက ‌ပြောဆိုသည်။

ထိုဆရာဖြစ်သင်တန်းတက်‌ရောက်သည့် ဖာပွန်မြို့နယ်မှ ‌စောစိုးမျိုးသန်းက “အမှန်တိုင်း‌ပြောရရင် ကျ‌နော်တို့ဖာပွန်မြို့နယ်မှာ ‌တော့ မဲ‌ပေးတာနဲ့ပတ်သက်ပြီး စိတ်မဝင်စားကြဘူး။ သိလည်းမသိဘူး။ မဲဆွယ်စည်းရုံးတဲ့ လူ‌တွေက‌တော့ အမျိုးမျိုးလုပ်‌ပေး မယ်‌ပြော‌တော့ သူတို့စိတ်ဝင်စားတယ်။ ဒါ‌ပေမယ့် မဲဘယ်လိုထည့်မလဲ‌တော့ မသိကြဘူး။ ကျ‌နော်က သင်တန်းတက်ပြီးပြန်ရင် ကျ‌နော် သိ‌လောက် အစွမ်းကုန် ပြန်‌ပြောပြမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်သည် အလားတူ မဲပညာ‌ပေးဆရာဖြစ်သင်တန်းကို ဖားအံမြို့တွင် ၃ကြိမ်တိုင် ကျင်းပ ဖွင့်လှစ်‌ပေးထားပြီးဖြစ်သလို မြို့နယ်တစ်ခုချင်းစီသို့လည်း မဲဆန္ဒရှင် ပညာ‌ပေးသင်တန်းများ သွား‌ရောက်ဖွင့်လှစ်‌ပေးခြင်း ရှိသည် ဟုလည်း သိရသည်။