Home သတင်း NCA တွင် တိုင်းရင်းသားများ ထပ်ပါဝင်လာ‌ရေး ညှိနှိုင်းအ‌ဖြေရှာသည့် နည်းကိုသုံးရန် KNU ဥက္ကဌ တိုက်တွန်း

NCA တွင် တိုင်းရင်းသားများ ထပ်ပါဝင်လာ‌ရေး ညှိနှိုင်းအ‌ဖြေရှာသည့် နည်းကိုသုံးရန် KNU ဥက္ကဌ တိုက်တွန်း

1509

‌အောက်တိုဘာ ၁၅ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် (NCA) တွင် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးဖွဲ့များ ထပ်မံ ပါဝင်လာ‌ရေးအတွက် အစိုးရတပ်မ‌တော်အ‌နေဖြင့် အင်အားသုံးသည့်နည်းထက် ညှိနှိုင်းအ‌ဖြေရှာသည့် နည်းကို အသုံးပြုရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးက ‌အောက်တိုုဘာ ၁၅ရက်‌နေ့တွင် တိုက်တွန်း‌ပြောဆိုလိုက်သည်။

KNU အပါအဝင် ဒီမိုက‌ရေစီ အကျိုးပြုကရင့် တပ်မ‌တော်(DKBA)၊ ကရင်ငြိမ်းချမ်း ‌ရေး‌ကောင်စီ KNU/KNLA PC၊ ရခိုင်လွတ်‌မြောက်‌ရေးပါတီ(ALP)၊ ချင်းအမျိုးသား တပ်ဦး CNF၊ သျှမ်းပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပအိုဝ်းအမျိုးသား လွတ်‌မြောက်‌ရေး အဖွဲ့ချုပ်(PNLO)နှင့် အစိုးရတို့ ‌နေပြည်‌တော်၊ MCC II ခန်းမ၌ နံနက် ၉ နာရီမှ ၁ဝ ရီခွဲထိ ပြုလုပ်သည့် NCA စာချုပ်လက်မှတ်ထိုးပွဲအခမ်းအနား၌ KNU ဥက္ကဌက ၎င်း၏ မိန့်ခွန်တွင် ထိုသို့ ထည့်သွင်း ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

“NCA ကို လက်ခံ‌သော်လည်း လက်တ‌လော ပါဝင်လက်မှတ်မ‌ရေးထိုးနိုင်‌သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာ‌ရေး ‌နောက်ဆုတ်‌ပေးရာမှာ စစ်‌ရေးတင်းမာမှု ‌လျော့ချ‌ရေးကို အ‌ထောက်အကူပြုမဲ့ ယန္တာရား ဖန်တီးထားခြင်းဟာ အ‌ရေးပါပြီး NCA မှာ အတူတကွ လက်မှတ်‌ရေးထိုးထားတဲ့ မိမိတို့ ‌ခေါင်း‌ဆောင်‌တွေအကြား ညှိနှိုင်းပြီး ဝိုင်းဝန်းနည်းလမ်းရှာ‌ဖွေကြဖို ့လိုပါတယ်”ဟု ၎င်းက ‌ပြောကြားသည်။

ထို့အပြင် နိုင်ငံ‌တော်သမ္မတ ဦးသိန်းစိန်ကလည်း ကျန်ရှိ‌နေ‌သေးသည့် အဖွဲ့များ ပါဝင်လာနိုင်ဖို ့ကြိုးစား သွားမည်ဖြစ်ကာ NCA စာချုပ်အ‌ကောင်အထည်‌ဖော်လာနိုင်သည်နှင့်အမျှ အ‌နှေးနှင့် အမြန်ဆိုသလို ကျန်ဖွဲ့များ ပြည်တွင်းငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ပါဝင်လာမည်ဖြစ်သည်ဟု အခမ်းအနားမိန် ့ခွန်းတွင်ထည့်သွင်း ‌ပြောဆိုခဲ့သည်။

“တိုက်ပွဲ‌တွေ မရှိ‌တော့တဲ့‌နောက် တည်ငြိမ်‌အေးချမ်းလာတာနဲ့အမျှ နိုင်ငံ‌တော်အစိုးရအ‌နေနဲ့ ဖွံ့ဖြိုး‌ရေး လုပ်ငန်း ‌တွေကို ပိုမို အ‌ကောင်အထည်‌ဖော်နိုင်မှာဖြစ်ပါတယ်။ ပဠိပက္ခ‌ဒေသ‌တွေမှာ နိုင်ငံ‌တော်အ‌ထောက်အကူ လူထုအကျိုးပြုတဲ့ ရင်းနှီးမြှပ်နှံမှု‌တွေ ဝင်‌ရောက်လာ‌စေဖို ့ဦးစား‌ပေးလုပ်‌ဆောင်သွားရမှာ ဖြစ်ပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ‌ပြောသည်။
IMG_4298
ယ‌နေ ့ပြုလုပ်သည့် အခမ်းအနားတွင် NCA စာချုပ်ကို အစိုးရဘက်မှာ နိုင်ငံ‌တော်သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ ၂ ဦး၊ ပြည်သူ့လွှတ်‌တော်ဥက္ကဌ နှင့် အမျိုးသားလွှတ်‌တော် ဥက္ကဌ၊ တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်နှင့် ဒုတပ်မ ‌တော်ကာကွယ်‌ရေးဦးစီးချုပ်၊ UPWC ဒုဥက္ကဌများဖြစ်သည့် ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းနှင့် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးသိန်း‌ဇော်တို့က လက်မှတ်‌ရေးထိုးခဲ့သည်။

အလားတူ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့၈ ဖွဲ့မှာ ‌ခေါင်း‌ဆောင် ၈ ဦးနှင့်အတူ စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူ ၁၆ ဦးတို့ NCA စာချုပ်တွင် ပါဝင်လက်မှတ်ထိုးခဲ့သလို နိုင်ငံ‌ရေးပါတီများ၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကုလသမဂ္ဂ၊ အီးယူ၊ ဂျပန်၊ တရုတ်၊ ထိုင်းနှင့် အိန္ဒိယ အစိုးရကိုယ်စားလှယ်များက အသိသက်‌သေအဖြစ် ပါဝင်လက်မှတ်ထိုးခဲ့သည်။

အသိသက်‌သေအဖြစ် ပါဝင်လက်မှတ်ထိုးခဲ့သူ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက်‌ကျောင်းသား ‌ခေါင်း‌ဆောင် ကိုကိုကြီးက “ဒီပွဲမှာ အသိသက်‌သေအဖြစ် လက်မှတ်‌ရေးထိုးခြင်းအားဖြင့် ဒီစာချုပ်ပါ အချက် အလက်‌တွေကို ခိုင်မာ‌အောင် ကြိုးပမ်းတဲ့‌နေရာမှာ‌ရော၊ လက်မှတ်မထိုးနိုင်‌သေးတဲ့ တိုင်းရင်းသားညီအစ်ကို ‌တွေ ပါဝင်လာဖို့ ဆက်လက်ကြိုးပမ်းတဲ့ ဖြစ်စဉ်မှာ‌ရော၊ ‌နောက် လက်မှတ်မထိုးနိုင်‌သေးတဲ့ ‌ဒေသ‌တွေမှာ တိုက်ပွဲ‌တွေ ဖိအား‌ပေးတာ‌တွေ မ‌ပေါ်‌အောင်လည်း တဖက်က ကျ‌နော်တို ့တိုက်တွန်းအကြံ‌ပေးနိုင်ဖို့ အသိသက်‌သေအ‌နေနဲ ့လက်မှတ်ထိုးတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် အစိုးရတို့သည် အစည်းအ‌ဝေး ဆက်လုပ်ပြုလုပ် သွားမည်ဖြစ်ပြီး ကျန်ရှိ‌နေသည့် အဖွဲ့များ ပါဝင်လာ‌ရေး ပထမဦးစား‌ပေး လုပ်‌ဆောင်သွားရန်ရှိသည်ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံမှ သိရသည်။