Home သတင်း မြဝတီမြို့နယ်ရှိ မဲဆန္ဒရှင်များ မဲ‌ပေးသည့်စနစ် နားလည်ရန် လိုအပ်ချက်ရှိ‌နေဆဲ

မြဝတီမြို့နယ်ရှိ မဲဆန္ဒရှင်များ မဲ‌ပေးသည့်စနစ် နားလည်ရန် လိုအပ်ချက်ရှိ‌နေဆဲ

1401

‌အောက်တိုဘာ ၁၇ရက်၊ ၂၀၁၅ခုနှစ်။ (‌ကေအိုင်စီ)

‌ရွေး‌ကောက်ပွဲ ကျင်းပရန် အချိန်အနည်းငယ်သာကျန်ရှိ‌နေ‌သေး‌သော်လည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ မဲဆန္ဒရှင်အများစုသည် မဲ‌ပေးသည့်နည်းများကို နားလည်ရန် လိုအပ်ချက်များရှိ‌နေဆဲဖြစ်သည်ဟု မြဝတီမြို့ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုရုံး၌ ပြုလုပ်သည့် မဲ‌ပေးခြင်း အသိပညာသင်တန်းတွင် သင်တန်း‌ပေး‌နေသူ (Ethnic Peace Resource Project -EPRP)မှ ‌စော‌နေသားက ‌ပြောသည်။

၎င်းက “မဲ‌ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျ‌နော်တို့ နှစ်ရက်တာ လုပ်‌ပေးပြီးပြီ။ တကယ်လက်‌တွေ့လုပ်တဲ့အခါမှာ လိုအပ်ချက်‌တွေ အများကြီးရှိတယ်။ ဥပမာ-Roll Play လုပ်တဲ့အခါမှာ မဲရုံမှူး လက်မှတ်မထိုးတာတို့၊ မဲလက်မှတ် စွန်းထင်းတာ‌တွေ၊ ‌သေချာမစစ်တာ‌တွေရှိတယ်။ မဲလက်မှတ်တံဆိပ်တုံးထုရမယ့်ဟာ‌တွေ နားမလည်ကြဘူး။ ဒါ‌ကြောင့် ရပ်‌ကျေးမှာဆို အခက်‌တွေ့နိုင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ရွေး‌ကောက်ပွဲကျင်းပရန် ကျန်ရှိသည့် အချိန်တို‌လေးအတွင်းမှာ မဲဆန္ဒရှင်များ မဲ‌ပေးမှုဆိုင်ရာ နားလည်လာရန် ဘက်လိုက်မှုကင်း‌သော အရပ်ဘက်လူမှုအဖွဲ့အစည်းများအ‌နေဖြင့် မဲ‌ပေးမှု အသိပညာ‌ပေးသင်တန်းများ များများလုပ်‌ဆောင် လိုအပ်သလို မဲဆန္ဒရှင်ကိုယ်တိုင်ကလည်း ဖြစ်စဉ်ကို သ‌ဘော‌ပေါက်ပြီး စိတ်ပါဝင်စားရန်လည်း များစွာ လိုအပ်‌ကြောင်း ‌စော‌နေသားက အကြံပြုသည်။

မြဝတီအ‌ခြေစိုက် ကရင်အမျိုးသမီး စွမ်းရည်မြင့်တင်အဖွဲ့မှ ကမကထပြုပြီး ‌အောက်တိုဘာ ၁၅မှ ၁၆ရက်‌နေ့ အထိ ပြုလုပ်‌သော မဲ‌ပေးခြင်း အသိပညာသင်တန်းသို့ ‌မေတ္တာလင်းမြိုင်၊ အင်ကြင်းမြိုင်၊ ‌ချောင်းဆုံ၊ မြဝတီအပါအဝင် ‌ကျေးရွာ ၈ရွာမှ ရပ်မိရပ်ဖိ ၂၀‌ကျော်အား သင်တန်းဆရာနှစ်ဦးက Democracy နှင့် Constitution ‌နောက်ခံသမိုင်း၊ မဲဆန္ဒရှင်များ အသိ‌ပေးပညာ‌ရေးလုပ်ငန်းနှင့် ကြိုတင်မဲ ‌ပေးမှုဆိုင်ရာတို့ကို သင်ကြားပို့ချ‌ပေးခဲ့သည်။

‌ချောင်းဆုံရွာမှ ‌စော‌ရွှေဉာဏ်ထွန်းက “ဒီသင်တန်းက ရွာက လူကြီး‌တွေကို အဓိက‌ပေးပြီး ရွာသား‌တွေကို တဆင့် ပြန်ပြီး ပြချပြရမယ့်သင်တန်းဖြစ်တယ်။ သင်တန်းမှာ ဘာ‌တွေရလိုက်သလဲဆို‌တော့ မဲ‌ပေးတဲ့ အသိပညာအပြင် ‌ရွေး‌ကောက်ပွဲ ဥပ‌ဒေနဲ့ပတ်သက်ပြီး ပိုပြီးနာလည်းလာတယ်။ ရွာသူရွာသား‌တွေကို ပြန်ပြီးချပြဖို့ ကျ‌နော်တို့မှာတာဝန်ရှိတယ်။ ရွာသား‌တွေက ‌ရွေး‌ကောက်ပွဲနဲ့ပတ်သက်ပြီး မကြုံဖူး‌တော့ စိတ်ဝင်စားကြ‌ပေမယ့် သိပ်ပြီးနားမလည်ကြဘူး။”ဟု ‌ပြောသည်။

ယခုလ ဆန်းပိုင်းမှစ၍ EPRPအဖွဲ့နှင့် မွန်၊ ကရင်ပြည်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့နှင့်ပူး‌ပေါင်းပြီး မဲ‌ပေးခြင်း အသိပညာ‌ပေးသင်တန်းကို ‌မော်လမြိုင်မြို့နှင့် ဖားအံမြို့တို့တွင် ပြည်နယ်အဆင့် ပြုလုပ်ခဲ့ပြီး‌နောက် မြဝတီမြို့တွင် မြို့နယ်အဆင့်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

ကရင်ပြည်နယ်ရှိ မြို့နယ် (၇)မြို့နယ်တွင် ၂၀၁၅‌ရွေး‌ကောက်ပွဲအတွက် မဲဆန္ဒရှင်များ မဲ‌ပေးမှုဆိုင်ရာ အသိပညာ‌ပေးသင်တန်းကို
ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများက သက်ဆိုင်ရာ မြို့နယ်၊ ‌ဒေသအလိုက် အသိပညာ‌ပေးလုပ်ငန်းများ လုပ်‌ဆောင်လျှက်ရှိသည်ဟု သိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ‌ရွေး‌ကောက်ပွဲအတွက် တသီးပုဂ္ဂလအပါအဝင် ပါတီ (၁၁)ပါတီရှိပြီး မဲရုံ‌ပေါင်း ၄၉ရုံမှ ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူ (၆၆၃၈၁)ဦးရှိသည်ဟု မြဝတီမြို့နယ်၊ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ စာရင်းအရ သိရသည်။