Home သတင်း ပါတီဝင်‌ရောက်မှုများကာ မဲ‌ပေးအ‌လေ့အထ မရှိခဲ့ခြင်း‌ကြောင့် ‌ဒေသခံများအတွက် ခက်ခဲ‌နေ

ပါတီဝင်‌ရောက်မှုများကာ မဲ‌ပေးအ‌လေ့အထ မရှိခဲ့ခြင်း‌ကြောင့် ‌ဒေသခံများအတွက် ခက်ခဲ‌နေ

1835

‌အောက်တိုဘာ ၁၄ရက်၊၂၀၁၅ခုနှစ်။ (စအိုင်စူး၊ ‌စောမြတ်ဦးသာ)

လုံခြုံ‌ရေးအ‌ကြောင်းပြချက်ဖြင့် မဲရုံအများဆုံး မဖွင့်လှစ်နိုင်သည့် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းသို့ နိုင်ငံ‌ရေးပါတီ ဝင်‌ရောက်မှု များခြင်းနှင့် ‌ဒေသခံတိုင်းရင်းသားများ၏ ဘာသာစကား အခက်အခဲ‌ကြောင့် ၎င်းပါတီများမှ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း များကို မဲ‌ပေး‌ရွေးချယ်ရန် ခက်ခဲလျှက်ရှိသည်ဟု ‌ဒေသခံအများစုက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်‌ကျေးရွာမှ ‌စောဝင်းနိုင်က “ကျ‌နော်တို့‌ဒေသမှာ မဲ‌ပေးခွင့်ရှိတဲ့သူ အများစုက စာမတတ်တဲ့သူ ‌တွေ များတယ်။ ‌နောက်ပြီး ကျ‌နော်တို့‌ဒေသမှာ ပါတီ‌ခေါင်းစဉ်‌တွေ၊ ကိုယ်စားလှယ်‌လောင်း‌တွေမှာ‌တော့ ‌ဒေသခံ‌တွေက ‌တော် ‌တော်‌လေး ဇ‌ဝေဇဝါ ဖြစ်တယ်။ မဲထည့်တဲ့ အ‌တွေ့အကြုံလည်းမရှိ‌တော့ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်‌လောင်းက ‌ကောင်း တယ်ဆိုတာမျိုး မသိတဲ့အခါကျ‌တော့ မဲ‌ပေးဖို့ကိုအခက်‌တွေ့ ကြတယ်״ဟု ယမန်‌နေ့က ‌ပြောသည်။

ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မဲရုံမဖွင့်နိုင်သည့် ‌ကျေးလက်‌ဒေသ များစွာရှိ‌နေ‌သော‌ကြောင့် မဲ‌ပေးပိုင်ခွင့်ရှိသူများမှာ နိုင်ငံသားအခွင့်အ‌ရေး ဆုံးရှုံးကာ ‌ရွေး‌ကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာသည်နှင့်အမျှ စာမတတ်သည့် ‌ဒေသခံသက်ကြီး ရွယ်အိုများအတွက် နည်းလမ်းမှန်စွာ မဲမ‌ပေးတတ်မည်ကို အရမ်းစိုးရိမ်မိ‌ကြောင်းလည်း ‌စောဝင်းနိုင်က ဆက်‌ပြောသည်။

၎င်းမြို့နယ်တွင် ၂၀၁၅‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်မည့် ကရင်ပါတီ ၄ပါတီ၊ မွန်ပါတီ ၂ပါတီ၊ အမျိုးသားတိုးတက်‌ရေးပါတီ၊ အမျိုးသားဒီမိုက‌ရေစီအင်အားစုပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးပါတီ-NUP၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLDနှင့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ စသည့်ပါတီ ၁၁ပါတီ ဝင်‌ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လွှတ်‌တော်ကိုယ်စား လှယ်‌ပေါင်း ၃၇ဦး ဝင်‌ရောက်အ‌ရွေးခံမည်ဖြစ်‌ကြောင်း သိရှိရသည်။
DSC01196
ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်(၁၁)မှ ကရင်ပြည်သူ့ပါတီ-KPP ၏ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ‌စောသိန်းဝင်းစိုး က “ကျ‌နော် ဒီဘက်‌ဒေသ‌တွေကို‌ရောက်‌တော့ ကျ‌နော်ထင်ထားတာထက် ‌ဒေသခံ‌တွေက မဲတခါမှ မ‌ပေးဖူးဘူး။ ‌နောက်ပြီး စာမ တတ်တဲ့သူ‌တွေ၊ ဗမာစကား မ‌ပြောတတ်တဲ့သူ‌တွေများ‌တော့ ဒါက ကျ‌နော်တို့အတွက် စိန်‌ခေါ်မှု ဖြစ်‌စေတယ်״ဟု ယခုလ ၁၂ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

ယခုလ ၇ရက်နှင့် ၈ရက်‌နေ့ကလည်း ကရင်ပြည်နယ်အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်-KSCN မှ ‌ကျေးရွာအုပ်စု ၃အုပ်စု မှ ‌ဒေသခံလူထု ၄၀‌ကျော်အား မဲ‌ပေးခြင်းဆိုင်ရာ အသိပညာ‌ပေးဆရာဖြစ်သင်တန်းကို ခလယ်‌ကျေးရွာသို့ သွား‌ရောက်ပို့ချ‌ပေးခဲ့ ပြီး အဆိုပါ ‌ဒေသခံသင်တန်းသားများမှ ၎င်းတို့၏ ‌ဒေသအလိုက် မဲ‌ပေးခြင်းဆိုင်ရာ အသိပညာများကို ပြန်လည်ရှင်းလင်းပို့ချ သွားကြမည်ဖြစ်‌ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ စက်တင်ဘာလ ၁၄ရက်‌နေ့က ‌ကြေညာခဲ့သည့် ဒုတိယအကြိမ် အ‌ခြေခံမဲစာရင်းအရ ဆန္ဒမဲ ‌ပေးပိုင်ခွင့်ရှိသူ ငါး‌သောင်းခွဲ‌ကျော်ရှိ‌ကြောင်း မြို့နယ်‌ကော်မရှင်၏ မှတ်တမ်းအရ သိရပြီး အဆိုပါမြို့နယ်၌ ‌ဒေသခံများအဖြစ် ကရင်နှင့် မွန်လူမျိုးအများစု ‌နေထိုင်လျှက်ရှိသည်။