KIC News
NCA ကို အဓိက ဆွေးနွေးမည့် ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေး စတင်
ဩဂုတ် ၁၄ရက်၊ ၂၀၁၅ခုနှစ်။ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအးရုံး(ကေအဲန်ယူ)သည် အစိုးရနှင့် ပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ် (NCA) ကိစ္စကို ဆွေးနွေးရန် ၁၅ကြိမ်မြောက် ကွန်ကရက်အပြီး (၅)ကြိမ်မြောက် အမြဲတမ်းဗဟိုကော်မတီ၏ အရေးပေါ် အစည်းအဝေးကို ကေအဲန်ယူ ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေရှိ လေးဝါးစခန်း၌ ယနေ့ စတင်ကျင်းပနေပြီဟု...
ရွေးကောက်ပွဲကော်မရှင်မှ အရပ်ဘက်လူမှုအဖွဲ့များအား မဲပေးနည်းစနစ် တွေ့ဆုံရှင်းလင်း
ဩဂုတ် ၁၄ရက်၊ ၂၀၁၅ခုနှစ်။ စောညွန့်သောင်း
ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒေသခံအရပ်ဘက်လူမှုအဖွဲ့ အစည်းများအား တွေ့ဆုံကာ မဲပေးနည်းစနစ် အပါ အဝင် ရွေးကောက်ပွဲဆိုင်ရာများနှင့်ပတ်သက်၍ ဖားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ Green Hill ဟိုတယ်တွင် ဩဂုတ်လ ၁၃ရက် နေ့က တွေ့ဆုံရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
ထိုတွေ့ဆုံရှင်းလင်းပွဲသို့ အရပ်ဘက် လူမှုအဖွဲ့အစည်းများအပြင်...
နိုင်ငံရေး တိုက်ပွဲအတွက် ကရင်အမျိုးသားများစုစည်း အကြံပြုရန် KNLA စစ်ဦးစီးချုပ်ပြောဆို
ဩဂုတ် ၁၂ရက်၊ ၂၀၁၅ ခုနှစ်။ စအိုင်စူး
လက်ရှိ နိုင်ငံရေးတိုက်ပွဲလုပ်ဆောင်နေစဉ်အတွင်း ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားများ တစိတ်တစ်ဝမ်းတည်း ပြန်လည်စုစည်း အကြံပြုရန် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ် မြောက် ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး စောဂျော်နီက ၆၅ နှစ်မြောက် ကရင့်အာဇာနည်နေ ့ အခမ်းအနားတွင်...
ကရင့်အာဇာနည်များ၏ မပြီးသေးသည့်လုပ်ငန်းများကို ဆက်လုပ်ကြရန် KNU တိုက်တွန်း
ဩဂုတ် ၁၂ ရက်၊၂၀၁၅ ခုနှစ်။ စောထွန်းလင်း
အဖိအနှိပ်ခံ တိုင်းရင်းသားများအတွက် အသက်ပေးသွားသော ကရင့်အာဇာနည်များ၏ မပြီးသေးသည့် လုပ်ငန်း တာဝန်များကို သက်ရှိထင်ရှားရှိနေသူများက ဆက်လုပ်ဆောင်သွားရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းဘေး ၊ ယုဒသန် ခန်းမ၌...
ကရင်အာဇာနည်နေ့၊ ကရင်ရိုးရာလက်ချည်ပွဲကို ထိုင်းဘုရင့်မိဖုရားမွေးနေ့နှင့် ပူးတွဲကျင်းပ
ဩဂုတ် ၁၂ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသရောက် ရွှေ့ပြောင်း ကရင်လူမျိုးများသည် ဩဂုတ်လ ၁၂ရက်နေ့တွင် ကျရောက် သည့် (၆၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့၊ (၈၃)နှစ်ပြည့် ထိုင်းဘုရင့် မိဖုရားမွေးနေ့နှင့် ကရင်ရိုးရာ ချည်ဖြူပွဲတို့ပါဝင်သည့် နေ့ထူးနေ့မြတ်များကို စုပေါင်းကာ ယနေ့ မဲဆောက်မြို့ရှိ ခွဲကဘောင်...
ပြည်နယ်သတ္တုဝန်ကြီး စောဆာလောလ ကြံ့ဖွံ့ပါတီမှနှုတ်ထွက်ကာ KPP ကိုယ်စား အရွေးခံမည်
ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သတ္တုတွင်းဋ္ဌာန ဝန်ကြီးစောဆာလောလှသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အဖြစ်မှ နှုတ်ထွက်ကာ ကရင်ပြည်သူ့ပါတီ(KPP) ကိုယ်စားပြုအဖြစ် လာမဲ့ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားမည်ဖြစ် ကြောင်း ၎င်းပြည်နယ်ဝန်ကြီးက ကေအိုင်စီသို့ ယနေ့ အတည်ပြု ပြောဆိုသည်။
ဝန်ကြီးစောဆာလောလအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြံ့ဖွံ့ပါတီက...
စစ်ဘေးဒဏ်ခံ ပြည်သူများထံ BGF တွေ့ဆုံ၍ စားနပ်ရိက္ခာများ ကူညီထောက်ပံ့
ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ (ကေအိုင်စီ)
ကော့ကရိတ်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်ဘေးရှောင်၍ ပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ ရသော ရွာသားများထံသို့ ဗိုလ်မှူးကြီးစောချစ်သူ ပါဝင်သည့် BGF တပ်ဗိုလ်တပ်မှူးများက ယနေ့ သွားရောက်တွေ့ဆုံခဲ့ပြီး စားနပ် ရိက္ခာများ ကူညီထောက်ပံ့ ပေးအပ်ခဲ့သည်။
BGF မှ...
ကေအဲန်ယူရဲတပ်ဖွဲ့ဝင် ၅ဦးအမှု ကျူးလွန်သူများအား သေဒဏ်နှင့် တစ်သက်တစ်ကျွန်းအမိန့်ချမှတ်
ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ဒုရဲမှူး စောသိန်းဦး အပါအဝင် အဖွဲ့ဝင် ၅ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့်အမှုတွင် ကိုယ် တိုင်ကျူးလွန်သူနှင့် ပါဝင်ပတ်သက်သူ (၃)ဦးကို ဒူးပလာယာခရိုင်၊ တရားရုံးက ဩဂုတ်လ ၈ရက်နေ့၊ နံနက် ၈နာရီ ၂၅မိနစ်အ ချိန်ခန့်တွင်...
KWO ၏ ငြိမ်းချမ်း ရေးနှင့် တည်ဆောက်ရေး စီမံကိန်းတာဝန်ခံ နော်ဆဲဆဲနှင့် တွေ့ဆုံမေးမြန်းခြင်း
ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
“လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျမတို့ အမျိုးသမီးတွေရဲ့အသံတွေ၊ ခံစားချက်တွေကို အမျိုးသားတွေရော၊ အစိုးရရော အသိအမှတ်ပြုဖို့ လိုပါတယ်။ အစိုးရတင်မကဘူး။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေပါ။
ဒါကိုသိတဲ့သူ တော်တော်လေး နည်းနေသေးတယ်။”
နီပေါနိုင်ငံမြို့တော်၊ ခတ္တမန္ဒူမြို့၌ ဩဂုတ်လ ၁ရက်မှ ၅ရက်နေ့အထိ အိမ်ရှင် နီပေါ၊ အိန္ဒိယနှင့်...
ဩစတြေးလျားကရင်အဖွဲ့ ၆၅နှစ်မြောက် ကရင့်အာဇာနည်နေ့ ကျင်းပပြီးစီးခဲ့
ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ဩဂုတ် ၁၂ရက်နေ့တွင် ကျရောက်သော ၆၅နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ဩစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့၌ ဩစတြေးလျားကရင်အဖွဲ့အစည်း(AKO)က ဦးဆောင်ကာ ပြီးခဲ့သည့် ဩဂုတ်လ ၈ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ ကြောင်း အဖွဲ့ဥက္ကဋ္ဌ စောလွင်ဦးက ကေအိုင်စီသို့ ပြောသည်။
“၆၅နှစ်မြောက် ကရင့်အာဇာနည်နေ့မှာ ကရင်အမျိုးသားတွေကို...














