KIC News
၂၆နှစ်မြောက် ကရင်လူငယ်အစည်းအရုံးနေ့ကို သက်ဆိုင်ရာ ဒေသအလိုက် ဂုဏ်ပြုကျင်းပ
မေ ၂၃ရက်။ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ယခုနှစ်၊ မေ ၂၃ရက်နေ့တွင် ကျရောက်သည့် (၂၆)နှစ်မြောက် ကရင်လူငယ်အစည်းအရုံး(KYO)နေ့ကို ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ မယ်လအူး၊ မယ်ရာမို၊ ဘန့်ဒုံယမ်းနှင့် ထမ့်ဟင် ဒုက္ခသည်စခန်းများအပါအဝင် နိုင်ငံတကာရောက် ကရင်လူငယ်အချို့လည်း ဂုဏ်ပြုကျင်းပခဲ့သည်ဟု KYO အတွင်းရေးမှူး(၁)ဖြစ်သူ စောဂျစ်ပစီက...
ငှက်ဖျားရောဂါ ဆေးတိုက်ကျွေးမှုဆိုင်ရာ အသိပညာပေးမှု ကျန်းမာရေးအဖွဲ့များ ဒေါနအရှေ့ခြမ်း၌ ပြုလုပ်
မေ ၂၃ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွင် လူထုပါဝင်မှု အားကောင်းလာရန် ရည်ရွယ်၍ နယ်စပ်ဒေသ အခြေ စိုက် ကျန်းမာရေးအဖွဲ့များစုပေါင်းကာ ငှက်ဖျားရောဂါ ဆေးတိုက်ကျွေးမှုဆိုင်ရာ အသိပညာပေးမှုတစ်ရပ်ကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဒေါနအရှေ့ခြမ်းတစ်နေရာတွင် မေလ ၂ဝရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ကော်သူးလေ ကျန်းမာရေးနှင့် လူမှုကယ်ဆယ်ရေးဋ္ဌာန(KDHW)၊...
တွေ့ဆုံမေးမြန်းခြင်း
မန်းကျော်ငြိမ်း ၅၈နှစ် (အထွေထွေအတွင်းရေးမှူး - ကရင်အမျိုးသားပါတီ)
ပညာအရည်အချင်း - ၁၉၇၄-၇၅ ခုနှစ်တွင် အထက(၄)၌ အခြေခံပညာအထက်တန်းအောင်မြင်ခဲ့သည်။
၁၉၇၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ (B.Sc Botany) ရရှိခဲ့သည်။
အမျိုးသားရေးလှုပ်မှုများ - ရန်ကုန်ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီတွင် နှစ် ၂၀ကျော် ပါဝင်ခဲ့သည်။
- ၁၉၈၈ခုနှစ်၊ နိုဝင်ဘာလတွင် နဝတ အစိုးရ၏...
ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်များ ထောက်ပံ့မှုရိက္ခာအချို့ ထပ်မံလျှော့ချခံရနိုင်
မေ ၂၃ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ထောက်ပံ့မှုအလှူငွေများ လျော့နည်းလာမှုကြောင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်ကြသည့် ဒုက္ခသည်များအား လစဉ်ထောက်ပံ့ပေးသည့် အခြေခံ စားနပ်ရိက္ခာ အကူအညီအချို့ကို ထပ်မံလျှော့ချခံရနိုင် သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များအား လက်ရှိ အရွယ်ရောက်သူ တစ်ဦးလျှင်...
ကျောက်မီးသွေးပုံများ မီးဆက်လက်လောင်ကျွမ်းနေမှုအပေါ် ဘန်းချောင်းဒေသခံများစိုးရိမ်
မေ ၂၃ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်းရှောင်း
တနသင်္ာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊ ဘန်းချောင်းတိုက်နယ်အတွင်းရှိ ကွင်းချောင်းကြီးကျေးရွာ အနီးတွင် မြန်မာမေဖလားဝါး မိုင်းနင်းအင်တာပရိုက်စ်ကုမ္ပဏီမှ တူးဖော်ထားသော ကျောက်မီးသွေးများ မီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ရှေ့ဆက်ဆိုးကျိုးများခံစားရမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၂...
ကော့ကရိတ်-အိန္ဒု ကားလမ်းမကြီးစီမံကိန်းအတွက် ဆွေးနွေးမှုပြုလုပ်
မေ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ကရင်ပြည်နယ်တွင် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကော့ကရိတ်-အိန္ဒု ကတ္တရာကားလမ်းမကြီး စီမံကိန်းအတွက် ကရင်ငြိမ်းချမ်းရေးအထောက်ကူပြုကွန်ယက်-KPSN နှင့် ADB မှ ငှားရမ်းထားသည့် MEKONG ECONOMICS Ltd နှင့် ADRA (အာဒရာ)အဖွဲ့တို့သည် မေလ ၂ဝရက်နေ့က ထိုင်းနိုင်ငံ၊...
ဝေါ်လေဒေသရှိ စာသင်ကျောင်းအချို့ အစိုးရ၏ ထောက်ပံ့မှုရရှိရန် လျှောက်ထား
မေ ၂ဝရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဝေါ်လေဒေသရှိ ကရင်ပညာရေးဋ္ဌာန (KED) လက်အောက်ခံ မူလတန်းအဆင့် စာသင်ကျောင်း များဖြစ်ကြသည့် မောကဲထာ၊ အူးကရေ့ထာ၊ ဝါးမေးထာနှင့် တောင်နီ စာသင်ကျောင်းများမှာ ၎င်းတို့၏ ကျောင်းဆရာ၊ ဆရာမ များ လစာငွေ ထောက်ပံ့မှု...
ဖားအံမြို့နယ် အိန္ဒုစံပြကျေးရွာ၌ ကျေးရွာသန့်ရှင်းရေးလှုပ်ရှားမှု လူငယ်များ စုပေါင်းအမှိုက်ကောက်
မေ ၂ဝရက်၊ ၂၀၁၅ခုနှစ်။ နန်းချောင်ဖော့
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ အိန္ဒုစံပြကျေးရွာ၌ အိန္ဒုလူငယ်ကွန်ရက်မှ ဦးဆောင်၍ ကျေးရွာသာယာလှပသန့်ရှင်းရေး လှုပ် ရှားမှုခေါင်းစဉ်ဖြင့် အမှိုက်ကောက်ခြင်းကို လူငယ်များနှင့် ကျောင်းသူကျောင်းသားများက မေလ ၁၇ရက်နေ့က စုပေါင်းလုပ် ဆောင်ခဲ့ကြသည်။
ထိုသို့ အမှိုက်များလိုက်လံကောက်ရာ၌ အိန္ဒုကျေးရွာအတွင်းရှိ အိမ်များ၊ စာသင်ကျောင်းများ အပါအဝင် အခြားအဆောက်အဦး...
ဘုန်းကြီးတစ်ပါးအား သတ်ခဲ့သူ တရားခံများ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ခံရ
မေ ၁၉ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း ယမန်နှစ်က သတ်ဖြတ်ခံခဲ့ရသော ဆရာတော် ဦးကုသလအမှုနှင့် ပတ်သက်ပြီး ပြစ်မှု ကျူးလွန်သူ (၆)ဦးကို ကရင်လက်နက်ကိုင်အဖွဲ့လေးဖွဲ့ ပါဝင်သည့် အထူးခုံရုံးအဖွဲ့က မေလ ၁၈ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်သည်။
အဆိုပါအမှုကို ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဖားအံခရိုင်...
၅ကြိမ်မြောက် ကရင်ဖတ်စာအလယ်တန်းအဆင့် မိတ်ဆက်သင်တန်း ကြာအင်းဆိပ်ကြီး၌ပြုလုပ်
မေ ၁၉ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်စာတိုးတက်ပြန့်ပွားရေးအတွက် ဒေသခံကရင်သံဃာများနှင့် ကျေးရွာလူထုများ ဦးဆောင်ကာ (အရှေ့ပိုး) ကရင်အခြေခံ ပညာဖတ်စာ အလယ်တန်းအဆင့် မိတ်ဆက်ခြင်း ၅ကြိမ်မြောက်သင်တန်းကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြိီးမြို့နယ် ထွီးမော် ထိုကျေးရွာတွင် မေလ ၄ရက်မှ ၁၇ရက်နေ့အထိ ပြုလုပ်ပြီးစီးခဲ့သည်။
၎င်းသင်တန်းသည် ယခင်နှစ်ထက်မတူဘဲ ကရင်စာပေသင်ကြားမှုအပြင် ကရင်ယဉ်ကျေးမှုများဖြစ်သည့်...













