Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်အသံ၊ လူငယ့်အမြင်

လူငယ့်အသံ၊ လူငယ့်အမြင်

1977

ကိုယ့်ကိုယ်ကို “ကရင်”လို့ ‌ပြောရမှာကို မရှက်ပါနဲ့။ မ‌ကြောက်ပါနဲ့လို့

‌တောင်ငူတက္ကသိုလ်မှာ ပထဝီဝင်ဘာသာရပ် အထူးပြုနဲ့ စတုတ္ထနှစ်မှာ ပညာသင်ယူ‌နေတဲ့ စာသန်းတိုး‌အောင်ဟာ ကရင်ဖြူမျိုး နွယ်စုဝင်တစ်ဦးဖြစ်ပြီး အထက်မြန်မာပြည်၊ ပျဉ်းမနားမြို့နယ်၊ ‌အောင်ဘိတ်သိက်‌ကျေးရွာမှာ ကြီးပြင်းလာခဲ့တဲ့ ၁၉နှစ်အရွယ် ‌စော‌သောင်းတင်နဲ့ ‌နော်မြစန္ဒာတို့ရဲ့ သားလူငယ်‌လေးဖြစ်ပါတယ်။

‌တောင်ယာလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်စား‌သောက်‌နေရတဲ့ မိသားစုထဲမှာ ‌စောသန်းတိုး‌အောင်အတွက် ငယ်ရွယ်စဉ် ‌ကျောင်း‌နေချိန် အခက်အခဲ တစုံတရာ မရှိခဲ့‌ပေမဲ့လို့ တက္ကသိုလ်‌ကျောင်းသားဘဝမှာပဲ ညီမငယ် ‌နော်ဖူးပွင့်ခိုင်နဲ့ ညီငယ် ‌စော တိုးလင်း‌အောင်တို့ နဝမတန်းနဲ့ စတုတ္ထတန်း‌တွေမှာ အသီးသီး ပညာသင်ကြားလာကြ‌တော့ မိသားစုဟာ ဝင်‌ငွေနဲ့ ထွက်‌ငွေ မမျှ တဘဲ စားဝတ်‌နေ‌ရေးက မလုံ‌လောက်ဘူးလို့ ဆိုပါတယ်။

“မိသားစုစားဝတ်‌နေ‌ရေးအတွက် ကျ‌နော်တို့က ‌တောင်ယာခုတ်ပါတယ်။ ကျ‌နော်တို့ ‌မောင်နှမသုံးဦးစလုံးက ပညာသင်ယူ‌နေဆဲ ‌ကျောင်းသား‌ကျောင်းသူ‌လေး‌တွေဖြစ်‌တော့ ‌တောင်ယာခုတ်တဲ့ မိသားစုစားဝတ်‌နေ‌ရေးအတွက် ဝင်‌ငွေနဲ့ထွက်‌ငွေမမျှတဲ့ အခက် အခဲ‌လေး‌တော့ ရှိတယ်”လို့ ‌ပြောပါတယ်။

ဇာတိရွာ ‌အောင်ဘိတ်သိတ်‌ကျေးရွာမှာ မူလတန်းကို တက်‌ရောက်ခဲ့ပြီး ဆယ်တန်းကို‌တော့ မြို့လှမြို့မှာ ဆက်လက် ဆည်းပူး သင်ယူခဲ့‌တော့ ၂၀၁၂ခုနှစ်မှာ ဆယ်တန်း‌အောင်ခဲ့ပါတယ်။ တက္ကသိုလ်‌ကျောင်းသားဘဝ ‌ရောက်လာ‌တော့ ကရင်လူမျိုး အများစု ‌နေထိုင်ပြီး မျိုးနွယ်စုကွဲများစွာရှိတဲ့ ‌တောင်ငူမြို့မှာ ပတ်ဝန်းကျင်အသစ်ရဲ့ စိန်‌ခေါ်မှုအသစ်‌တွေက သူ့ကို ‌စောင့်ကြို‌နေခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ပတ်ဝန်းကျင်အသစ် စိန်‌ခေါ်မှု‌တွေ‌ကြောင့် ဖြစ်‌ပေါ်လာတဲ့ ခံစားချက်ကို လူငယ်တစ်ဦးပီပီ သူက အခုလို ရင်ဖွင့်ပါတယ်။
“ကျ‌နော် တက္ကသိုလ်ကို ‌တောင်ငူမှာလာတက်တယ်။ ‌တောင်ငူမှာက ကရင်လူမျိုးအများစု ‌နေထိုင်တာ‌တွေ့ရတယ်။ သူတို့မှာက ကိုယ်ပိုင်စာ‌တွေ၊ ယဉ်‌ကျေးမှု‌တွေ၊ ဂီတ‌တွေ ရှိတာ‌တွေ့ရ‌တော့ သူတို့ကိုကြည့်ပြီး ကျ‌နော်တို့မှာ အားငယ်‌နေရတယ်။ ကျ‌နော်တို့ မှာ ဘာသာစကားရှိ‌ပေမဲ့ စာ‌ပေမရှိဘူး။ အရင်တုန်းကဆိုရင် ကိုယ့်ကိုယ်ကို ကရင်ဖြူမှန်း‌တောင် မသိခဲ့ဘူး”လို့ ဝမ်းနည်းစွာ ‌ပြောရှာတယ်။

ကရင်‌ရေးရာ‌ကော်မတီ (Karen Affair Committee-KAC) က ဦး‌ဆောင်ပြီး ကရင်မျိုးနွယ်စုအမည်မှန် ‌ဖော်ထုတ်‌ရေး‌တွေ စတင် အ‌ကောင်ထည်‌ဖော် ‌ဆောင်ရွက်လာတဲ့အခါကျမှသာ ‌စောသန်းတိုး‌အောင်ခမျာ မိမိကိုယ်ကို ကရင်တိုင်းရင်းသားထဲက ကရင်ဖြူ မျိုးနွယ်စုမှန်း သိခဲ့ရသလို အရင်က သူငယ်ချင်း‌တွေကြားမှာ ဘာလူမျိုးမှန်း မသိခဲ့လို့ မျက်နှာငယ်ခဲ့ရ‌ကြောင်း ပြန်‌ပြောင်း ‌ပြော ‌နေပြန်ပါတယ်။

တက္ကသိုလ်‌ကျောင်းသားဘဝ ကြုံ‌တွေ့ခဲ့ရတဲ့ ခံစားချက်‌တွေ‌ကြောင့် ဒီနှစ်ကစပြီး ကရင်လူငယ်‌ရေးရာ‌တွေမှာ ပါဝင်လှုပ်ရှားလာခဲ့ သလို ကရင်ဖြူမျိုးနွယ်စုကို ထိန်းသိမ်းဖို့ သူ့လို မျိုးဆက်သစ်လူငယ်‌တွေမှာ သမိုင်း‌ပေးတာဝန်ရှိ‌နေတယ်လို့ သူက ခံယူမိ‌နေပါ တယ်။ ကရင်ဖြူဆိုတာ မသိသူ‌တွေရှိ‌နေတာကိုက သူ့အတွက် အရမ်းဝမ်းနည်းစရာဖြစ်‌နေပြီး ဒါ‌တွေကိုသိ‌အောင် ‌ဖော်ထုတ် သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကရင်ဖြူမျိုးနွယ်စု‌တွေ ကွယ်‌ပျောက်သွားနိုင်မဲ့ အလားအလာနဲ့ ပတ်သက်ပြီး သူက “ကျ‌နော်တို့အုပ်စုမှာပဲ ‌ပြောမယ်ဆို ရင် ရွာငါးရွာမှာ နှစ်ရွာ‌လောက်က ကရင်စကား လုံးဝ မ‌ပြောတတ်‌တော့ဘူး။ ဒါက မျိုးနွယ်စုအတွက် အလားအလာ မ‌ကောင်း ဘူး။ ကွယ်‌ပျောက်သွားမဲ့အ‌ခြေအ‌နေမှာ ရှိတယ်။ ဒါ‌ကြောင့် ကရင်လူငယ်‌တွေ၊ ကရင်အဖွဲ့အစည်း‌တွေကို ကျ‌နော်တို့ဆီမှာ မရှိ‌သေးတဲ့ ကရင်စာ‌ပေကို သင်ကြား‌ပေးဖို့အတွက် ‌တောင်းဆိုချင်တယ်”လို့ စိုးရိမ်တကြီး ‌ပြောပါတယ်။

‌စောသန်းတိုး‌အောင်အ‌နေနဲ့ “ကရင်လူငယ်‌တွေ၊ ကရင်လူမျိုး‌တွေ ကိုယ့်စကားကုို ‌ပြောကြပါ။ ကိုယ့်ယဉ်‌ကျေးမှုကို ထိန်းသိမ်းပါ။ ‌နောက်ဆုံး ကိုယ့်ကိုယ်ကို “ကရင်”လို့‌ပြောရမှာကို မရှက်ပါနဲ့။ မ‌ကြောက်ပါနဲ့လို့ စကားလက်‌ဆောင်ပါးချင်ပါတယ်။”