Home သတင်း အမျိုးသား‌ရေးတွဲလုပ်ရန် ကရင်‌ရေးရာကိုယ်စားလှယ်များနှင့် KAC ‌ဆွေး‌နွေး

အမျိုးသား‌ရေးတွဲလုပ်ရန် ကရင်‌ရေးရာကိုယ်စားလှယ်များနှင့် KAC ‌ဆွေး‌နွေး

1483

ဇန်နဝါရီ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသား‌ရေးကိစ္စများ လက်တွဲလုပ်‌ဆောင်နိုင်ရန် ရည်ရွယ်၍ ကရင်‌ရေးရာ‌ကော်မတီ (KAC) နှင့် ၂၀၁၅ ခုနှစ် ‌ရွေး ‌ကောက်ပွဲအတွင်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ပါတီကိုယ်စားပြု ကရင်တိုင်းရင်းသား‌ရေးရာ ကိုယ်စားလှယ်အဖြစ် အ‌ရွေးခံရသူများသည် ဇန်နဝါရီ ၂ဝရက်၊ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်၌ ပထမဆုံးအကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်။

‌တွေ့ဆုံပွဲကို KAC တာဝန်ရှိသူများနှင့် NLD အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌နော်စူဆဲနာလှလှစိုးတို့က စီစဉ်ခြင်းဖြစ်ပြီး ကရင့်‌ရေးရာ‌ကော်မတီမှ လုပ်‌ဆောင်ခဲ့သည့် မျိုးနွယ်စုအမည်မှန် ‌ဖော်ထုတ်‌ရေးကိစ္စများကို တရားဝင်ဖြစ်‌အောင် ဆက်လုပ်‌ပေး ရန်နှင့် အစိုးရသစ်တွင် ကရင်‌ရေးရာဝန်ကြီး တာဝန်ယူမည့် သူများနှင့် KAC တို့ အမျိုးသား‌ရေးအတွက် မည်သို့ လက်တွဲလုပ် ‌ဆောင်သွားမည်ကို အတူတူ ‌ဖော်‌ဆောင်ရန် ရည်ရွယ်‌တွေ့ဆုံခြင်းဖြစ်သည်ဟု KAC အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက ‌ပြောသည်။

KAC အဖွဲ့ဝင် ‌နော်စူဆဲနာလှလှစိုးကလည်း “ကရင်မျိုးနွယ်စု အမည်မှန်‌ဖော်ထုတ်‌ရေးကိစ္စက လွှတ်‌တော်တက်လာမဲ့ ကရင်အ မတ်‌တွေ၊ ‌နောက်ပြီး‌တော့ အသစ်တက်လာတဲ့ ကရင်‌ရေးရာကိုယ်စားလှယ်‌တွေ ‌သေ‌သေချာချာ နားလည်မှဖြစ်မယ်။ လွှတ် ‌တော်မှာ ‌မေးခွန်း ‌မေးတာ‌တွေ မ‌ဖြေနိုင်တာဖြစ်ရင် ကျမတို့နှစ်နှစ် သုံးနှစ် လုပ်ထားတာ‌တွေ သဲထဲ‌ရေသွန် ဖြစ်မယ်ဆို‌တော့ ဒီပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ‌ပြောသည်။

‌နေ့လည် ၂နာရီမှ ၄နာရီခွဲထိ ပြုလုပ်သည့် အဆိုပါ‌တွေ့ဆုံပွဲသို့ ကရင်‌ရေးရာလွှတ်‌တော်ကိုယ်စားလှယ်များဖြစ်သည့် ရန်ကုန် တိုင်း‌ဒေသကြီးမှ ‌နော်ပန်းသဉ်ဇာမျိုး၊ ဧရာဝတီတိုင်းမှ ဂါ့မိုးမြတ်မြတ်သူ၊ ပဲခူးတိုင်းမှ ‌နော်ပွယ်‌စေးနှင့် မွန်ပြည်နယ်မှ ‌စော‌အောင် မြင့်ခိုင်တို့ တက်‌ရောက်ခဲ့သလို KAC ဥက္ကဌ ‌ဒေါက်တာစိုင်မွန်သာ၊ အတွင်း‌ရေးမှူး‌စော‌ကျော်စွာ၊ ပြည်နယ်နှင့် တိုင်းအသီးသီးမှ ‌ကော်မတီတာဝန်ရှိသူများ အပါအဝင် စုစု‌ပေါင်း ၂ဝဦး တက်‌ရောက်ခဲ့ကြသည်။

၎င်းအပြင် ‌တွေ့ဆုံပွဲတွင် ပဲခူး၊ တနသင်္ာရီ၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ‌ဒေသကြီး၊ ကယား(ကရင်နီ)၊ မွန်ပြည်နယ်တို့မှ ကိုယ်စား လှယ်များက တိုင်း‌ဒေသကြီးအတွင်း ကြုံ‌တွေ့ ‌နေရသည့် ‌မြေယာသိမ်းဆည်းခံရမှု၊ ဖွံ့ဖြိုး‌ရေးစီမံကိန်းများ‌ကြောင့် ‌ဒေသခံများ အခွင့်အ‌ရေးဆုံးရှုံး‌နေရမှု၊ ကရင်စာ‌ပေသင်ကြား‌ရေးတွင် ကြုံ‌တွေ့‌နေရသည့် အခက်အခဲများကို အသီးသီး တင်ပြခဲ့ကြသည်။

ထိုသို့ တင်ပြမှုများအ‌ပေါ် မွန်ပြည်နယ် ကရင်‌ရေးရာကိုယ်စားလှယ် ‌စော‌အောင်မြင့်ခိုင်က “KAC ဘယ်လိုဖွဲ့ထားလည်း သိချင် တယ်။ ‌နောက်မျိုးနွယ် ၇စု‌လျော့ချတဲ့ ‌နေရာမှာ အ‌ရှေ့ပိုးနဲ့ အ‌နောက်ပိုးကို ဖလုံနဲ့ဖလုံး ပြန်သတ်မှတ်တာ သင့်‌တော်မှု ရှိမရှိ ပြန်စဉ်းစား‌ပေး‌ပေ့ါ‌နော်။ လုပ်တဲ့‌နေရာမှာ သု‌တေသန ရှိမရှိ၊ အတိအကျ မသိဘူး။ လွှတ်‌တော်ထဲလုပ်တဲ့အခါ ဆုံးဖြတ်ချက်တခု ဟာ ဒီအချိန်မှာ ကရင်ရဲ့သမိုင်းတခု ဖြစ်‌နေတယ်။ သမိုင်းတရားခံ မဖြစ်‌အောင် ရှင်းရှင်းလင်းလင်းဖြစ်ဖို့ လိုတယ်။ ဒီကိစ္စကို ငြင်း ခုန်တာ မဟုတ်ဘူး။ ‌ကောင်းတဲ့ ရလဒ်ပဲ ဖြစ်‌စေချင်တယ်”ဟု ပြန်လည် ‌ဆွေး‌နွေးခဲ့သည်။

အလားတူ ရန်ကုန်တိုင်း‌ဒေသကြီး ကရင့်‌ရေးရာကိုယ်စားလှယ် ‌နော်ပန်းသဉ်ဇာမျိုးကလည်း တိုင်းရင်းသားအခွင့်အ‌ရေးများ ပြန် လည်‌ဖော်ထုတ်မြှင့်တင်ရန်၊ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်ရန် ပါတီ‌ပေါ်လစီရှိပြီး ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ကရင်လူငယ်များပညာ‌ရေး မြင့်မား‌အောင် ပူး‌ပေါင်းလုပ်‌ဆောင်သွားပြီး တိုင်း‌ဒေသကြီးအတွင်းရှိ ကရင်လူငယ်များကို သီးသန့် ‌တွေ့ဆုံနိုင်ရန်နှင့် သီးသန် ့အချိန်‌ပေးသတ်မှတ်သွားရန်ရှိသည်ဟု ‌ပြောဆိုခဲ့သည်။

‌တွေ့ဆုံပွဲသို့ တနသင်္ာရီတိုင်း‌ဒေသကြီး ကရင်‌ရေးရာ ကိုယ်စားလှယ်ကို ဆက်သွယ်မရ၍ တက်‌ရောက်နိုင်ခြင်းမရှိ‌သော်လည်း တိုင်းရင်းသား‌ရေးရာ ကိုယ်စားလှယ်များအ‌နေဖြင့် KAC အပါအဝင် အခြား‌သော ကရင်လူမှုအဖွဲ့အစည်းများနှင့် ပူး‌ပေါင်းလုပ် ‌ဆောင်သွားရန်ရှိ‌ကြောင်းနှင့် ‌နောက်ပိုင်းတွင် အလားတူ ထပ်မံ‌တွေ့ဆုံမှုများ ပြုလုပ်သွားရန်ရှိ‌ကြောင်း သိရသည်။

ကရင့်‌ရေးရာ‌ကော်မတီကို အများဆန္ဒဖြင့် ၂၀၁၂ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး‌နောက် ‌ကော်မတီဝင်များသည် ငြိမ်းချမ်း‌ရေးကိစ္စ ရပ်များနှင့် ၂၀၁၄ သန်း‌ခေါင်စာရင်းတွင် ကရင်မျိုးနွယ်စုအမှန် သတ်မှတ်နိုင်‌ရေးတို့အတွက် လုပ်‌ဆောင်‌နေသည့် ‌ကော်မတီတခု ဖြစ်သည့်အပြင် ကရင်အမျိုးသားအများစု ‌နေထိုင်ရာ‌ဒေသများတွင် ထပ်မံတိုးချဲ့ဖွဲ့စည်းသွားရန်ရှိသည်ဟုလည်း ‌ကော်မတီတာ ဝန်ရှိသူများထံမှ သိရသည်။