KIC News
အကောင်းဆုံးသမိုင်းကို ရေးထိုးချန်ထားခဲ့ကြပါစို့
(လူငယ့်အသံ)
မေလ ၁၃ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင်လူငယ်တွေကို နောက်လိုက်စိတ်ထက် ခေါင်းဆောင်လိုစိတ်ကို မွေးမြူကြဖို့ တိုက်တွန်းပြောဆိုလာသူက မြောင်းမြ စကောကရင်သာသနာနယ်ရဲ့ “ခေါင်းဆောင်မြှင့်တင်ရေးဌာန”မှာ ဒါရိုက်တာအဖြစ် တာဝန်ယူနေတဲ့ အသက် ၂၃နှစ်အရွယ် နော်မေပလဲနေထူး ဆိုသူပါ။ သူမ အခုလို တိုက်တွန်းပြောဆိုရတာဟာ ယနေ့ခေတ် ကရင်လူငယ်တွေအပေါ်...
KNU မြေယာမူဝါဒများကို သိရှိနားလည်ရန် ကရင်ပြည်နယ် ကျောက်တံခါးအောက်ရွာတွင် အလုပ်ရုံဆွေးနွေး
မေလ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင်ရှိ သစ်တောကြိုးဝိုင်း သတ်မှတ်ခံရသောဒေသများတွင် ဒေသခံအတွက် KNU မြေယာမူဝါဒများကို သိရှိနားလည်ရန် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့နယ်ခွဲ ကျောက်တံခါးအောက်ရွာ၌ မေလ ၁၂ရက်နေ့တွင် ခရိုင်သစ်တောနှင့် လယ်ယာမြေ ဌာနတာဝန်ခံများက လယ်ယာမြေဥပဒေနှင့် နည်းဥပဒေအလုပ်ရုံဆွေးနွေးပွဲ သွားရောက်ပြုလုပ်ခဲ့သည်။
KNU မြေယာမူဝါဒများကို...
နိုင်ငံရေးဆွေးနွေးပွဲများတွင် အထောက်အကူပြုနိုင်ရန် တိုင်းရင်းသားရေးရာမူဝါဒကြမ်း ၉ ခုကို သုံးသပ်ဆွေးနွေး
မေလ ၁၃ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
ဖက်ဒရယ်ပြည်ထောင်စုစနစ်ပေါ်ထွန်းရေးအတွက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများ၌ အထောက်အကူ အပြုနိုင်ရန် ရေးဆွဲထားသည့် တိုင်းရင်းသားရေးရာမူဝါဒကြမ်း(မူကြမ်း) ၉ခုကို တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ(ENAC)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ကရင်လူမှုအဖွဲ့ အစည်းတို့က မေလ ၁၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်...
တိကျပြီး ခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ စိန်ခေါ်မှုတွေ အကြားက “၂၁ ရာစု ပင်လုံညီလာခံ”
(မောင်ကျော်စွာ )
(၂၀၁၆ မေလ ၁၂ ရက်)
“၂၁ ရာစု ပင်လုံညီလာခံ”ဟာ စိတ်ကူးသက်သက်၊ ဆန္ဒသက်သက် မဟုတ်တော့။ လက်တွေ့ဆောင်ရွက်နေတဲ့ လုပ်ငန်း ဖြစ်လာခဲ့ပြီ။ မေလ ၉ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace...
အစိုးရသစ်လက်ထက် ပိုမိုခိုင်မာသည့် ကျန်းမာရေးစနစ်အတွက် မဲဆောက်တွင် ဆွေးနွေး
မေ ၁၁ ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက်၌ ပိုမိုခိုင်မာသည့် ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် နယ်စပ်တိုင်းရင်းသား ကျန်းမာရေးအဖွဲ့နှင့် ပြည်တွင်း ကျန်းမာရေးပညာရှင်အချို့သည် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၌ မေ ၉ ရက်မှ ၁ဝရက်နေ့အထိ နှီးနှောဖလှယ်ပွဲတစ်ခုပြုလုပ်ပြီး နှစ်ရက်တာ ဆွေးနွေးခဲ့ကြသည်။
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက်...
မြန်မာအစိုးရ ပူးပေါင်းတပ်ဖွဲ့နှင့် DKBA ဗိုလ်နားမကြားအဖွဲ့တို့ ပစ်ခတ်မှုဖြစ်
မေ ၁၁ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ပျားပင်ရွာ အနောက်ဘက်တောင်ကြားတွင် မေလ ၁၁ ရက်နေ့ (ယနေ့) နံနက် ၅ နာရီကျော်က မြန်မာအစိုးရတပ်နှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့သည် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)တို့နှင့် နှစ်နာရီကျော် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း...
ကျောက်ကလပ်ရေလယ်ဘုရား ကန်ရေတိမ်လာ၍ ပြန်လည်မွမ်းမံနေ
မေလ ၁ဝရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ အထင်ကရနေရာဖြစ်သော ကျောက်ကလပ်ရေလယ်ဘုရားသည် ယခုနှစ်တွင် ကန်ဘေး ပတ်လည်၌ ရေများတိမ်လာပြီး ဘေးမဲ့ငါး သေဆုံးမှုများရှိသည့်အတွက် ဧပြီလကုန်ပိုင်းမှစ၍ ရေကန်တော်ကြီးကို ပြန် လည်မွမ်းမံခြင်း ပြုလုပ်လျှက်ရှိသည်။
ရာသီဥတုပူပြင်းလာ၍ ကျောက်ကလပ်ရေကန်တော်အတွင်းရှိ ငါးများမသေအောင် ကန်တော်၏ အလယ်ဗဟိုတွင် ပိုင်းထားပြီး တစ်ဖက်ကို...
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ယခင်နှစ်များထက် ရေရှားမှုပြဿနာများ ကြုံတွေ့နေရ
မေလ ၁ဝရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ကရင်ဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်သူများအနေဖြင့် ဧပြီလဆန်းပိုင်းမှစ၍ လက်ရှိအ ချိန်ထိ အပူချိန်မြင့်မားမှုကြောင့် ရေရှားပါးမှု အခက်အခဲ ပြဿနာများကို ယခင်နှစ်များကထက် ပိုမိုကြုံတွေ့နေရကြောင်း စခန်း တွင်း နေထိုင်ကြသည့် ဒုက္ခသည်စခန်း တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ထိုင်းနယ်စပ်ရှိ မယ်လ၊ အုန်းဖျန်၊...
ဘောကထာ့စီမံကိန်းဒေသသို့ အကြိုစမ်းသပ်မှုမတိုင်ခင် နော်ဝေပညာရှင်အဖွဲ့ ပထမဦးဆုံးအကြိမ် လေ့လာ
မေလ ၉ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေအတွင်းရှိ ဘောကထာ့ ရေအားလျှပ်စစ် စီမံကိန်း၏ အကြိုစမ်းသပ်ကာလမတိုင်ခင် ၎င်းစီမံကိန်းဒေသသို့ နော်ဝေပညာရှင်များအဖွဲ့အား ပထမဆုံးအကြိမ်အဖြစ် သွား ရောက်လေ့လာရန် မေလ ၉ရက်နေ့က ကျောက်ကြီးမြို့နယ်ခန်းမ၌ ပြုလုပ်သော ဒေသခံများနှင့် စီမံကိန်းဖော်ဆောင်မည့် KNU တာဝန်ရှိသူများ၊...
MPT နှင့် Telenor ဖိုင်ဘာဆက်ကြောင်း တူးဖော်မှု လယ်မြေအိမ်မြေ ထိခိုက်မှုရှိနေ
မေလ ၁ဝရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ နောင်ကမြိုင်ရွာ၌ Fiber Optic Communication Network Co., Ltd အနေဖြင့် MPTနှင့် Telenor ဆက်သွယ်ရေး ဖိုင်ဘာဆက်ကြောင်းအတွက် မြောင်းတူးဖော်ရာတွင် ဒေသခံများ၏ လယ်မြေများ၊ အိမ်ရှေ့နေရာ အချို့ ပါဝင်ထိခိုက်မှုရှိနေကြောင်း နောင်ကမြိုင်ရွာသားများက...














