Home လူငယ့်အသံ လူငယ့်အမြင် အ‌ကောင်းဆုံးသမိုင်းကို ‌ရေးထိုးချန်ထားခဲ့ကြပါစို့

အ‌ကောင်းဆုံးသမိုင်းကို ‌ရေးထိုးချန်ထားခဲ့ကြပါစို့

2915

(လူငယ့်အသံ)

‌မေလ ၁၃ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ
ကရင်လူငယ်‌တွေကို ‌နောက်လိုက်စိတ်ထက် ‌ခေါင်း‌ဆောင်လိုစိတ်ကို ‌မွေးမြူကြဖို့ တိုက်တွန်း‌ပြောဆိုလာသူက ‌မြောင်းမြ စ‌ကောကရင်သာသနာနယ်ရဲ့ “‌ခေါင်း‌ဆောင်မြှင့်တင်‌ရေးဌာန”မှာ ဒါရိုက်တာအဖြစ် တာဝန်ယူ‌နေတဲ့ အသက် ၂၃နှစ်အရွယ် ‌နော်‌မေပလဲ‌နေထူး ဆိုသူပါ။ သူမ အခုလို တိုက်တွန်း‌ပြောဆိုရတာဟာ ယ‌နေ့‌ခေတ် ကရင်လူငယ်‌တွေအ‌ပေါ် သူမြင်‌တွေ့‌နေရတဲ့ အ‌ခြေအ‌နေမှန် ဖြစ်ပါတယ်ဆိုတဲ့ အ‌ကြောင်းပါ။

“အခု‌ခေတ် ကရင်လူငယ်‌တွေကို ကျမမြင်မိတာ လူကြီး‌တွေ၊ ပြီးရင်ပြီး‌ရော ဆိုပြီး ‌ပေါ့‌ပေါ့တန်တန်ပဲ မဆိုင်သလို ‌နေ‌နေကြတယ်။ စာ‌ပေဗဟုသုတ နည်းပါးလာတယ်။ ဘဝကို ‌ပေါ့‌ပေါ့‌လေးနဲ့ အသက်ရှင်‌နေကြတယ်။ လူငယ်ဘဝရဲ့ ငယ်ရွယ်နုပျိုချိန်‌တွေကို အဓိပ္ပါယ်မဲ့ ဖြုန်းတီး‌နေတဲ့သူက အများစုလို ဖြစ်‌နေတယ်။ ဒါကို အချိန်မီ ပြုပြင်သင့်ပြီ”လို့ သူမက ဆိုပါတယ်။

‌နော်‌မေပလဲ‌နေထူးဟာ ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌မြောင်းမြမြို့နယ်အတွင်းရှိ ‌ရေတွင်း‌ရေကန်‌ကျေးရွာက အဖ ဥယျာဉ်မှူး ‌စောသာ‌စေးနှင့် အမိ ‌ကျောင်းဆရာမ ‌နော်လယ်ဖတို့က‌နေ ၁၉၉၃ခုနှစ်၊ ‌မေလ ၁၂ရက်‌နေ့မှာ ‌မွေးဖွားခဲ့တဲ့ တတိယ‌မြောက် သမီးဖြစ်ပါတယ်။ သူမ ‌မွေးချင်း‌မောင်နှမရဲ့ အကြီးအငယ် အစဉ်လိုက်အရ ‌စောရှီးက‌ပေါ်၊ ‌နော်ကမွီးဒီး၊ ‌နော်‌မေပလဲ‌နေထူး၊ ‌နော်မူးမူးဒါး‌နေထူးနဲ့ ‌စော‌ဟေတာ‌ညော တို့‌တွေပဲ ဖြစ်ပါတယ်။

အသက်(၅)နှစ်အရွယ် ၁၉၉၈ခုနှစ်မှစပြီး ဇာတိ‌မြေ ‌ရေတွင်း‌ရေကန်‌ကျွေးရွာက အထက(၂)‌ကျောင်းမှာ သူငယ်တန်းက‌နေ နဝမတန်းအထိ ပညာသင်ယူခဲ့ပြီး‌တော့ ၂၀၀၈ ခုနှစ်တွင် ‌မြောင်းမြမြို့သို့ အထက(၄) ‌ကျောင်းကို ‌ပြောင်း‌ရွှေ့ပြီး ဆယ်တန်း‌ကျောင်းသူအဖြစ် ဆက်လက်ပညာသင်ယူခဲ့ပါတယ်။ အဲဒီ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှာပဲ ဆယ်တန်းကို နှစ်ချင်း‌ပေါက် သူမ ‌အောင်မြင်ခဲ့ပါတယ်။ ပညာ‌ရေးကို လိုက်စားဖို့ စိတ်အားထက်သန်တဲ့ ‌နော်‌မေပလဲ‌နေထူးဟာ အဂင်္လိပ်အထူးပြုဘာသာရပ်နဲ့ အ‌ဝေးသင်တက္ကသိုလ်နဲ့ မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (M.I.T)မှာ ဆက်လက်ပညာသင်ယူခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ (Bachelor of Arts in Religious Studies) ဘွဲ့နှင့် ၂၀၁၄ ခုနှစ်တွင် B.A.English ဘွဲ့တို့ကို ရရှိခဲ့ပါတယ်။

အဲလို ဘွဲ့‌တွေ ရရှိပြီး‌နောက် အစိုးရအတန်း‌ကျောင်း‌တွေမှာ သူမအတွက် အခက်အခဲ တစုံတရာ မရှိခဲ့‌ပေမယ့် (M.I.T)လိုပုဂ္ဂလိက ‌ကျောင်းမှာ‌တော့ အဂင်္လိပ်စာအ‌ခြေခံအားနည်းတဲ့ သူ့အတွက် စိတ်ဓါတ်ကျစရာအထိ ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့အ‌ကြောင်းကို အခုလို ဖွင့်ဟ‌ပြောဆိုခဲ့ပါတယ်။

“BARS ပထမနှစ် စတက်‌တော့မှ အခက်အခဲ‌တွေ့လာတယ်။ အထူးသဖြင့် အဂင်္လိပ်စာမှာ‌ပေါ့။ ဆရာမ‌တွေက အဂင်္လိပ်လိုပဲ‌ပြော‌တော့ ကျမအတွက် ခက်ခဲတယ်။ နားလည်‌ပေမဲ့ ပြန်‌ပြောခိုင်းတဲ့ အခါကျရင် အခြားသူ‌တွေ လိုမျိုး ချက်ခြင်းပြန်မ‌ပြောနိုင်ဘူး။ ‌ကျောင်းထွက်ချင်တဲ့အထိ စိတ်ဓာတ်‌တော်‌တော်ကျသွားတယ်။ ဒါ‌ပေမဲ့ အဲ့‌ကျောင်းကို ခက်ခက်ခဲခဲနဲ့ ဝင်ခွင့်ရ‌အောင် ‌ဖြေထားရတယ်ဆို‌တော့ သူများ‌တွေလည်း ‌ခေါင်းတစ်လုံး ‌ခြေနှစ်‌ချောင်း လက်နှစ်‌ချောင်းနဲ့ပဲ‌လေ။ သူတို့‌တောင် ‌ပြောနိုင်ရင်ကျမလည်း ‌ပြောနိုင်ရမယ်ဆိုပြီး ကိုယ့်ကိုကို ပြန်အား‌ပေးပြီး ဆက်တက်လိုက်တယ်”လို့ ဆိုပါတယ်။

‌နော်‌မေပလဲ‌နေထူးဟာ ပညာ‌ရေးကို တန်ဖိုးထားလိုက်စားသလို ကိုယ့်ကရင်အမျိုးသား‌ရေး လုပ်ငန်း‌တွေမှာ လည်း တက်တက်ကြွကြွနဲ့ လူငယ်အခန်းကဏ္ဍ‌တွေမှာ ပါဝင်‌နေပါတယ်။ လက်ရှိမှာ‌တော့ ‌မြောင်းမြကရင်စာ‌ပေ နှင့် ယဉ်‌ကျေးမှု‌ကော်မတီမှာ လူငယ်ကိုယ်စားလှယ်အပြင် ‌မြောင်းမြကရင်လူငယ်အဖွဲ့မှာလည်း အတွင်း‌ရေးမှူး တာဝန်ကိုပါ ယူထားတာ ဖြစ်ပါတယ်။ သူမဟာ မိမိကရင်လူမျိုး‌တွေ အဖက်ဖက်က‌နေ တိုးတက်ပြီး လူမျိုး မ‌ပျောက်‌အောင်၊ အခြားသူ‌တွေရဲ့ ဖိနှိပ်မှု‌အောက်က‌နေ ရုန်းထွက်နိုင်‌အောင် ခံယူချက်နဲ့ ဒီအမျိုးသားကို ‌ဆောင်ရွက်‌နေတာလည်း ဖြစ်ပါတယ်။

အမျိုးသား‌ရေးအ‌ပေါ် သူမက “သမိုင်းက ‌ပေးခဲ့တဲ့ သင်ခန်းစာ‌တွေကို သိရှိနားလည်မယ်ဆိုရင် ကိုယ့်လက်ထက်မှာ ‌နေထိုင်ရာ‌ဒေသ ကိုးကွယ်ရာ ဘာသာ‌တွေအ‌ပေါ် မူတည်ပြီး‌တော့မှ မခွဲခြား၊ မကွဲပြားကြဘဲနဲ့ ကျွန်ုပ်တို့အားလုံးဟာ ကရင်လူမျိုး‌တွေပါပဲဆိုပြီး စည်းလုံးညီညွတ်ကြမယ်။ အဲလိုဆိုရင် ကရင်လူမျိုးဟာ ကမ္ဘာတည်‌နေသ၍ တည်ရှိ‌နေအုံးမယ်ဆိုတာ မလွဲဧကန်ပါပဲ”ဆိုပြီး ကရင်‌တွေ စည်းလုံး‌စေလိုတဲ့ သူမရဲ့ အမြင်ကို ထုတ်‌ဖော်‌ပြောဆိုခဲ့ပါတယ်။

ထို့နည်းစွာပဲ လူငယ်‌တွေကို သူမ တိုက်တွန်းလိုတာက “ယ‌နေ့ အသက်ရှင်‌နေတဲ့ ကရင်လူငယ်‌တွေ ‌နောင်လာမယ့် မျိုးဆက်သစ်ကရင်လူငယ်‌တွေအတွက် အ‌ကောင်းဆုံး သမိုင်းကို ‌ရေးပြီး ချန်ထားခဲ့ကြပါစို့”လို့ ‌ပြောဆိုသွားတဲ့အ‌ကြောင်း တင်ပြလိုက်ရပါတယ်။