Home သတင်း ၂၁ ရာစုပင်လုံညီလာခံမတိုင်ခင် တပ်မ‌တော်မှ ထိုးစစ်ရပ်တန့်‌ပေးရန်လိုအပ်‌ကြောင်း WLB ‌ပြောဆို

၂၁ ရာစုပင်လုံညီလာခံမတိုင်ခင် တပ်မ‌တော်မှ ထိုးစစ်ရပ်တန့်‌ပေးရန်လိုအပ်‌ကြောင်း WLB ‌ပြောဆို

2218
ဇွန် ၁၆ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

အစိုးရသစ်မှ စီစဉ်‌နေသည့် ၂၁ရာစုပင်လုံ ငြိမ်းချမ်း‌ရေးညီလာခံ ကျင်းပမည်ဆိုပါက မြန်မာ့တပ်မ‌တော် အ‌နေဖြင့် တိုင်းရင်းသား‌ဒေသအချို့တွင် ဖြစ်ပွား‌နေသည့် ထိုးစစ်ဆင်‌နေမှုများနှင့် တပ်‌နေရာတိုးချဲ့‌နေမှု များကို ဦးစွာ ရပ်တန့်‌ပေးရန်လိုအပ်‌ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က ဇွန် ၁၆ရက်‌နေ့စွဲဖြင့် သ‌ဘောထားထုတ်ပြန်‌ပြောဆိုလိုက်သည်။

လက်ရှိ ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ်များတွင် မြန်မာ့တပ်မ‌တော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့အကြား စစ်‌ရေးပဋိပက္ခဖြစ်ပွားလျှက်ရှိ‌နေ‌သေးသည့်အ‌ခြေအ‌နေများမှာ ၂၁ပင်လုံ ငြိမ်းချမ်း‌ရေး ညီလာခံအတွက် စိုးရိမ်ဖွယ်ရာဖြစ်‌ကြောင်း WLB အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ဂျူလီယာမရစ်ပ်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“အရင်အစိုးရလက်ထက် ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ တပ်မ‌တော်ဘက်က ထိုးစစ်ဆင်မှု‌တွေ အရှိန်မြင့်လာတဲ့ အတွက် စစ်မှန်တဲ့ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ဖို့ ကျမတို့စိုးရိမ်ခဲ့တယ်။ အခု အစိုးရသစ် လက်ထက်မှာလည်း ဒီစစ်‌ရေးပြဿနာက ဆက်ရှိ‌နေ‌တော့ ၂၁ပင်လုံငြိမ်းချမ်း‌ရေး ညီလာခံဖြစ်ပါ‌စေအုံး ကျမတို့စိုးရိမ် သံသယ ဖြစ်မိတယ်။ အဲဒါ‌ကြောင့် ညီလာခံမဖြစ်ခင်မှာ ဒီထိုးစစ်‌တွေကို လုံးဝရပ်တန့်‌ပေးဖို့ ကျမတို့ ‌ပြောဆိုရခြင်း ဖြစ်ပါတယ်”ဟု သူမက ‌ပြောသည်။

အစိုးရသစ်အ‌နေဖြင့် ၂၁ရာစုပင်လုံငြိမ်းချမ်း‌ရေး ညီလာခံကို လာမည့် ဩဂုတ်လ (သို့မဟုတ်) စက်တင် ဘာလ‌လောက်တွင် ကျင်းပနိုင်ရန် စီစဉ်‌နေ‌ကြောင်းနှင့် ယင်းညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်နိုင်‌ရေးကြိုးစားမည်ဖြစ်‌ကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၇ရက်‌နေ့က ‌နေပြည်‌တော်တွင် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲ‌ရေးပူးတွဲ ‌စောင့်ကြည့်‌ရေး‌ကော်မတီ(ပြည်‌ထောင်စုအဆင့်)JMC-U နှင့်‌တွေ့ဆုံစဉ် နိုင်ငံ‌တော်အတိုင်ပင်ခံ ပုဂ္ဂိုလ်‌ဒေါ်‌အောင်ဆန်းစုကြည်မှ ‌ပြောဆိုမှုများရှိခဲ့သည်။

ညီလာခံတွင် အားလုံး ပါဝင်နိုင်‌ရေးနှင့်ပတ်သက်ပြီး လက်ခံကြိုဆိုမှုများရှိ‌နေ‌သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးစာချုပ်-NCA လက်မှတ်‌ရေးထိုးထားခြင်းမရှိ‌သေးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ‌ဒေသအတွင်း ဆက်လက်ဖြစ်ပွား‌နေသည့် စစ်‌ရေးအ‌ခြေအ‌နေများ‌ကြောင့် နိုင်ငံ‌ရေးအသိုင်း အဝိုင်းများအကြား စိုးရိမ်မှုများရှိ‌နေသလို စစ်ပွဲရပ်တန့်‌ရေးအတွက်လည်း လိုလား‌နေကြသည်။

ထို့အပြင် WLB ၏ ‌ကြေညာချက်တွင် လတ်တ‌လောဖြစ်ပွား‌နေသည့် စစ်‌ရေးပဋိပက္ခ‌ကြောင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများနှင့် စစ်‌ဘေးဒုက္ခသည်ဦး‌ရေ တိုးပွားလာမှု ‌နောက်ဆက်တွဲများကို ‌ထောက်ပြပြီး တရားမျှတ မှုဖြစ်‌အောင် အစိုးရသစ်မှ ‌ဖော်‌ဆောင်‌ပေးရန်အပြင် နိုင်ငံတကာမှလည်း စစ်‌ဘေးဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အကူအညီများ ဆက်လက်ပံ့ပိုးသွားရန် လိုအပ်‌ကြောင်း ‌တောင်းဆိုထားသည်။

လက်ရှိ တိုင်းရင်းသားအမျိုးသမီးအဖွဲ့အများစု ပါဝင်‌သော အဖွဲ့ ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် WLB ကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်‌နေ့တွင် ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများဘဝမြှင့်တင်‌ရေး၊ ဒီမိုက‌ရေစီအ‌ရေး၊ လူအခွင့်အ‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်‌ရေးအတွက် ‌ဆောင်ရွက်‌ပေး‌နေသည့် အဖွဲ့အစည်းဖြစ်သည်။