KIC News
အပစ်ရပ်စာချုပ်-NCA ဖော်ဆောင်မှု မှတ်တမ်းစာအုပ် KNU ထုတ်ဝေမည်
အောက်တိုဘာ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် အစိုးရတို့ လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို အများ ပြည်သူ သိရှိနိုင်ရန် ကေအဲန်ယူ ဗဟို စည်းရုံးရေးနှင့် ပြန်ကြားရေးဌာနက မှတ်တမ်းစာအုပ် ပြုစုထုတ်ဝေသွားမည်ဖြစ်ကြောင်း ယင်းဋ္ဌာန၏တာဝန်ခံ ပဒိုစောလှထွန်းက ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။
“အစိုးရအဆက်ဆက်နဲ့ အရင်က...
အသိမ်းခံလယ်မြေဧက ၂၀၀၀ကျော်ကို ပြန်ရယူလိုဟု ပန်းတနော်မြို့နယ် လယ်သမားများ ပြောဆို
အောက်တိုဘာ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြစ်ဝရေကြီးကွင်း၌် ဖိုးလမင်းကုမ္ပဏီမှ ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်ရန် လွန်ခဲ့သည့်နှစ် ၂ဝခန့်က သိမ်းယူထားသည့် ဘိုးဘွားပိုင်လယ်မြေ ဧက ၂၀၀၀ကျော်ကို ပြန်လည်ရယူလို သည်ဟု လယ်ယာမြေသိမ်းဆည်းခြင်းခံရသည့် လယ်သမားများက အောက်တိုဘာလ...
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စောတင်ဝင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD
"တိုင်းရင်းသားအရေးက ဒီဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ အသုံးအနှုန်းကို ဘယ်သူမှမသုံးခင်ကတည်းက အန်ကယ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သုံးခဲ့တယ်။"
မေး - ဒီ ၂၀၁၅ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ။ ဒီဒေသမှာဝင်ပြိုင်တာ အဓိကပြိုင်ဘက် ပါတီက ဘယ်ပါတီဖြစ်မလဲ။
ပြင်ဆင်ထားတာတော့ ပါတီဆိုင်းဘုတ်လိုက်ထူတာ၊ လိုအပ်တဲ့ voter education ဆိုတဲ့ မဲပေးပုံပေးနည်းတွေ အကုန် လုံး...
မြစ်ဝကျွန်းပေါ် ပိုးကရင်များကို အနောက်ပိုးအစား ပိုး(ဖလုံး)ဟုခေါ်ရန် ဆုံးဖြတ်
အာက်တိုဘာ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
နှစ်ပေါင်း ၅၀ကျော်ကြာ ဧရာဝတီတိုင်းဒေသတွင် နေထိုင်ကြသော ပိုးကရင်မျိုးနွယ်စုများကို အနောက်ပိုးဟု ခေါ်ဝေါ်ခဲ့ရာမှ ပိုး (ဖလုံး)ဟု ခေါ်ဆိုသွားရန် အောက်တိုဘာလ ၂၉ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ပြုလုပ်သည့် ကရင်မျိုးနွယ်စုအမှန်ဖော်ထုတ်ရေး တိုင်းအဆင့်ဆွေးနွေးပွဲတွင် ဆုံးဖြတ်လိုက်သည်ဟု ကရင့်ရေးရာကော်မတီ အတွင်းရေးမှူး...
မှန်ကန်စွာ မဲထည့်နိုင်သူ ၂ဝရာခိုင်နှုန်းသာရှိမည်ဟု အရပ်ဖက်နှင့် ပါတီကိုယ်စားလှယ်များ သုံးသပ်
အောက်တိုဘာ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
လာမည့် ရက်သတ္တပတ်ကျော်အတွင်း ကျင်းပတော့မည့် ၂၀၁၅ရွေးကောက်ပွဲ၌ ကရင်ပြည်နယ်၏ မြို့နယ် ၇မြို့နယ်ရှိ မဲထည့်ပိုင် ခွင့်ရှိသူများအနက် မှန်မှန်ကန်ကန် မဲထည့်နိုင်မည့်သူမှာ ၂ဝရာခိုင်နှုန်းသာရှိမည်ဟု မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများ လုပ်ဆောင် နေသည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီကိုယ်စားလှယ်အချို့က သုံးသပ်ပြောဆိုသည်။
မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် ကရင်ပြည်နယ် အရပ်ဖက်...
ရွေးကောက်ပွဲနှင့် အပစ်ခတ်ရပ်စဲရေးအပေါ် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဦးကိုကိုကြီး၏ ပြောဆိုမှုကို တွေ့ဆုံမေးမြန်းထားချက်
ဒီမိုကရေစီရဲ့ စံချိန်စံညွှန်းတစ်ခုဟာ ရွေးကောက်ပွဲတွေ အချိန်မှန်ကျင်းပရမယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ပတ်ဝန်း ကျင်ရှိမှ အဲဒီရွေးကောက်ပွဲဟာ သန့်ရှင်းလွတ်လပ်မျှတတယ်လို့ ကျနော်တို့ဆုံးဖြတ်နိုင်မယ်။ ဒါက စံချိန်စံညွှန်းအရ။ ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်ကုန်ပိုင်း ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးဆိုလို့ ဖျက်သိမ်းတာ အဲဒီအချိန်တုန်းကလည်း နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးပြီးတော့ လစ်လပ်နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို...
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၈ဖွဲ့နှင့် မြန်မာအစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို နှစ်ဖက် လက်မှတ်ရေးထိုးသည့်အပေါ် သုံးသပ်ချက်အချို့
အရှင်ပညာသာမိ (တောင်ကလေးဆရာတော်)
အပစ်ရပ်စာချုပ်ဟာ နိုင်ငံရေးလမ်းပြစာချုပ် မဟုတ်ဘူး။ ဒီစာချုပ်ဟာ ငြိမ်းချမ်းရေးကို အကောင်အထည်မဖော်ဆောင် နိုင်ဘူးလို့ မြင်ပါတယ်။ ဖြစ်သင့်တာက တစ်နိုင်ငံလုံး တိုင်းရင်းသားအားလုံး ပါဝင်ရမယ်။ အခုလို အားလုံး မပါဝင်တော့ ပြည် တွင်းစစ်အသွင် ဖြစ်ပေါ်စေနိုင်တယ်။ ပြည်ထောင်စုတိုင်းပြည်ဟာ ပြည်ထောင်စုဖက်ဒရယ်ဖြစ်မှ ပြည်တွင်းငြိမ်းချမ်းမယ်။
ငြိမ်းချမ်းရေးကို အကြောင်းပြပြီး...
တသီးပုဂ္ဂလ အမျိုးသမီးကိုယ်စားလှယ်လောင်း နန်းမြအေး
"အမျိုးသမီးတွေဟာ ကလေးကိုချီပြီး စစ်ပြေးကြရတဲ့ဘဝမျိုး နောက်ထပ်မဖြစ်ရလေအောင် စစ်ကို အနောတို့ တားဆီးရမယ်။"
မေး - ယခုလို ကရင်ပြည်နယ်တစ်လုံးမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မယ့် အမျိုးသမီးကိုယ်စားလှယ် လောင်းဦးရေ ၃၃ဦးပဲရှိပြီး အလွန်နည်းနေတာတွေ့ရတယ်။ အဲဒီအပေါ်မှာ အနောအနေနဲ့ ဘာတွေပြောချင်သလဲ။
အနောအမြင်က အမျိုးသမီးတွေဟာ လွှတ်တော်မှာ အမျိုးသမီးများ...
တက်သစ်စ လူငယ်လက်ဝှေ့သမား စောအဲရှူး (ခေါ်) စောဘဦးရဲ့ လူငယ့်အမြင်
လက်ဝှေ့အားကစား ဝါသနာရှင်များစွာအနက် ငယ်စဉ်ကတည်းက စိတ်ဝင်စားပြီး မျှော်လင့်ချက်၊ ရည်မှန်းချက်များစွာနဲ့ မြန်မာ့ လက်ဝှေ့လောကကို ရောက်လာသူတစ်ဦးက ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ရွာသား အသက် ၂၇နှစ်အရွယ် စောအဲရှူးပဲဖြစ်ပါတယ်။ မွေးချင်းညီအစ်ကို ၅ဦးထဲမှာ အကြီးဆုံးသားဖြစ်ပြီး ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော် ကြိုးစား နေတဲ့ ကရင်လူငယ်တစ်ဦးဖြစ်သလို လက်ဝှေ့လောကမှာတော့...
ကရင်ပါတီများ အမှတ်တံဆိပ် ဆင်တူရိုးမှားဖြစ်၍ ဒေသခံများ ခွဲခြားရန် ခက်ခဲနေ
အောက်တိုဘာ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်ရှိ မြို့နယ် ၇မြို့နယ်တွင် ရွေးကောက်ပွဲဝင်မည့် ကရင်နိုင်ငံရေးပါတီ ၆ပါတီ၏ အမှတ်တံဆိပ်များသည် ကရင်အ မျိုးသားများ အမှတ်သကေင်္တဖြစ်သည့် ကျွဲချိုနှင့် ဖားစည် အမှတ်တံဆိပ်များ အားလုံး ပါရှိနေသောကြောင့် ဒေသခံများအနေ ဖြင့် ယင်းပါတီများ၏ အမှတ်တံဆိပ်များကို ခွဲခြားရန် ခက်ခဲနေသည်ဟု...














