Home သတင်း ဖိုင်ဘာဆက်‌ကြောင်း ပြန်‌ဖော်ထုတ်ရာ စပါးပင်များ ပျက်စီးမှု မ‌ဖြေရှင်း‌ပေးသဖြင့် လယ်သမားအချို့ မ‌ကျေနပ်

ဖိုင်ဘာဆက်‌ကြောင်း ပြန်‌ဖော်ထုတ်ရာ စပါးပင်များ ပျက်စီးမှု မ‌ဖြေရှင်း‌ပေးသဖြင့် လယ်သမားအချို့ မ‌ကျေနပ်

2268

ဇူလိုင် ၉ရက်၊ ၂၀၁၆ရက်။ ‌စောညွန့်‌သောင်း

မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်း MPT နှင့် Telenor ဆက်သွယ်‌ရေး ဖိုင်ဘာဆက်‌ကြောင်းကို ဖားအံမြို့နယ်၊ ‌နောင်ကမြိုင်‌ကျေးရွာ မှ လယ်‌မြေ‌ပေါ်တွင် မြှုပ်နှံထားပြီး‌နောက် ပြန်လည်‌ဖော်ထုတ်ယူရာ၌ စပါးပင်များ ပျက်စီးသွားခဲ့သည်ကို ‌ဖြေရှင်း‌ပေးခြင်း မရှိသ ဖြင့် လယ်ပိုင်ရှင်အချို့မှာ ‌ကျေနပ်မှုမရှိ‌ကြောင်း သိရသည်။

အဆိုပါ ဖိုင်ဘာဆက်‌ကြောင်း တူး‌ဖော်ခြင်းကို အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်‌နေ‌သော Fiber Optic Communication Net-work Co. Ltd မှ ‌ဖြေရှင်း‌ပေးရန် ‌မြေ‌ပေါ်ထိခိုက်ခံရသည့် ‌ဒေသခံများက ယခုနှစ်၊ ‌မေလအတွင်းက ‌တောင်းဆိုထားမှုများ ရှိခဲ့ ‌သော်လည်း တူး‌ဖော်မှုကို ‌ခေတ္တခဏသာ ရပ်တန့်ထားကာ ဇူလိုင် ၄ရက်‌နေ့က ပြန်လည်တူး‌ဖော်မှု ပြုလုပ်ခဲ့ရာမှ စိုက်ထားသည့် ‌ဒေသခံစပါးပင်များ ပျက်စီး‌နေခြင်းဖြစ်သည်။

‌နောင်ကမြိုင်ရွာသားတစ်ဦးဖြစ်သူ ‌စောအနိုင်က “လယ်သမား‌တွေက ‌ဖြေရှင်း‌ပေးဖို့‌တောင်းဆို‌တော့ သူတို့က ‌ဖြေရှင်းတာ မ‌တွေ့ ရဘူး။ မြှုပ်နှံထားတဲ့ ကြိုးများကို‌တော့ သူတို့ ပြန်လာထုတ်သွားကြပါတယ်။ ဒါ‌ပေမယ့် စပါးပင်‌တွေ အများကြီး ပျက်စီးသွား တယ်။ ပျက်စီးသွားတဲ့ အဲဒီစပါးပင်‌တွေကို‌တော့ ဘာ‌လျော်‌ကြေးမှမ‌ပေး‌တော့ လယ်သမား‌တွေက မ‌ကျေနပ်ကြဘူး”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

ထို့အပြင် မြှုပ်ထား‌သော ဖိုင်ဘာဆက်‌ကြောင်းကြိုးများ ပြန်လည်တူး‌ဖော်ခြင်းနှင့်ပတ်သက်၍ စပါးပျက်စီးသွား‌သော ပိုင်ရှင်လယ် သမားများအ‌နေဖြင့် ‌လျော်‌ကြေးလိုချင်ကြ‌သော်လည်း လယ်သမားအချို့က ‌ကြောက်ရွံ့မှုများရှိသဖြင့် မ‌ပြောဆိုရဲကြ‌ကြောင်း သူ က ဆက်‌ပြောသည်။
image-0.02.01.e146e57f802dc2d2418996e445cbf0dd296d9369cc4f784304e17ebe103dbe9f-V
၎င်းကိစ္စအ‌ပေါ် ‌နောင်ကမြိုင်‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စော‌မောင်တုက “ဒီကိစ္စမှာ ကုမ္ပဏီက ‌လျော်‌ကြေး‌ပေးပါတယ်။ ၁သိန်း ‌ကျော် တစ်ဦးရယ်၊ ၁‌သောင်းနဲ့ တစ်ဦးရယ်။ ကုမ္ပဏီက ဘယ်လိုတွက်ချက်ဘယ်လို‌ပေးလဲ‌တော့ ကျ‌နော်မသိဘူး”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

‌နောင်ကမြိုင်တွင် MPT နှင့် Telenor မြန်မာဖုန်းလိုင်းအတွက် ‌မြေ‌အောက် ဆက်သွယ်‌ရေးဖိုင်ဘာ ဆက်‌ကြောင်း‌ဖောက်လုပ်ရာ တွင် ‌ဒေသခံလယ်သမား ၄၂ဦး၏ လယ်ယာ‌မြေ‌ပေါ်ကို ဖြတ်သန်းသွားပြီး အချို့တွင် အိမ်ခြံ‌မြေအတွင်းသို့ ဖြတ်သန်းခြင်းခံကြရ ခြင်း ဖြစ်သည်။

Fiber Optic Communication Network Co Lt.d သည် ယခုလို ဖိုင်ဘာဆက်‌ကြောင်းကြိုးများ ပြန်လည်ထုတ်ယူခဲ့‌သော် လည်း ‌နောင်ကမြိုင်ရွာရှိ အခြားလယ်‌မြေများတွင် ဆက်လက် တူး‌ဖော်မှုများ ပြုလုပ်‌နေ‌ကြောင်း ‌နောင်ကမြိုင်‌ဒေသခံများက ‌ပြောဆိုသည်။