KIC News
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ JMC-U ဒုဥက္ကဌဖြစ်သူ KNLA စစ်ထောက်ချုပ် ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးနှင့် တွေ့ဆုံမေးမြန်းခြင်း
မေလ ၂ဝ ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်-NCA လက်မှတ်ရေးထိုးပြီးနောက် စာချုပ်ပါအကောင်အထည် ဖော်ရမည့် လုပ်ငန်းတစ်ခုဖြစ်သည့် ‘ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ ’ JMC ကို ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ လက်ရှိ JMC ၏ အခြေအနေနှင့် လုပ်ငန်း...
ကေအဲန်ယူ၏ အခြေခံ ခေါင်းစဉ်ကြီး ၅ရပ်အပေါ် အမြင်သဘောထားများ
မေလ ၂ဝ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုုံး(ကေအဲန်ယူ)မှ မူကြမ်းအဖြစ် ပြုစုထားသည့် နိုုင်ငံရေး၊ အုပ်ချုပ်ရေး နှင့်လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် မြေယာနှင့် သယံဇာတ စသည့် ခေါင်းစဉ်ကြီး ၅ရပ်ကိုု ပြည်တွင်းရှိ ကရင်နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်း များနှင့်...
မြောင်းမြမြို့နယ် ရှစ်အိမ်တန်း-ကျောင်းစု ရွာချင်းဆက်တံတား ကိုယ်ထူကိုယ်ထ တည်ဆောက်ပြီးစီး
မေ ၁၈ ရက်၊ ၂၀၁၆ ခုနှစ်။ စောထွန်းလင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ သိလ္လာတိုက်နယ်၊ ပျဉ်လုံကျေးရွာအုပ်စုရှိ ရှစ်အိမ်တန်းရွာနှင့် ကျောင်းစုကျေးရွာချင်းဆက်တံတားကို ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ပြီး ယင်းတံတားဖွင့်ပွဲကို မေ ၂၂ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု တံတားတည်ဆောက်ရေး ဦးဆောင်စီစဉ်သူများက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ တံတားဖြစ်မြောက်ရန် ပြည်တွင်း၊...
KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
မေလ ၁၈ ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(KNU)က ဦးဆောင်ပြီး ပြည်တွင်း၊ ပြည်ပနှင့် နယ်စပ်ဒေသရှိ ကရင်အမျိုးသား အလွှာပေါင်းစုံ ပါဝင်သည့် ကရင်အမျိုးသား နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ KNU တပ်မဟာ (၇)နယ်မြေ လေးဝါး(လော်ခီးလာ)နေရာ၌ မေ ၁၆ရက်နေ့မှ ၂ဝရက်နေ့အထိ ပြုလုပ်လျှက်ရှိသည်။...
မသန်စွမ်း အားကစားပြိုင်ပွဲ ဖားအံမြို့တွင် ပထမဆုံးအကြိမ် ကျင်းပ
မေလ ၁၈ ရက်၊၂၀၁၆ ခုနှစ်။ နန့်သွာဖောင်
မသန်စွမ်းသူများ လူမှုအသိုင်းအဝိုင်းအတွင်း ပိုမိုဝင်ဆံ့လာစေရန်နှင့် ယင်းတို့၏ အခန်းကဏ္ဍတို့ကို အများ ပြည်သူ သတိပြုမိရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဩစတျေးလျ ကြက်ခြေနီအသင်းနှင့် ကရင် ပြည်နယ် မသန်စွမ်းအားကစားကော်မတီတို့ပူးပေါင်းကာ ဖားအံမြို့၊ အမှတ် ၁ရက်ကွက်၊ ပုဒုမ္မာလမ်းရှိ ပြည်နယ်...
ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲတွင် ခေါင်းစဉ်ကြီး ၅ခုဖြင့် ဆွေးနွေးသွားမည်ဟု ဆို
မေလ ၁၆ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ကရင်အဖွဲ့အစည်းစုံ ပါဝင်သည့် ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကို ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ လေးဝါး(လော်ခီးလာ)၌ မေလ ၁၆ရက်နေ့တွင် စတင်ကျင်းပနေပြီး နှီးနှောဖလှယ်ပွဲတွင် ခေါင်းစဉ်ကြီး ၅ခုဖြင့် ဆွေးနွေးသွားမည်ဟု ကေအဲန်ယူက ပြောဆိုသည်။
မေလ ၁၆ ရက်မှ ၂ဝရက်နေ့အထိ ကျင်းပသွားမည့် နှီးနှောဖလှယ်ပွဲတွင်...
မင်းလွင်တောင် ကျောက်ထုတ်လုပ်မှုလုပ်ငန်းအားလုံး ရပ်ဆိုင်းနိုင်တော့မည်
မေလ ၁၆ ရက်၊ ၂၀၁၆ ခုနှစ်။ စောခါးစူးညား
မွန်ပြည်နယ်၊ သထုံမြို့နယ် ပိန္နဲတောကျေးရွာအုပ်စုရှိ မင်းလွင်တောင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ဖြူမင်းထွန်းကုမ္ပဏီမှ လုပ်ဆောင်ခဲ့သည့် ကျောက်ထုတ်လုပ်မှုအပြင် အသေးစား လက်လုပ်လက်စား ကျောက်ထုတ်လုပ်မှုလုပ်ငန်းကိုပါ အားလုံး ရပ်ဆိုင်းနိုင်တော့မည်ဟု မင်းလွင်ဒေသခံများထံမှ သိရသည်။
မင်းလွင်တောင် ကျောက်ထုတ်လုပ်ငန်းများ အပြီးသတ် ရပ်ဆိုင်းရန်...
KNLA တပ်မဟာ(၅)တွင် အစိုးရတပ်ဖွဲ့ဝင် နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိ
မေလ ၁၆ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် ခေါပို့ဒေသတွင် မေလ ၁၁ရက်နေ့က မြန်မာအစိုးရ တပ်မတော် တပ်ဖွဲ့ဝင် နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရှိခဲ့သည်ဟု သိရှိရသည်။
ခေါပို့ဒေသအတွင်းရှိ အစိုးရတပ်မတော်...
အကောင်းဆုံးသမိုင်းကို ရေးထိုးချန်ထားခဲ့ကြပါစို့
(လူငယ့်အသံ)
မေလ ၁၃ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင်လူငယ်တွေကို နောက်လိုက်စိတ်ထက် ခေါင်းဆောင်လိုစိတ်ကို မွေးမြူကြဖို့ တိုက်တွန်းပြောဆိုလာသူက မြောင်းမြ စကောကရင်သာသနာနယ်ရဲ့ “ခေါင်းဆောင်မြှင့်တင်ရေးဌာန”မှာ ဒါရိုက်တာအဖြစ် တာဝန်ယူနေတဲ့ အသက် ၂၃နှစ်အရွယ် နော်မေပလဲနေထူး ဆိုသူပါ။ သူမ အခုလို တိုက်တွန်းပြောဆိုရတာဟာ ယနေ့ခေတ် ကရင်လူငယ်တွေအပေါ်...
KNU မြေယာမူဝါဒများကို သိရှိနားလည်ရန် ကရင်ပြည်နယ် ကျောက်တံခါးအောက်ရွာတွင် အလုပ်ရုံဆွေးနွေး
မေလ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင်ရှိ သစ်တောကြိုးဝိုင်း သတ်မှတ်ခံရသောဒေသများတွင် ဒေသခံအတွက် KNU မြေယာမူဝါဒများကို သိရှိနားလည်ရန် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့နယ်ခွဲ ကျောက်တံခါးအောက်ရွာ၌ မေလ ၁၂ရက်နေ့တွင် ခရိုင်သစ်တောနှင့် လယ်ယာမြေ ဌာနတာဝန်ခံများက လယ်ယာမြေဥပဒေနှင့် နည်းဥပဒေအလုပ်ရုံဆွေးနွေးပွဲ သွားရောက်ပြုလုပ်ခဲ့သည်။
KNU မြေယာမူဝါဒများကို...















