Home သတင်း ‌ထော်က‌လော်ထာ့ ကိုယ်ထူကိုယ်ထ‌ကျောင်း အသစ်‌ဆောက်‌ရေး ကြန့်ကြာ‌နေ

‌ထော်က‌လော်ထာ့ ကိုယ်ထူကိုယ်ထ‌ကျောင်း အသစ်‌ဆောက်‌ရေး ကြန့်ကြာ‌နေ

1759

ဒီဇင်ဘာ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား

ဘီးလင်းမြို့နယ် ‌ထော်က‌လော်ထ ကိုယ်ထူကိုယ်ထ မူလတန်း‌ကျောင်းကို တစ်နှစ်အတွင်း တည်‌ဆောက်သွားရန် စီစဉ်ထားခဲ့ ‌သော်လည်း သုံးနှစ်တိုင် ကုန်လွန်သွားသည့်တိုင်‌အောင် မတည်‌ဆောက်နိုင်‌သေးဘဲ ကြန့်ကြာ‌နေသဖြင့် အမြန်ဆုံး တည် ‌ဆောက်‌ပေးရန် ရွာခံများက ဒီဇင်ဘာလ ၁၉ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းစာသင်‌ကျောင်းကို အသစ်တည်‌ဆောက်ရန် ရည်ရွယ်၍ ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က ‌ကျေးရွာသူကြီးနှင့် တာဝန်ရှိသူအချို့က လိုအပ်သည့် သစ်များကို ခုတ်ယူစု‌ဆောင်းကာ ‌ကျောင်းတည်‌ဆောက်‌ပေးသွားမည်ဟု ‌ပြောဆိုထားခဲ့‌ကြောင်း သိရသည်။

‌ထော်က‌လော်ထာ့‌ကျေးရွာ ‌ကျောင်းသားမိဘတစ်ဦးဖြစ်သူ ‌စော‌ကျောပရက်က “‌ကျောင်းက ‌တော်‌တော်ကို ပျက်စီး‌နေပြီဗျာ။ ကျ‌နော်တို့ က‌လေး‌တွေ ဒီအတိုင်းပဲ ဆက်တက်တာကို‌တော့ စိုးရိမ်တယ်။ အမြန်ဆုံး တည်‌ဆောက်‌ပေး‌စေချင်ပါတယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

ရွာ၏အလယ်တွင် တည်‌ဆောက်ထားပြီး အခင်း၊ အကာ၊ ‌ခေါင်မိုး၊ ‌လှေကား၊ အတိုင်နှင့် ခုံ၊ စားပွဲ၊ ကုလားထိုင် ယိုယွင်းပျက်စီး ‌နေသည့် ‌ထော်က‌လော်ထာ့ရွာ စာသင်‌ကျောင်းတွင် ‌ကျောင်းသူ‌ကျောင်းသား ၆၀‌ကျော် တက်‌ရောက်၍ ပညာသင်ယူလျှက်ရှိပြီး ‌ကျောင်းဆရာ/ဆရာမ ၄ဦးက စာသင်ကြား‌ပေးလျှက်ရှိသည်။

ပျက်စီး‌တော့မည့် အဆိုပါစာသင်‌ကျောင်းကို အသစ်မတည်‌ဆောက်ဘဲ ဆက်လက်ထားရှိပါက က‌လေးများအတွက် ‌နေရာထိုင် ခင်း အခက်အခဲ ရှိလာမည်ဖြစ်သလို မ‌တော်တဆ ထိခိုက်မှုလည်း များပြားလာမည်ဖြစ်သည်ဟု ‌ဒေသခံလည်းဖြစ်သူ ‌ထော်က ‌လော်ထာ့ လက်‌ထောက်‌ကျောင်းအုပ်ဆရာမ ‌နော်‌ချော‌လေးက ယခုလို ‌ပြောသည်။

“‌ကျောင်းရဲ့ ‌လှေကားဆို လက်ရမ်း ကွာချ‌နေပြီ။ ‌ရေအိုးစင်‌နေရာလည်း မရှိ‌တော့ ‌ရေပုံးနဲ့ ‌သောက်သုံး‌ရေ ထည့်‌သောက်ရတာ ‌ပေါ့။ အဲလိုလုပ်ရ‌တော့ က‌လေး‌တွေက ကြမ်းခင်း‌ပေါ်မှာ ‌ရေ‌လောင်းချတာလည်းရှိ‌တော့ အခင်း‌တွေ‌ဆွေးလို့ ကျွံကျတာ ရှိတယ်။ ‌ကျောင်းတက်‌နေတဲ့ က‌လေး‌တွေအတွက် စိုးရိမ်မိတာ အမှန်ပဲ”ဟု ‌နော်‌ချော‌လေးက ‌ပြောဆိုသည်။

‌ကျေးရွာ‌ကျောင်း‌ကော်မတီဝင်တစ်ဦးဖြစ်သူ ‌စော‌ကျော်ကွီးကလည်း “ရွာက တာဝန်ရှိသူတို့က တိုင်ပင်ပြီး ‌ကျောင်းတည်‌ဆောက် ‌ပေးမယ်‌ပေါ့။ သုံးနှစ်‌တောင် ရှိပြီဆို‌တော့ ရွာသား‌တွေကလည်း ကျ‌နော်တို့ကို ‌မေးလာပြီ။ ဒါ‌ကြောင့် ဒီ‌ကျောင်း ဖြစ်‌မြောက်ပြီးစီး ဖို့အတွက် ဆက်လက် ကြိုးစားရမယ်‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ထော်က‌လော်ထာ့ စာသင်‌ကျောင်းသည် ပြီးခဲ့သည့် နှစ် ၂၀‌ကျော်က ‌ကျေးရွာ‌ဒေသခံများ စု‌ပေါင်းတည်‌ဆောက်ခဲ့သည့် ကိုယ်ထူ ကိုယ်ထ စာသင်‌ကျောင်းဖြစ်ပြီး လိုအပ်သည့် ‌ကျောင်းသုံးကိရိယာများကို ကရင်ပညာ‌ရေးဌာန(KED)က ‌ထောက်ပံ့‌ပေး‌နေခြင်း ဖြစ်သည်။