Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ‌ဒေသခံပြည်သူများ သိနားလည်ရန် KPU သင်တန်းပြုလုပ်

ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ‌ဒေသခံပြည်သူများ သိနားလည်ရန် KPU သင်တန်းပြုလုပ်

1853

ဒီဇင်ဘာ၂၃ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ပြည်သူလူထုများ သိရှိနားလည်‌စေရန် ကရင်အမျိုးသမီးစွမ်းရည်မြှင့်တင်‌ရေးအဖွဲ့-KPU မှ ကြီးမှူ̔းပြီး ‌ဒေသခံပြည်သူများအား ငြိမ်းချမ်း‌ရေးဆိုင်ရာ ပညာ‌ပေးသင်တန်းတစ်ခုကို ဒီဇင်ဘာ ၂၂ရက်မှ ၂၃ရက်‌နေ့အထိ ကရင်ပြည် နယ်၊ မြဝတီမြို့နယ်၊ ‌လေး‌ကေ့‌ကော်မြို့သစ်တွင် ပြုလုပ်ခဲ့သည်။

လက်ရှိ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ‌ဒေသခံ ပြည်သူလူထုများမှ ပိုမိုသိရှိနားလည်ရန်နှင့် ငြိမ်းချမ်း‌ရေး‌ဖော် ‌ဆောင်မှုတွင် ပြည်သူများအ‌နေဖြင့် ပိုမိုတက်ကြွစွာ ပါဝင်လာ‌စေရန် ရည်ရွယ်၍ Institute for Security Development Policy၊ Myanmar Minerva Education Center နှင့်အတူ ပူး‌ပေါင်းကာ ပညာ‌ပေးသင်တန်းကို လုပ်ရခြင်းဖြစ်သည်ဟု KPU အဖွဲ့မှ နန်းသိုက်သိုက်ဝင်း‌ကျော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အဓိကက ငြိမ်းချမ်း‌ရေးကို လုပ်‌ဆောင်‌နေတဲ့သူ‌တွေချည်းပဲ မကဘူး။ ‌အောက်‌ခြေက ပြည်သူလူထုပါ သိရှိနား လည်ဖို့ လိုအပ်တယ်။ သူတို့သိရှိနားလည်မှပဲ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် ယုံကြည်မှုနဲ့ နားလည်မှုက ပိုရှိလာပြီး သူတို့ကိုယ် တိုင်က‌နေပြီး‌တော့ စိတ်ပါဝင်စားစွာ ပူး‌ပေါင်း‌ဆောင်ရွက်လာဖို့အတွက် ရည်ရွယ်ပြီး‌တော့ လုပ်ဖြစ်တာပါ”ဟု ‌ပြောသည်။

၎င်းပညာ‌ပေးသင်တန်းသည် ယခင်လ ‌အောက်တိုဘာလက ရန်ကုန်မြို့၌ ISDP နှင့် MMEC တို့မှ ပူး‌ပေါင်းပို့ချသည့် ငြိမ်း ချမ်း‌ရေးဆိုင်ရာ ပညာ‌ပေးသင်တန်းမှရရှိလာသည့် ပို့ချချက်များကို ‌ဒေသခံပြည်သူများအား တစ်ဆင့်ခံ ပြန်လည်ပို့ချ‌ပေး ခြင်းဖြစ်သည်ဟုလည်း နန်းသိုက်သိုက်ဝင်း‌ကျော်က ဖြည့်စွက်‌ပြောဆိုသည်။

နှစ်ရက်တာ ပညာ‌ပေးသင်တန်း၌ ငြိမ်းချမ်း‌ရေးဖြစ်စဉ်၊ ငြိမ်းချမ်း‌ရေးနှင့် မှန်ကန်ထိ‌ရောက်‌သော သတင်းအချက်အလက် စီမံခန့်ခွဲမှု၊ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်နှင့် အမျိုးသမီးများ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ များ၊ နှစ်ဖက်လိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ပြည်သူလူထု ပါဝင်မှုများကို ပို့ချ‌ပေးခဲ့သည်။

အဆိုပါသင်တန်းသို့ ‌လေး‌ကေ့‌ကော်မြို့သစ်မှ ‌ဒေသခံပြည်သူများ၊ ဖလူး၊ ထီးမယ်ဝါးခီး၊ မဲကနယ်နှင့် ‌လေး‌ကေ့‌ကော် အနီး ဝန်းကျင်ရှိ ‌ကျေးရွာအချို့မှ အုပ်ချုပ်‌ရေးပိုင်း တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့ဝင်များ၊ လူငယ်၊ အမျိုးသမီးများနှင့် ဘာသာ ‌ရေးအသင်းအဖွဲ့မှ ကိုယ်စားလှယ်များစုစု‌ပေါင်း ‌ဒေသခံကိုယ်စားလှယ် (၄၀)‌ကျော် ပါဝင်တက်‌ရောက်ခဲ့သည်။

သင်တန်းတွင် ပါဝင်တက်‌ရောက်သူ ‌လေး‌ကေ့‌ကော်မြို့သစ်၊ အမှတ်(၂)ရပ်ကွက်မှ ကိုမင်းကိုနိုင်က “ကျ‌နော်တို့နဲ့ လက် လှမ်းမမီတဲ့ ငြိမ်းချမ်း‌ရေးနဲ့ပတ်သက်ပြီးကျ‌နော်တို့ မသိတဲ့ဟာ‌တွေကို သိလာရတယ်။ အရင်တုန်းက ပွင့်လင်းမြင်သာမှု မရှိ ‌တော့ မသိရဘူး‌လေ။ ငြိမ်းချမ်း‌ရေးနဲ့ပတ်သက်ပြီး ဆိုး‌မွေ‌ကောင်း‌မွေ‌တွေကို အခုဆိုရင် ခွဲခွဲခြားခြား သိတတ်သွားတာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KPU အဖွဲ့ကို ကရင်အမျိုးသမီးများအား စွမ်းရည်မြှင့်တင်‌ပေးရန် ရည်ရွယ်၍ ၂၀၁၂ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်း ‌ရေး၊ ပညာ‌ပေးလုပ်ငန်းများအပြင် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုလုပ်ငန်းများကို လုပ်‌ဆောင်‌နေသည့်အဖွဲ့ဖြစ်သည်။ ၎င်းအဖွဲ့ မှဦး‌ဆောင်ပြီး အလားတူ ငြိမ်းချမ်း‌ရေးဆိုင်ရာ ပညာ‌ပေးသင်တန်းမျိုးကို ပြီးခဲ့သည့် ၂၀၁၅ခုနှစ်တွင်လည်း မြဝတီမြို့နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုရုံး၌ တစ်ကြိမ်ပြုလုပ်ခဲ့သည်။