Home သတင်း ၃၂ နှစ်‌မြောက် KWO ‌နေ့ကို KNU ကွန်ဂရက် ကျင်းပရာ ‌လေးဝါးစခန်း၌ ကျင်းပခဲ့

၃၂ နှစ်‌မြောက် KWO ‌နေ့ကို KNU ကွန်ဂရက် ကျင်းပရာ ‌လေးဝါးစခန်း၌ ကျင်းပခဲ့

1685

ဧပြီလ ၅ ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသမီးအစည်းအရုံး-KWO ၏ ယ‌နေ့ ကျ‌ရောက်သည့် ၃၂ နှစ်‌မြောက် KWO ‌နေ့ အခမ်းအနားကို ၁၆ ကြိမ် ‌မြောက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက် ကျင်းပရာ ဖားအံခရိုင် ‌လေးဝါးစခန်းတွင် အကျဉ်းချုံး ကျင်းပခဲ့သည်။

အခမ်းအနား အဖွင့်မိန့်ခွန်းတွင် လက်ရှိ KWO ဥက္ကဌ ပဒို‌နော်‌ဖော‌ဒေးတိုးက “ကရင်အမျိုးသမီးများအ‌နေဖြင့် ကဏ္ဍတိုင်း ပိုမို ပါဝင်လာနိုင်ဖို့အတွက် ကရင်အမျိုးသားများနှင့်အတူ လက်တွဲပြီး ပူး‌ပေါင်းလုပ်‌ဆောင်လုပ်‌ဆောင်သွားကြဖို့လိုအပ် တယ်”ဟု တိုက်တွန်း‌ပြောဆိုသွားသည်။

တစ်နာရီသာ ကျင်းပခဲ့သည့် ယင်းKWO‌နေ့ အခမ်းအနားတွင် KNU ကွန်ဂရက် တက်‌ရောက်သည့် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များ၊ ‌လေ့လာသူများ၊ KWO ‌ခေါင်း‌ဆောင်အမျိုးသမီးများအပါအဝင် လူဦး‌ရေ ၃၀ဝ ခန့် တက်‌ရောက်ခဲ့ပြီး အဖွင့်မိန့်ခွန်း‌ပြောကြားခြင်း၊ KWO သဝဏ်လွှာဖတ်ကြားခြင်း၊ စစ်‌ရေးပဋိပက္ခအတွင်း ကရင်အမျိုးသမီးများ၏ အုပ်ချုပ်‌ရေး တွင် ပါဝင်‌ပေးခဲ့ရမှု အ‌ခြေအ‌နေများနှင့် KWO ဖြစ်‌ပေါ်လာပုံအ‌ခြေအ‌နေများကို ပြန်လည်ထုတ်‌ဖော်‌ပြောဆိုခြင်း အစီအစဉ်များဖြင့် ကျင်းပခဲ့ကြသည်။

KWO ဗဟိုအမြဲတမ်း ‌ကော်မတီဝင်ဖြစ်သူ ‌နော်ဘလူးမင်းနိုက်ဇံက “ ဖိနှိပ်ဆက်ဆံခံရတဲ့ကြားထဲက အမျိုးသမီး‌တွေဟာ လည်း အမျိုးသားများနည်းတူ ရင်ဆိုင်ခံစားခဲ့ရတာ‌တွေရှိပါတယ်။ သုံးလ သူကြီးအဖြစ် အမျိုးသား‌တွေမလုပ်ရဲခဲ့တဲ့အချိန် အမျိုးသမီး‌တွေက အလှည့်ကျလုပ်‌ပေးခဲ့ရတယ်။ အထူးသဖြင့် ဒူးပလာယာနဲ့သထုံခရိုင်‌တွေမှာ ကျမတို့စု‌ဆောင်းသိရှိ ထား သ‌လောက် အမျိုးသမီး သူကြီးဦး‌ရေ ၂၉ ဦးအထိရှိပါတယ်”ဟု အခမ်းအနားတွင် ထည့်သွင်း ‌ပြောကြားခဲ့သည်။

ထို့အပြင် ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးကလည်း KWO ဟူသည် ‌ကော်သူး‌လေအမျိုးသမီးချည်းအတွက် မဟုတ်ဘဲ တစ်နိုင်ငံထဲ လူမှုအသိုင်းအဝိုင်းထဲတွင် အတူတကွ လက်တွဲလုပ်‌ဆောင်သွားကြမည်ဆိုပါက မိမိတို့ ပန်းတိုင်ကို ‌ရောက်ရှိမည်ဟု အား‌ပေး‌ပြောဆိုခဲ့သည်။

ကရင်အမျိုးသမီးအစည်းအရုံး-KWO‌နေ့ အခမ်းအနားကို ‌လေးဝါးတွင်သာမက KNU ခရိုင် ၇ခုနှင့် မြို့နယ်များ၊ ဒုက္ခသည်စ ခန်းများအပါအဝင် ၁၆ ‌နေရာ ခန့်ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ လက်ရှိအချိန်အထိ အခိုင် အမာလှုပ်ရှားရပ် တည် ‌နေသည့် ကရင်အမျိုးသမီးအစည်းအရုံးကို ၁၉၄၉ ခုနှစ်တွင် ‌ကော်သူး‌လေ ကရင်အမျိုးသမီးအစည်းအရုံးအ‌နေဖြင့်စ တင်ဖွဲ့စည်းခဲ့ပြီး‌နောက် ၁၉၈၅ ခုနှစ်တွင် ဖွဲ့စည်းပုံနှင့်တကွ စနစ်တကျ ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။