Home သတင်း လာမည့် ၄ နှစ်တာ ကွန်ဂရက်သက်တမ်းအတွင်း လုပ်‌ဆောင်သွားမည့် ‌ရှေ့လုပ်ငန်းစဉ်ဆိုင်ရာများ ‌ကေအဲန်ယူ အတည်ပြု

လာမည့် ၄ နှစ်တာ ကွန်ဂရက်သက်တမ်းအတွင်း လုပ်‌ဆောင်သွားမည့် ‌ရှေ့လုပ်ငန်းစဉ်ဆိုင်ရာများ ‌ကေအဲန်ယူ အတည်ပြု

1678

ဧပြီ ၅ ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအ‌နေဖြင့် ‌နောက်လာမည့် ၄ နှစ်တာ ကာလကွန်ဂရက် သက် တမ်းအတွင်း လုပ်‌ဆောင်သွားမည့် ‌ရှေ့လုပ်ငန်းစဉ်ဆိုင်ရာများနှင့်ပတ်သက်ပြီး ယခုလက်ရှိ ကျင်းပသည့် ၁၆ ကြိမ်‌မြောက်ကွန်ဂရက်၏ ၁၆ ရက်‌မြောက်‌နေ့တွင် ‌ဆွေး‌နွေးအတည်ပြုလိုက်‌ကြောင်း သိရသည်။

‌ကေအဲန်ယူ၏ အချက် ၂ဝ ခန့်ပါရှိသည့် ‌ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ‌ဆွေး‌နွေးမှုများကို ဧပြီလ ၃ ရက်‌နေ့မှ စတင် ကာ ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်ပြီး တက်‌ရောက်လာသည့် ကိုယ်စားလှယ်များ၏ သုံးသပ်‌ဆွေး‌နွေးအကြုံပြု၊ ပြင် ဆင်ဖြည့်စွက်ချက်များဖြင့် ဧပြီလ ၄ ရက်‌နေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

ကွန်ဂရက် ကျင်းပ‌ရေး‌ကော်မတီ ဥက္ကဌ ပဒို‌စော‌သောသီဘွဲက “‌ရှေ့လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ‌ရေးဆွဲတဲ့ ‌နေရာမှာ ခရိုင်၊ တပ်မဟာ‌တွေ အုပ်ချုပ်မှုအဆင့်ဆင့် လုပ်ငန်း‌ဆောင်ရွက်မှု အဆင့်ဆင့်‌တွေကို ‌ပေါင်းချုပ်ပြီး ‌တော့မှ ဖြစ်‌ပေါ်လာမယ့် နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ပေါ်မူတည်ပြီး အနီးစပ်ဆုံးဖြစ်‌အောင် ‌ရေးထားတာဖြစ်ပါတယ်။ အဲဒီအချက်တစ်ချက်ချင်းစီအလိုက် ‌ဆွေး‌နွေးမှုပြီးတဲ့‌နောက်မှာ ဒီ‌နေ့ အတည်ပြုလိုက်တာဖြစ်တယ်”ဟု ‌ပြော သည်။

‌ကေအဲန်ယူ၏ ‌ရှေ့လုပ်ငန်းစဉ်တွင် ‌ရှေ့ဆက်လုပ်‌ဆောင်သွားမည့် အပစ်အခတ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေး ‌တွေ့ ဆုံ‌ဆွေး‌နွေး‌ရေးဆိုင်ရာကိစ္စရပ်များ၊ မဟာမိတ်ဆိုင်ရာကိစ္စရပ်များ၊ ဒုက္ခသည်နှင့်ပြည်တွင်း ‌နေရပ်စွန့်ခွာ သူ များအ‌ရေး၊ အုပ်ချုပ်‌ရေးဆိုင်ရာ လုပ်ငန်းများပါဝင်ပြီး ယင်းကိစ္စရပ်များကို အကြိတ်အနယ် ‌ဆွေး‌နွေးခဲ့ကြရ သည်ဟု သိရသည်။

အဆိုပါ အတည်ပြုလိုက်သည့် ‌ရှေ့လုပ်ငန်းစဉ်မှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ၁၅ ကြိမ်‌မြောက်ကွန်ဂရက်မှ ချ မှတ်ထားသည့် လုပ်ငန်းစဉ်များကို ပြန်လည်‌ဆွေး‌နွေးပြင်ဆင်ဖြည့်စွက်မှုများဖြင့် အတည်ပြုခြင်းဖြစ်သည် ဟု သိရပြီး ‌ရှေ့ဆက်‌ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် လိုအပ်သလို‌ကော်မတီများ ထပ်မံဖွဲ့စည်း လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။

၎င်းအပြင် လုပ်ငန်းအ‌ကြောင်းအရာအလိုက် ထပ်မံတင်ပြ ‌ဆွေး‌နွေးအကြံပြုချက်များကို လက်ခံရယူပြီး မှတ် တမ်းတင်ပြုစုမည့်‌ကော်မတီတစ်ရပ်ကို ဖွဲ့စည်းသွားရန်ရှိသည့်အပြင် တစ်ဆက်တည်းတွင် ‌ကေအဲန်ယူ ‌ခေါင်း ‌ဆောင်များကို ပြန်လည်‌ရွေး‌ကောက်တင်‌မြှောက်မည့် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ကို ဆက်လက်ဖွဲ့စည်းသွား မည်ဖြစ်‌ကြောင်း ကျင်းပ‌ရေး‌ကော်မတီထံမှ သိရသည်။