KIC News
ကျေးလက်ဒေသအကျိုးပြုနိုင်ရေးအတွက် အရန်သားဖွားသင်တန်း အမှတ်စဉ်(၆) ဖွင့်လှစ်
အောက်တိုဘာ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ စောညွန့်သောင်း
နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ (BPHWT)၊ ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဋ္ဌာနနှင့် ဖလုံပညာဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့(PEDU)တို့ ပူးပေါင်းပြီး ကျေးလက်ဒေသအကျိုးပြု အရန်သားဖွားသင်တန်း အမှတ်စဉ်(၆)ကို ဖားအံမြို့နယ်၊ တောင်ကလေးကျေးရွာ၌ အောက်တိုဘာလ ၂၅ရက်နေ့က ဖွင့်လှစ်လိုက်သည်။
မြို့ပြနှင့်အလှမ်းဝေးသည့် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် အမျိုးသမီးများအတွက် သားဖွားရာ၌ အကျိုးပြုပြီး အထောက်ကူပြုနိုင်ရန်၊...
ကိုမောင်ကျေးလက်ကျန်းမာရေးဌာန တည်ဆောက်မှု အကောင်အထည်ဖော်ပေးရန် ပြည်နယ်အစိုးရထံ ထပ်မံစာတင်
အောက်တိုဘာ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
လှိုင်းဘွဲမြို့နယ် ကော့လုံကျွန်းပေါ်ရှိ ကိုမောင်ကျန်းမာရေးဌာန အဆောက်အဦး ဆက်လက် တည်ဆောက်သွားရေးအတွက် ညှိနှိုင်း အကောင်အထည်ဖော်ပေးရန် ကျေးရွာပေါင်း ၂၀ကျော်က စုပေါင်းလက်မှတ်ရေးထိုးကာ ပြည်နယ်အစိုးရအဖွဲ့ထံသို့ အောက်တိုဘာလ ၂၄ရက် နေ့စွဲဖြင့် စာတင်လိုက်ပြီဖြစ်သည်။
အဆိုပါစာထဲတွင် ကျန်းမာရေးဌာနတည်ဆောက်ရေးနှင့်ပတ်သက်၍ အဆောက်အဦးအချို့ ဆောက်လုပ်ပြီးစီးထားသည့် ငှက်ပျောတောကျေးရွာ၌သာ ဆက်လက်ဆောက်လုပ်သွားရန်...
ဖားအံမြို့မ ဘောလုံးကွင်းကို မူလအတိုင်းပြန်ထားပေးရန် ပြည်နယ်အစုိုးရအား တောင်းဆိုမည်
အောက်တိုဘာ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
ကရင်ပြည်နယ် ဖားအံမြို့ရှိ သမိုင်းဝင်မြို့မ ဘောလုံးကွင်း(သို့) အာဇာနည်ကျောက်တိုင်ကွင်းအား လူထု လက်ဝယ်ပြန်လည် ရောက်ရှိရေးအတွက် ဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းတောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းအရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူများက ပြောဆိုလိုက်သည်။
ဖားအံမြို့ အမှတ် ၃ရပ်ကွက် ဖားအံကမ်းနားလမ်းထောင့်တွင်ရှိသည့် အဆိုပါသမိုင်းဝင်နေရာ ပြန်လည်ရရှိရေးနှင့်ပတ်သက်၍ သံဃာတော်အပါး ၆ဝ...
အောက်တိုဘာ ၂၄ရက် နှစ်စဉ် ကုလသမဂ္ဂနေ့
(အယ်ထီးကော်)
ငြိမ်းချမ်းရေးနှင့် ချမ်းမြေ့ပျော်ရွှင်ရေးအတွက် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းမှာ လူတိုင်း လိုလားကြသည့်အရာ ဖြစ်သည်။ သို့ဖြစ်၍ နို်င်ငံတကာအကြားတွင် အပြန်အလှန် ညီညွတ်ရေးတည်ဆောက်ရန်အတွက် ကုလသမဂ္ဂအဖွဲ့အစည်း ပေါက်ဖွားလာရ ခြင်းဖြစ်ပြီး နှစ်စဉ် အောက်တိုဘာလ ၂၄ရက်နေ့ကို ကုလသမဂ္ဂနေ့အဖြစ် သတ်မှတ်လိုက်ကြသည်။
အဓိက အဖွဲ့ဝင်(၅)နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဗြိတိန်၊ ဆိုဗီယက်ရုရှားနှင့်...
သံတောင်ကြီး၊ ကယာချီးကျေးရွာ၌ ပေါက်ကွဲမှုဖြစ်စဉ်အပေါ် ကေအဲန်ယူ စုံစမ်းနေ
အောက်တိုဘာ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ ကယာချီးကျေးရွာအတွင်း၌ အောက်တိုဘာ ၂၃ရက်၊ နေ့လည် ၁၂နာ ရီအချိန်ခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ခြင်းအပေါ် ကေအဲန်ယူက စုံစမ်းနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအဲန် ယူ)၊ တောင်ငူခရိုင် ဥက္ကဌ ပဒိုစောအယ်ဝါးက ကေအိုင်စီသို့ ယမန်နေ့ ပြောသည်။
၎င်းက...
ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများဆက်မလုပ်ရန် ဒေသခံပြည်သူများလိုလားဟု KHRG ပြောဆို
အောက်တိုဘာ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်နေသည့်ကာလ ကရင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်မှ စစ်ရေးတိုးချဲ့မှုများ ဆက် လက် မလုပ်ဆောင်ရေးအပြင် တပ်စခန်းများ ရုပ်သိမ်းပေးရေးအတွက် ဒေသခံလူထုက လိုလားနေကြကြောင်း ကရင်လူ့ အခွင့်အရေးအဖွဲ့-KHRG က အောက်တိုဘာလ ၂ဝရက်နေ့တွင် အစီရင်ခံစာတစ်ခု ထုတ်ပြန်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဖြစ်သည့် ကရင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်မှ...
ဘိလပ်မြေစက်ရုံအား ကျောက်မီးသွေးဖြင့် အသုံးပြုကိစ္စ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်ရှင်းလင်းပေးရန် ဒေသခံများတောင်းဆို
အောက်တိုဘာ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ စောညွန့်သောင်း
ဖားအံမြို့နယ် အနောက်ဖက်ရှိ တန် ၄၀၀ဝထုတ်၊ မြိုင်ကလေးဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးဖြင့် ပြန်လည် အသုံးပြုမည့် ကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ နန်းခင်ထွေးမြင့်ကိုယ်တိုင်က လာရောက်ရှင်းလင်းပေးရန် အောက်တိုဘာလ ၂၃ရက်နေ့က ဖားအံမြို့နယ်၊ ဇရပ်ဖြူဘုန်းကြီးကျောင်း၌ ပြုလုပ်သည့် ဒေသခံများတွေ့ဆုံပွဲတွင် တောင်းဆိုလိုက်သည်။
အဆိုပါ ဘိလပ်မြေစက်ရုံအား ကျောက်မီးသွေးဖြင့်...
ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ကရင်ပြည်သူ့ပါတီ ပြင်ဆင်နေ
အောက်တိုဘာ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
၂၀၁၇ခုနှစ်၊ ဧပြီ ၁ရက်နေ့(စနေနေ့)တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ပြိုင်ရန် ရန်ကုန်မြို့ အခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)က ပြင်ဆင်နေပြီးဟု ပါတီပြောရေးဆိုခွင့်ရှိသူ အထွေထွေ အတွင်းရေးမှူး စောစေးဝါးက ကေအိုင်စီသို့ အောက်တိုဘာ ၂ဝ ရက်နေ့တွင် ပြောသည်။
၎င်းက “ကရင်ပြည်သူ့ပါတီရဲ့...
ခေါင်းဆောင်ကောင်း
(လကင်္ာဒီပ)
အောက်တိုဘာ ၂၃၊ ၂၀၁၆။
အင်မတန်မှ ကူးချင်တဲ့ငါး
မှားတာကို မှားမှန်းမသိ
ပကတိ အရှိတရားတွေကို
အရည်ကျို မျှောပစ်လိုက်နိုင်တဲ့စိတ်
ဒိတ်ဒိတ်ကြဲ သံဝေဂရစရာပါ
တစ်ချိန်က စားမယ်ဝါးမယ် တကဲကဲ
တယ်လည်း တတ်နိုင်ကြပါတဲ့ ငါးမိုက်တွေပါလား။
တစ်ရွေးသားမှ မလျော့ခဲ့တာ
အာဏာရှင်တွေပီပီ
ဤလမ်းပြမြေပုံ (၆)ချက်နဲ့ပဲ
အစွဲမချဝံ့တဲ့ အမှောင်လူများကြားက
လှည့်ပြန်ရ ခက်နေသလား
ကြည့်ထား အခြေခံလူတန်းစားပြည်သူတွေ
တို့တွေတော်လှန်ရေးရဲ့
စွန့်စားခဲ့တဲ့ အာဇာနည်ကြီးတွေရယ်
ဆယ်လ်မွန်ငါးတွေလို
ရေဆန်ကိုလှည့်ပြန် ကူးနိုင်ကြသေးတာပဲ။
ဖရိုဖရဲ သီအိုရီတွေ
ရွေ့နေတဲ့ အကွေ့အက်ကြောင်း၊ ဆက်ကြောင်းတွေ
နံရံတွေကိုတိုက်ရင်း ပြိုကွဲလွှင့်ဝေး
ဆေးလိပ်မီးခိုးငွေ့တွေ
အားကိုးနေဖို့လောက်ပဲ...
စပါးဈေး ထက်ဝက်နီးပါး ကျဆင်းနေသည့်အတွက် ပန်းတနော်လယ်သမားများ အရှုံးပေါ်
အောက်တိုဘာ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
လက်ရှိ စပါးပေါ်ချိန်တွင် ယခင်နှစ်ထက် စပါးဈေးထက်ဝက်နီးပါး ကျဆင်းနေပြီး ဝယ်ယူမည့် ကုန်သည်နည်းပါးနေသည့်အ တွက် လယ်သမားများ အရှုံးပေါ်ကာ အခက်အခဲကြုံတွေ့နေရသည်ဟု ပန်းတနော်မြို့နယ်၊ ကျေးရွာများရှိ လယ်သမားများက အောက်တိုဘာလ ၂ဝရက်နေ့တွင် ကေအိုင်စီသို့ ပြောဆိုလိုက်သည်။
ပန်းတနော်မြို့နယ်၊ ပေပင်မြောက်အုပ်စု၊ ဘုရားနှစ်ဆူရွာတွင် လယ်...












