Home သတင်း ‌ကျောက်မီး‌သွေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ စီမံကိန်းနယ်‌မြေတဝိုက်ရှိ ‌ကျေးရွာ‌ဒေသခံများကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းပို့ချ

‌ကျောက်မီး‌သွေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ စီမံကိန်းနယ်‌မြေတဝိုက်ရှိ ‌ကျေးရွာ‌ဒေသခံများကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းပို့ချ

1673

ဩဂုတ် ၈ရက်၊ ၂၀၁၇ခုနှစ်။ ‌စောခါးစူးညား

‌ကျောက်မီး‌သွေးလျှပ်စစ် ဓာတ်အား‌ပေးစက်ရုံ တည်‌ဆောက်ရန်ရှိသည့် ဖားအံမြို့နယ်၊ ဝတ်ကြီးနှင့် အနီးတဝိုက် ‌ကျေးရွာများရှိ ‌ဒေသခံများကို ဇူလိုင် ၂ဝရက်မှ ဩဂုတ် ၅ရက်‌နေ့အထိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ‌ပေးခြင်းသင် တန်းများ လိုက်လံပို့ချ‌ပေးခဲ့သည်ဟု အရပ်ဖက်လှုပ်ရှားသူများဖြင့် စုဖွဲ့ထားသည့် ကရင်ပြည်နယ် ‌ကျောက်မီး‌သွေးဆိုင်ရာ လှုပ် ရှားမှုအဖွဲ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဝတ်ကြီး၊ ကျုံမသွယ်နှင့် တ‌ကောင်ဘိုးတို့‌ကျေးရွာအုပ်စုအတွင်းရှိ ဝတ်ကြီး၊ ထုံး‌တောင်၊ ‌ကော့ဖျာ၊ ‌ရေ‌ပေါ်‌သောင်၊ သုံးအိမ်၊ ဘန့် ‌ဘွေးကုန်း၊ ‌တော်သလင်းခို၊ နိုးကွား၊ ကျုံမသွယ်၊ သစ်ဝါး၊ ဥ‌ဒေါင်းသိုက်‌တော စသည့်‌ကျေးရွာ‌ဒေသခံများအား သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ‌ကောင်းကျိုး၊ ဆိုးကျိုးများ နားလည်သိရှိ‌စေရန် ကရင်ပြည်နယ် ‌ကျောက်မီး‌သွေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့က သင်တန်း သွား‌ရောက်ပို့ချ‌ပေးခြင်းဖြစ်သည်။

သင်တန်း‌ပေးရာတွင် ပါဝင်သည့် သင်တန်းဆရာ ‌စောသာဘိုးက “သက်ဆိုင်ရာ ‌ကျေးရွာ‌တွေနဲ့ ချိတ်ဆက်ပြီး သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ‌ကောင်းကျိုး၊ ဆိုးကျိုး‌တွေနဲ့ ဥပ‌ဒေ‌တွေကို ကျ‌နော်တို့က ပို့ချ‌ပေးတာ‌ပေါ့။ ဒါ့အပြင် ‌ဒေသခံ‌တွေ သိသင့်သိထိုက်တဲ့ FPIC ‌ခေါ် ဌာ‌နေတိုင်းရင်းသားဆိုင်ရာ အခွင့်အ‌ရေး‌တွေကိုလည်း ပို့ချ‌ပေးခဲ့တာ ဖြစ်ပါတယ်”ဟု ‌ပြောဆိုသည်။

ကရင်ပြည်နယ် ‌ကျောက်မီး‌သွေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့သည် ဝတ်ကြီး‌ဒေသအတွင်း ‌ကျောက်မီး‌သွေး လျှပ်စစ်ဓာတ်အား‌ပေး စက်ရုံ တည်‌ဆောက်ရန်ရှိသည့် TTCL ဆိုသည့် ကုမ္ပဏီနှင့်လည်း ဇူလိုင် ၂၅ရက်‌နေ့တွင် ‌တွေ့ဆုံခဲ့‌ကြောင်း သူက ဆက်‌ပြော သည်။

ထို့အပြင် ယင်း‌ဒေသအတွင်း ဝတ်ကြီး၊ ထုံး‌တောင်နှင့် သုံးအိမ် ‌ကျေးရွာများအကြားရှိ ‌နေရာများတွင် ‌ကျောက်မီး‌သွေးစက်ရုံ တည်‌ဆောက်‌ရေးအတွက် EIA ဆန်းစစ်‌လေ့လာ‌ရေးအဖွဲ့က ပြည်နယ်အစိုးရ ခွင့်ပြုလက်မှတ်နှင့်အတူ ‌ရောက်ရှိလာကာ ယခု နှစ်၊ ဇွန်လအတွင်းက ‌မြေ၊ ‌ရေနှင့် ‌လေ လိုက်လံတိုင်းတာမှုများ ရှိခဲ့‌ကြောင်း ‌ဒေသခံများ၏ ‌ပြောဆိုချက်အရ သိရှိရသည်။

ထုံး‌တောင်‌ကျေးရွာမှ ‌ဒေသခံဖြစ်သူ ‌စောဆာထူးက “ဗြုန်းကနဲ လာပြီး တိုင်းတာမှု‌တွေ လုပ်‌တော့ ‌ဒေသခံ‌တွေ နားမလည်ဘူး ‌ပေါ့။ တိုင်းတာတဲ့အခါမှာလည်း တချို့‌ဒေသခံ‌တွေရဲ့ လယ်‌မြေထဲမှာလည်း ပါတယ်။ ‌ဒေသခံ‌တွေက အသိပညာ‌တွေ နည်း‌တော့ စိုးရိမ်‌ကြောင့်ကြမှု ကြီးကြတယ်။ အခုလို သင်တန်း‌တွေ လာ‌ပေးတဲ့ အသိပညာ အများကြီး သိရ‌တော့ ဝမ်းသာတယ်။ ကျ‌နော် တို့ ‌ဒေသခံ‌တွေအ‌နေနဲ့ ဒီ‌ကျောက်မီး‌သွေး စက်ရုံတည်‌ဆောက်‌ရေးရဲ့ ‌ကောင်းကျိုး၊ ဆိုးကျိုး မချပြရင်‌တော့ လက်ခံဖို့ မဖြစ်သင့် ‌သေးဘူး‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် ‌ကျောက်မီး‌သွေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့(Karen State Coal Working Group)သည် ကရင်ပြည်နယ်အတွင်းရှိ အရပ်ဖက် လူမှုအတွက် ပုဂ္ဂလိကအဖြစ် တက်ကြွလှုပ်ရှား‌နေသည့် လူပုဂ္ဂိုလ်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ် များဖြင့် စုဖွဲ့ကာ ယခုနှစ် ဇွန်လအတွင်းက စတင်လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်ဟု ‌စောသာဘိုးက ဆိုသည်။