Home သတင်း တာ့ခ်ခရိုင်၌ မြန်မာအလုပ်သမား ‌လေး‌သောင်း‌ကျော်အတွက် အလုပ်ရှင်များ လာ‌ရောက်မှတ်ပုံတင်ထား

တာ့ခ်ခရိုင်၌ မြန်မာအလုပ်သမား ‌လေး‌သောင်း‌ကျော်အတွက် အလုပ်ရှင်များ လာ‌ရောက်မှတ်ပုံတင်ထား

1962

ဩဂုတ် ၁ဝရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အလုပ်အကိုင် ရှာ‌ဖွေ‌နေရာချထား‌ရေးဦးစီးဌာနရုံး-DOE ၌ ဇူလိုင်လ ၂၄ရက်မှ ဩဂုတ် ၇ရက်‌နေ့အထိ ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား ၄၁,၃၈၉ဦးအတွက် အလုပ်ရှင်များက လာ‌ရောက် စာရင်းသွင်း မှတ်ပုံတင်ထားခဲ့ပြီးဖြစ်‌ကြောင်း DOE ရုံး၏ စာရင်းအရ သိရသည်။

အဆိုပါစာရင်းကို ဩဂုတ်လ ၉ရက်‌နေ့တွင် ကျင်းပ‌သော တာ့ခ်ခရိုင်၊ အလုပ်ရှင်နှင့် အလုပ်သမား ညှိနှိုင်းဆက်ဆံ‌ရေး‌ကော်မတီ ၏ သုံးလတစ်ကြိမ် အစည်းအ‌ဝေးတွင် DOE ၏ ဒါရိုက်တာမှ ရှင်းပြထုတ်ပြန်ခဲ့ခြင်းဖြစ်‌ကြောင်း မြန်မာပြည်သားများအ‌ရေး ပူးတွဲ လှုပ်ရှားမှု‌ကော်မတီ JACBA ဥက္ကဌ ဦးမိုးကြိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“DOE က ရှင်းသွားတာက အခု တာ့ခ်ခရိုင် ၉ မြို့နယ်မှာ အ‌ထောက်အထားမဲ့ လူသစ် မြန်မာအလုပ်သမား‌တွေအတွက် အလုပ် ရှင်‌တွေက မှတ်ပုံတင်ထား‌ပေးတဲ့ အ‌နေအထား‌တွေ‌ပေါ့။ ‌နောက်ပြီး ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေ လက်ရှိအချိန်မှာ ကြုံ‌တွေ့‌နေရ တဲ့ အခက်အခဲ၊ အကြပ်အတည်း‌တွေကို ဘယ်လို‌ဖြေရှင်းမလဲဆိုတာ အဓိကထား ‌ဆွေး‌နွေးဖြစ်တယ်”ဟု ‌ပြောသည်။

အစည်းအ‌ဝေးတွင် လူမှုဖူလုံ‌ရေး အာမခံရုံးမှ စာရွက်စာတမ်းနှင့် နစ်နာ‌ကြေး ရသင့်ရထိုက်‌သော လူများအား အစားထိုးရ‌သော ပြဿနာများဖြင့် ရင်ဆိုင်‌နေရသည့် အ‌ခြေအ‌နေ၊ လုပ်ငန်းရှင်များဖက်မှ ထိုင်းဥပ‌ဒေ ပုဒ်မ ၆၄ အရ မြဝတီနှင့် တာ့ခ်ခရိုင် ၃မြို့ နယ် ဆက်စပ်လုပ်ရ‌သော အလုပ်လုပ်ခွင့်လက်မှတ်နှင့် မဲ‌ဆောက်ရှိ သက်‌သေခံလက်မှတ်-CI စခန်း၌ CI လက်မှတ်လုပ်‌ဆောင် ရာတွင် ကုန်ကျသည်ထက် ပိုမို ‌ပေး‌ဆောင်‌နေရသည့်အ‌ပေါ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ပြန်လည်‌ဆွေး‌နွေး‌ပေးရန် တင်ပြ ‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်‌အောက်ရှိ တာ့ခ်ခရိုင် အလုပ်သမားကာကွယ်‌ရေး ဦးစီးရုံး၊ လူမှုဖူလုံ‌ရေး အာမခံရုံးတို့၏ ဥက္ကဌများ၊ အလုပ်အကိုင် ရှာ‌ဖွေ ‌နေရာချထား‌ရေးရုံး၊ စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်း-FDI၊ အစိုးရရုံးဌာနအ ချို့နှင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအား ကိုယ်စားပြု‌သောအဖွဲ့များဖြစ်သည့် JACBA၊ Map Foundation၊ ‌ရောင်ခြည်ဦး၊ Arakan Labour Campaign (ALC)များမှ ကိုယ်စားလှယ်‌ပေါင်း ၃ဝဦး တက်‌ရောက်ခဲ့ကြသည်။

ထိုင်းတစ်နိုင်ငံလုံး မြန်မာအလုပ်သမား မှတ်ပုံတင်ထားခြင်းနှင့်ပတ်သက်၍ ဘန်‌ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအရာရှိ ဦး‌အောင်ကိုသန်းက “မ‌နေ့က အွန်လိုင်း-Online တခုမှာ ‌တွေ့တာက ‌လေးသိန်း‌ကျော် မှတ်ပုံတင်ထားတယ်။ ကျ‌နော် တို့ဆီကို စာရင်းတရားဝင်‌တော့ မ‌ရောက်လာ‌သေးဘူးဗျ။ အားလုံး ‌ရောက်လာရင်‌တော့ တရားဝင် ‌ကြေငြာဖို့ရှိပါတယ်။”ဟု ‌ပြော သည်။

အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရနှင့် အလုပ်သမားအားအ‌ခြေပြု‌သော အဖွဲ့အစည်းများအကြား ပြဿနာအရပ်ရပ်ကို ‌ဖြေရှင်း တိုင်ပင်နိုင်ရန် တာ့ခ်ခရိုင်၊ အလုပ်ရှင်နှင့် အလုပ်သမားညှိနှိုင်းဆက်ဆံ‌ရေး‌ကော်မတီကို ၂၀၁ဝခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

ထိုင်းနိုင်ငံတစ်နိုင်ငံလုံးတွင် တရားဝင်နှင့် တရားမဝင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ၃သန်း‌ကျော် အလုပ်လုပ်ကိုင်လျှက်ရှိ ‌ကြောင်း အလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်‌နေသူများက ‌ပြောသည်။