KIC News
မင်းဇောကျေးရွာ ပထမဆုံးအကြိမ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ပါဝင်ဆင်နွှဲသူ များပြား
ဒီဇင်ဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ စောခါးစူးညား
ယခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် ကျရောက်သည့် ၂၇၅၆ခု ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ကရင်အမျိုးသား အစည်း အရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ်မြေ ဖားအံမြို့နယ်၊ မင်းဇော(ခေါဖိုးပလယ်)ကျေးရွာ၌ ပထမဆုံးအကြိမ်ကျင်းပပြီး တက်ရောက် သူ တစ်ထောင်ကျော်ကာ ခန့်မှန်းထားသည်ထက် ပါဝင်ဆင်နွှဲသူ များပြားသည်ဟု ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့က ပြောသည်။...
ဘီလူးကျွန်း စုပေါင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ပရိဿတ် ၅၀၀ကျော် တက်ရောက်ဆင်နွှဲ
ဒီဇင်ဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်၏ ၅ဝကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ယနေ့ (ဒီဇင်ဘာ ၂၉ ရက်)တွင် ကွန်ဒိုင်းကျေးရွာ၌ ရွာ (၇)ရွာ စုပေါင်း ကျင်းပခဲ့ရာ စုစုပေါင်း ပရိဿတ် (၅၀၀)ဦးကျော် တက်ရောက်ဆင်နွှဲခဲ့ကြ သည်။
ဘီလူးကျွန်းတွင် နေထိုင်ကြသည့် ကွန်ဒိုင်း၊...
၂၇၅၆ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီ သတင်းနှင့်ပြန်ကြားရေးပြခန်း စတင်ဖွင့်လှစ်
ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
၂၇၅၆ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) သတင်းနှင့်ပြန်ကြားရေး ပြခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့(ဒီဇင်ဘာ ၂၈ရက်)၊ မနက် ၉နာရီတွင် အင်းစိန်မြို့နယ်၊ မဟာဆေးဝကင်္ဘာ အာလိန်ငါးဆင့်ကျောင်း တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ နှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီ နာယကကြီးများ၊ ကော်မတီ ဥက္ကဌနှင့်...
ကရင်နှစ် ၂၇၅၆ခု၊ နှစ်သစ်ကူးအခါသမယအတွက် နှစ်သစ်နှုတ်ခွန်းဆက်စကား
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး (ဥက္ကဌ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး)
“ကရင်အမျိုးသားနှင့် နိုင်ငံသူနိုင်ငံသား အားလုံးအတွက် ယခုကဲ့သို့သော ကရင့်နှစ်သစ်ကူးနေ့ အခါသမယတွင် မိမိတို့လူမျိုး များ၏ စည်းလုံးညီညွှတ်မှုနှင့် နိုင်ငံသူနိုင်ငံသားများ၏ စည်းလုံးညီညွှတ်မှု တည်ဆောက်နိုင်ရေးအတွက် သံန္နိဌာန်ချမှတ်ကြရန် ထို့ အပြင် မိမိတို့အမျိုးသားများ၏ နိုင်ငံရေးလိုအပ်ဆန္ဒနှင့် နိုင်ငံရေးရည်မှန်းချက်များ ပြီးပြည့်စုံသည်အထိ စည်းစည်းလုံးလုံးနှင့် တစ်စိန်တစ်ဝမ်းတည်း လုပ်ဆောင်သွားကြရန်...
ပြည်နယ်အတွင်း ကာကွယ်ဆေးထိုးခြင်းကို အစိုးရကျန်းမာရေးဌာနနှင့် KDHW ပူးတွဲလုပ်ဆောင်မည်
ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်အတွင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေများ အပါအဝင် ဒေသစုံ ကျန်းမာရေးအတွက် ကာကွယ်ဆေး ၁ဝမျိုး ထိုး ပေးခြင်းလုပ်ငန်းကို ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန(KDHW)နှင့် အစိုးရဘက်၊ ပြည်နယ်ကျန်းမာရေးဌာနတို့ ပူးတွဲ လုပ်ဆောင်သွားမည်ဟု နှစ်ဖက် တာဝန်ရှိသူများက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍...
အလုပ်တွေနဲ့သက်သေပြကြ
လကင်္ာဒီပ
(၂၅ ဒီဇင်ဘာ ၂၀၁၆)
ပထမဆုံးနဲ့ နောက်ဆုံးသော
တရားသော တော်လှန်ရေးဖြစ်တယ်
နာမယ် ကြာမယ် သေမယ် ကြေမယ်
ဘယ်လိုမှ ဇိမ်မရှိတဲ့ခရီး
နှုတ်ဆက်ပြီး တာဝန်တစ်ဝက်တစ်ပျက်နဲ့
ထွက်သွားတဲ့ ဖောက်ပြန်ရေးသမားတွေ
အခြေအနေ အချိန်အခါမှာ
သာကူးတတ်တဲ့ ခြံခွထိုင်သမားတွေ
မှတ်ကျောက်တင် အစစ်ခံနိုင်တဲ့
တကယ့်စစ်မှန်တဲ့ ပေးဆပ်သူ
ထိုသူတို့ ရောထွေးနေကြသတဲ့။
ရှည်ကြာလာတဲ့ တော်လှန်ရေးမှာ
ဘာသာရေးနဲ့ ထိုးခွဲသပ်လျှိုစတမ်း
ငြိမ်းချမ်းရေး စတန့်အလှ
ဘမ်းပြ ဟန်ပြ လိမ်လည် ချွေးသိပ်ရင်း
အချင်းချင်းတောင် လှည့်ပတ်ရန်ပြု
တုပဖက်ပြိုင်မနိုင်အောင်
ထောင်ချောက်ဉာဏ်အမျိုးမျိုး ဆင်ခံရဆဲ
သေကွဲရှင်ကွဲ...
ပဒိုမန်းရှာလားဖန်း မျက်နှာဖုံးပုံပါ ကရင့်ကြေးမုံမဂ္ဂဇင်း ထွက်ရှိ
ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာဖောင်
၂၇၅၆ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်)၊ ပြန်ကြားရေး ဆပ်ကော်မတီက နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် စီစဉ်ထုတ်ဝေသည့် ကရင့်ကြေးမုံမဂ္ဂဇင်းကို ဒီဇင်ဘာလ ၂၅ရက်နေ့မှ စတင်ကာ ထုတ်ဝေ ဖြန့်ချိသွားမည်ဟု အယ်ဒီတာအဖွဲ့က ပြောသည်။
နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ၊ ပြန်ကြားရေး...
(၁၆)ကြိမ်မြောက် ကွန်ဂရက်တွင် ပြည်တွင်း၊ပြည်ပမှ တက်ရောက်မည့်သူများကို လေ့လာသူအဖြစ်သာ KNU သတ်မှတ်
ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
လာမည့် မတ်လ ၁၄ရက်နေ့တွင် စတင်ကျင်းပမည့် ၁၆ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ကွန်ဂရက်တွင် ပြည် တွင်းမှ ကရင်နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်းနှင့် ပြည်ပမှတက်ရောက်မည့်သူများကို လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ပြု မည်ဟု ဒီဇင်ဘာလ ၂၂ရက်(ယမန်နေ့)က ကေအဲန်ယူနယ်မြေတစ်နေရာတွင် ကျင်းပသည့် KNU...
ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဒေသခံပြည်သူများ သိနားလည်ရန် KPU သင်တန်းပြုလုပ်
ဒီဇင်ဘာ၂၃ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်သူလူထုများ သိရှိနားလည်စေရန် ကရင်အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးအဖွဲ့-KPU မှ ကြီးမှူ̔းပြီး ဒေသခံပြည်သူများအား ငြိမ်းချမ်းရေးဆိုင်ရာ ပညာပေးသင်တန်းတစ်ခုကို ဒီဇင်ဘာ ၂၂ရက်မှ ၂၃ရက်နေ့အထိ ကရင်ပြည် နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်တွင် ပြုလုပ်ခဲ့သည်။
လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဒေသခံ ပြည်သူလူထုများမှ ပိုမိုသိရှိနားလည်ရန်နှင့်...
လူငယ့်အသံ လူငယ့်အမြင်
“တိုင်းရင်းသားဒေသမှာ နေထိုင်လုပ်ကိုင်ရင် ဒေသသုံး စကားတတ်ဖို့ လိုပါတယ်”
တိုင်းရင်းသားဒေသတွေမှာ နေထိုင်လုပ်ကိုင်နေသူတွေအနေနဲ ့ဒေသသုံး တိုင်းရင်းဘာသာစကားကို တတ်ဖို့လိုတယ်လို့ ပြော လာသူကတော့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်များ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ (CIDKP- Committee for Internally Displaced Karen People)မှ...














