Home သတင်း ၁၈ကြိမ်‌မြောက် လဲကယ်ဘာသာဝင်များ၏ ဖလုံဝဲရှားနှစ်သစ်ကူး လှိုင်းဘွဲတွင် ကျင်းပပြီးစီး

၁၈ကြိမ်‌မြောက် လဲကယ်ဘာသာဝင်များ၏ ဖလုံဝဲရှားနှစ်သစ်ကူး လှိုင်းဘွဲတွင် ကျင်းပပြီးစီး

3144

ဒီဇင်ဘာ ၃ရက်၊ ၂ဝ၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

နှစ်သစ်တွင် ဆန်‌ရေစပါး ‌ပေါများရန်၊ ‌ရောဂါဘယ ကင်း‌ဝေး‌စေရန်နှင့် မိဘ၊ ဆရာသခင်များကို ဂုဏ်ပြုပူ‌ဇော်ရန် ရည်ရွယ်၍ လဲကယ်ဘာသာကို ကိုးကွယ်သည့် ကရင်လူမျိုးများက ၎င်းတို့၏ ၁၈ကြိမ်‌မြောက် ဖလုံဝဲရှားနှစ်သစ်ကူး‌နေ့ အခမ်းအနားကို လှိုင်းဘွဲမြို့နယ်၊ ဖာပွန်‌ကျေးရွာ၌ ဒီဇင်ဘာလ ၂ရက်‌နေ့တွင် ကျင်းပပြီးစီးခဲ့‌ကြောင်း ကျင်းပ‌ရေး‌ကော်မတီ ဥက္ကဌ မန်းလုံးရယ် က ဒီဇင်ဘာလ ၃ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဆရာသခင်နဲ့ ဘိုးဖွားမိဘ‌တွေကို ပူ‌ဇော်ကန့်‌တောဂုဏ်ပြုတယ်။ နှစ်သစ်မှာ ဆန်‌ရေစပါး‌ပေါများလာဖို့နဲ့ ‌ရောဂါဘယ ကင်း‌ဝေး‌စေဖို့ ‌ကျေးဇူးရှင် ဖီးဘူး‌ယော်(စပါး‌စောင့်နတ်)ကို ဂုဏ်ပြုပွဲ ပြန်လည် လုပ်‌ပေးတယ်။ ဦးဦးဖျားဖျား ထွက်ရှိလာတဲ့ ‌ကောက်ပဲသီးနှံ‌တွေကို ဝိုင်းဖွဲ့စား‌သောက်ပြီး ရိုးရာမ‌ပျောက်ရ‌အောင် ထိန်းသိမ်းကျင်းပတယ်”ဟု မန်းလုံးရယ်က ‌ပြောသည်။

အဆိုပါ လယ်ကယ်ဘာသာဝင်များအ‌နေဖြင့် ကရင်ပြည်နယ်အတွင်း ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ ဖာပွန်မြို့နယ်များနှင့် မွန်ပြည်နယ်ရှိ ‌ဒေသအချို့တွင် ပြန့်နှံ့‌နေထိုင်လျှက်ရှိကာ လယ်ကယ်ဘာသာအရ ဒီဇင်ဘာလသည် လယ်ကယ်ဘာသာ၊ စာ‌ပေ ရရှိသည့်လဖြစ်သည့်အတွက် ယခုလိုကျင်းပခြင်းဖြစ်သည်ဟု ၎င်းဘာသာဝင်များက ‌ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ်မှ အခမ်းအနားတက်‌ရောက်လာသူ ‌စော‌ကောင်းမြတ်‌ကျော်က “ဖလုံဝဲရှား ဆိုတာ အမိရာ၊ အဖရာတို့က ထိန်းသိမ်းလာတဲ့ ရိုးရာအစဉ်အလာ‌တွေကို မ‌ပျောက်ပျက်‌အောင် တနှစ်တစ်ကြိမ် စု‌ပေါင်းကျင်းပပြီး သွားတာ‌ပေါ့ ‌နော်။ ရပ်နီးရပ်‌ဝေး ကရင်‌တေလာပြီး စု‌ပေါင်း‌တွေ့ရ‌တော့ ဝမ်းသာတယ်။ စု‌ပေါင်း ‌ကောက်သစ်စားကြတယ်။ ‌ဆောင်းရာသီမှာ မိဘ၊ ဆရာသမား‌တွေကို အ‌နွေးထည်‌တွေနဲ့ ကန်‌တော့ ဂုဏ်ပြုတယ်”ဟု ရှင်းပြ‌ပြောဆိုသည်။

ကရင်တိုင်းရင်းသားလူမျိုးများတွင် မျိုးနွယ်စုအရဖြစ်‌စေ၊ ‌ဒေသအလိုက်ဖြစ်‌စေ မတူကွဲပြားသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်‌ကျေး မှုများရှိ‌သော်လည်း အပြန်အလှန် ‌လေးစားသည့်အ‌နေဖြင့် အခမ်းအနားတက်‌ရောက်ခြင်းဖြစ်သည်ဟု ပြည်နယ်အပစ်ရပ် ပူးတွဲ ‌စောင့်ကြည့်‌ရေ‌ကော်မတီဝင် နန်း‌စေးအွာက ‌ပြောသည်။

လဲကယ်ဘာသာဝင် ကရင်အများစု ဦး‌ဆောင်ကျင်းပသည့် ဖလုံဝဲရှားနှစ်သစ်ကူး‌နေ့သို့ လူပရိဿတ်ု‌ပေါင်း ၅ဝဝ‌ကျော် တက် ‌ရောက်ခဲ့ကြပြီး ယင်းနှစ်သစ်ကူး‌နေ့ အခမ်းအနားကို လဲကယ်ဘာသာဝင်အများစုရှိသည့် ‌ဒေသများတွင် အလှည့်ကျ ပြုလုပ်‌လေ့ ရှိရာ ယမန်နှစ်က ဖားအံမြို့နယ်၊ ‌ကော့‌ဘောင်‌ကျေးရွာ၌ ပြုလုပ်ကျင်းပခဲ့‌ကြောင်း ကျင်းပ‌ရေး‌ကော်မတီထံမှ သိရသည်။