Home သတင်း နယ်စပ်ကျန်းမာ‌ရေးအဖွဲ့အစည်းများ စု‌ပေါင်း၍ ကမ္ဘာ့ AIDS‌နေ့ ပြုလုပ်ကျင်းပ

နယ်စပ်ကျန်းမာ‌ရေးအဖွဲ့အစည်းများ စု‌ပေါင်း၍ ကမ္ဘာ့ AIDS‌နေ့ ပြုလုပ်ကျင်းပ

2105

ဒီဇင်ဘာ ၁ ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ်၊ မဲ‌ဆောက်အ‌ခြေစိုက် ကျန်းမာ‌ရေးအဖွဲ့အစည်းများနှင့် လူမှု‌ရေးအဖွဲ့အစည်းများစု‌ပေါင်း၍ ယ‌နေ့ ဒီဇင် ဘာလ ၁ ရက်‌နေ့တွင် ကျ‌ရောက်သည့် ကမ္ဘာ့ AIDS‌နေ့ အထိမ်းအမှတ် ပူး‌ပေါင်းလှုပ်ရှားမှုကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်း၌ ပြုလုပ်ကျင်းပခဲ့သည်။

HIV ပိုးမှ တစ်ဆင့် ဖြစ်‌ပေါ်လာသည့် AIDS ‌ရောဂါနှင့် HIVနှင့်ဆက်နွယ်‌နေသည့် ကူးစက်‌ရောဂါများကို နယ်စပ် ‌ဒေသသို့ လာ‌ရောက် အလုပ်လုပ်ကိုင်‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ၊မြန်မာ ‌ရွှေ့‌ပြောင်း ‌ကျောင်းသား၊ ‌ကျောင်းသူများနှင့် ‌ဆေးခန်းလာ‌ရောက်ပြသသည့် လူနာများအား ကျန်းမာ‌ရေး အသိမြှင့်တင်‌ပေးရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု မယ်‌တော်‌ဆေးခန်း၏ အတိုင်ပင်ခံ ‌ဒေါက်တာ အာကာက ‌ပြောသည်။

၎င်းက “ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မဲ‌ဆောက်နဲ့မြဝတီကြားထဲမှာ နယ်စပ်ဖြတ်‌ကျော်ဝင်‌ရောက်လုပ်ကိုင်တဲ့ လုပ်သား‌တွေ အ‌နေနဲ့ တကယ်လို့ သူတို့ HIV ပိုးကူးစက်ခံရရင် ဒါမှမဟုတ်ရင် ထိုင်းနိုင်ငံမှာ‌နေထိုင်တဲ့ မြန်မာ အလုပ်သမား‌တွေ HIVပိုး ကူးစက်ခံရရင် သူတို့သွားလို့ရမဲ့‌နေရာ‌တွေ ART ‌ဆေးရနိုင်မဲ့‌နေရာ‌တွေနဲ့ HIV ပိုးနဲ့ ပတ်သက်ပြီး ကိုယ့်မှာ Positive ဖြစ်ရင် ‌ကြောက်စရာမလိုပဲ သူတို့ကိုကူညီတဲ့အဖွဲ့အစည်း‌တွေရှိ‌နေတယ်ဆိုတာကို ကျ‌နော်တို့က အသိ‌ပေးချင်တာပါ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယ‌နေ့လိုကျ‌ရောက်သည့် ကမ္ဘာ့AIDS ‌နေ့ကို ကမ္ဘာတဝှမ်းလုံးမှ HIV/AIDS ပိုးပ‌ပျောက်ရန်နှင့် လူနာတစ်ဦးမှာ လူသားတစ်ဦးအ‌နေဖြင့်ရရှိရမည့် ကျန်းမာ‌ရေးအခွင့်အ‌ရေးကို ယခုနှစ်အတွက် ‘ကျွန်ုပ်ကျန်းမာ ‌ရေးသည် ကျွန်ုပ်အခွင့်အ‌ရေးဖြစ်သည်(My Health, My Right)’ ‌ဆောင်ပုဒ်ဖြင့် လှုပ်ရှား‌ဆောင်ရွက်လျက်ရှိသည်ဟုလည်း ‌ဒေါက်တာ အာကာက ဆက်‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် အခမ်းအနားအစီအစဉ်၌ နယ်စပ်‌ဒေသ အတွင်းရှိ အလုပ်သမား၊ ပြည်သူလူထုများအ‌နေဖြင့် ကျန်းမာ‌ရေးအခွင့်အ‌ရေးအပြည့်အဝရရှိသင့်သည်ကို သရုပ်‌ဖော်ထားသည့်ပြဇာတ်အပြင် မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်းသားများမှ တိုင်းရင်းသားအကအလှများ ကပြခြင်းနှင့် HIV/AIDS ဆိုင်ရာပညာ‌ပေးပြခန်းများ၊ အခမဲ့ ‌သွေးစစ်‌ပေးခြင်း အစီအစဉ်တို့ ပါဝင်ခဲ့သည်။

၎င်းအခမ်းအနားသို့ ထိုင်းနိုင်ငံနှင့် နယ်စပ်အ‌ခြေစိုက် အရပ်ဖက်ကျန်းမာ‌ရေးအဖွဲ့၊ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများ၊ လူမှု‌ရေး အသင်းအဖွဲ့(၁၀)ဖွဲ့မှ ကျန်းမာ‌ရေးလုပ်သားများ၊ ‌ရွှေ့‌ပြောင်းအလုပ်သမားများနှင့် ‌ကျောင်းသား၊ ‌ကျောင်းသူများ စုစု‌ပေါင်း (၄၀၀)နီးပါး ပူး‌ပေါင်းပါဝင်လှုပ်ရှားခဲ့ကြသည်။

HIV ပိုးရှိသူ ‌ဒေါ်ခင်နှင်းသွယ်က “တချို့က ကိုယ့်မှာ‌ရောဂါရှိတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဖယ်‌နေကြတယ်။ လူတိုင်းမှာ ‌ရောဂါဆိုတာရှိပါတယ်။ ဒီ(AIDS)‌ရောဂါမဟုတ်လည်း ဒီအပြင် ‌ရောဂါရှိပါတယ်။ ရှိတဲ့အတွက် ဘာမှအားငယ် စရာမ လိုဘူး။ သာမန်လူတစ်‌ယောက်လိုကိုယ့်မှာအခွင့် အ‌ရေးရှိပါတယ်။ ဒီ‌ရောဂါရှိခဲ့ရင်လည်း အ‌နေအထိုင်အစားအ‌သောက် ‌ဆေးဝါးကိုစနစ်တကျ‌နေထိုင်စား‌သောက်သွားရင်‌တော့ ဘုရား‌ပေးတဲ့အသက်အတိုင်း ‌နေရမှာပါ ”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ကမ္ဘာ့ AIDS ‌နေ့သည် ၁၉၈၈ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်‌နေ့က ပထမဦးဆုံး သတ်မှတ်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခင် နှစ်များက ထိုင်း-မြန်မာနယ်စပ်ရှိ ကျန်းမာ‌ရေး၊ လူမှု‌ရေးအသင်းအဖွဲ့များ စု‌ပေါင်းပြီး ထိုင်းနိုင်ငံ၊ မဲ‌ဆောက် မြို့၌ စု‌ပေါင်းလမ်း‌လျှောက်ချီတက်ပွဲကို နှစ်စဉ် ပြုလုပ်ခဲ့ကြ‌သော်လည်း အ‌ခြေအ‌နေအမျိုးမျိုး‌ကြောင့် ၂၀၁၆ ခုနှစ်ကစ၍ အခမ်းအနားများဖြင့်သာ လှုပ်ရှား‌ဆောင်ရွက်လာခဲ့ကြသည်။ ယ‌နေ့အခမ်းအနားသည် မယ်‌တော်‌ဆေးခန်းအ‌နေဖြင့် ၁၅ကြိမ်‌မြောက် လှုပ်ရှား‌ဆောင်ရွက်ခြင်းဖြစ်သည်။