KIC News
လူငယ့်အသံ၊ လူငယ့်အမြင်
နန်းဖော့ဝီ.
အေးမြတဲ့အပြုံးနဲ့ နက်မှောင်ရှည်လျားတဲ့ ဆံနွယ်အလှပိုင်ရှင် ကရင်မိန်းခလေးငယ်တစ်ယောက်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာ ၂၀၁၇၊ ဇူလိုင်လ ၁၆ရက်နေ့က ဆုံဆည်းခဲ့မိပါတယ်။ ပြည်ပရောက်ကရင်ဒုက္ခသည်များလူမှုရေးအဖွဲ့ (OKRSO) ရဲ့ ငွေရတု သဘင် မွေးနေ့အခမ်းအနားမှာ တက်ကြွစွာ လာရောက်ဆင်နွဲတဲ့အထဲ သူမလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။
အသက်၂၅နှစ်အရွယ်သာရှိသေးပြီး လူငယ်ပီပီ တက်ကြွရွှင်လန်းတဲ့...
KWO သထုံခရိုင် အမျိုးသမီးခေါင်းဆောင်များအား အသစ်ထပ်မံရွေးကောက်
အောက်တိုဘာ ၁၈ရက်၊ ၂၀၁၇ခုနှစ်။ ကေအိုင်စီ
KWO-ကရင်အမျိုးသမီးအစည်းအရုံး၊ သထုံခရိုင်၏ ၅ကြိမ်မြောက်ကွန်ဂရက်ကို အောက်တိုဘာလ ၁၇ရက်နှင့် အောက်တိုဘာ လ ၁၈ရက်(ယနေ့)အထိ ကျင်းပခဲ့ပြီး ယင်းကွန်ဂရက်၏ ရွေးကောက်ပွဲမှ ခရိုင်အမြဲတမ်းကော်မတီဝင် အမျိုးသမီးခေါင်းဆောင် ၂၅ဦးကို အသစ် ထပ်မံရွေးကောက်ခဲ့ကြသည်။
အဆိုပါ KWO သထုံခရိုင်ကွန်ဂရက်ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံမြို့နယ်၊ လါးတဘဲကော်...
ဘာသာပေါင်းစုံ မေတ္တာပို့ ဆုတောင်းပွဲ ကြာအင်းဆိပ်ကြီးမြို့တွင် ဒုတိယကြိမ်ကျင်းပပြီးစီး
အောက်တိုဘာ ၁၈ ရက်၊ ၂ဝ၁၇ ခုနှစ်၊ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဒုတိယကြိမ်မြောက် ဘာသာပေါင်းစုံ မေတ္တာပို့ ဆုတောင်းပွဲတစ်ခုကို အောက်တိုဘာ ၁၇ ရက်နေ့ ည ၆ နာရီအချိန် မြို့ပေါ်ရှိ၊ ဇမိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆုတောင်းပွဲကို...
“ငှက်တစ်သောင်းနားတဲ့ သစ်ပင်ကြီး ထာဝရ ရှင်သန်ပါစေ”
အောက်တိုဘာ ၁၈ရက်၊ ၂ဝ၁၇ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)
ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် အခြေစိုက်ပြီး ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများအတွက် အကြီးမားဆုံး ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲမှာ နိုင်ငံတကာ အကူအညီများ ထောက်ပံ့မှု လျော့နည်းသထက် လျော့နည်းလာခြင်းဖြစ်သည်။ ထိုသို့ ကူညီထောက် ပံ့မှု...
ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲကျင်းပနိုင်ရန် အမေရိကန် ကရင်ယဉ်ကျေးမှုအသင်း၏ ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်မည်
အောက်တိုဘာ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
အမေရိကန်နိုင်ငံလုံးဆိုင်ရာ ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲ ကျင်းပနိုင်ရန် အမေရိကန်ပြည်ထောင်စု ကရင်ယဉ်ကျေးမှုအသင်း- Karen Culture Organization in USA (KCOUSA)၏ ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ နှင့် ၂၄...
ကျောင်းဖွင့်ချိန် လေးလ ကျော်ထိ ကရင်ဖတ်စာအုပ် အပြည့်မရသေး
အောက်တိုဘာ ၁၇ရက်၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အစိုးရ အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့်ချိန် လေးလကျော်ထိ ကရင် ဖတ်စာအုပ် အပြည့်အစုံမရရှိသေးကြောင်း မြောင်းမြမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူးမန်းထွန်း လင်းက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ မြောင်းမြမြို့နယ်မှာ...
၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲအတွက် ဒုံးအဖွဲ့ ၁၅ ဖွဲ့စာရင်းပေးသွင်းထား
အောက်တိုဘာ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ် ဖားအံမြို့တွင် ယခုနှစ်နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ အ ထိမ်းအမှတ်အတွက် ပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့နယ်မှ ဒုံးအကအဖွဲ့ ၁၅ ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်း...
ထိုင်းရှိ ကရင်ကျောင်းသားများအတွက် ပထမဦးဆုံးအကြိမ် အခြေခံခေတ်ပေါ် ဂီတသင်တန်း မဲဆောက်မြို့တွင် ဖွင့်လှစ်
အောက်တိုဘာ ၁၆ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
ထိုင်းနိုင်ငံရှိ ကရင်ကျောင်းသား၊ ကျောင်းသူများအတွက် ပထမဦးဆုံးအကြိမ် အခြေခံ ခေတ်ပေါ် ဂီတ (Guitars-(ဂစ်တာများ)၊ Drum(ဗုံ)၊ Keyboard- (ကီးဘုတ်) သင်တန်းအစီအစဉ်တစ်ခုကို အောက်တိုဘာ ၁၆ ရက်နေ့တွင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ First Church...
အကြမ်းဖက်တိုက်ခိုက်ခံရသည့် ရခိုင်ပြည်နယ်သို့ UNA သွားရောက်လေ့လာခဲ့
အောက်တိုဘာ ၁၆ရက်၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း
ပြည်တွင်း တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာ မိတ်အဖွဲ့ (UNA)မှ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသသို့ အောက်တို ဘာ ၁၂ ရက်မှ ၁၅ ရက်ထိ လေးရက်...
ပြည်သူနဲ့အတူ “ဆုတောင်း” နေရတဲ့ အာဏာရပါတီ
(မောင်ကျော်စွာ)
(၂၀၁၇ခုနှစ်၊ အောက်တိုဘာ ၁၂ရက်)
ရခိုင်ပြည်နယ်(မြောက်ပိုင်း) အရေးကိစ္စကို ပြည်တွင်းပြည်ပ အကြံသမားတွေက မျှော်မှန်းချက်မျိုးစုံနဲ့ ဝိုင်းပြီး သမ လိုက်ကြတာမှာ မူရင်းပြဿနာထက် ဆင့်ပွားအကျယ်ချဲ့ထားတဲ့ ပြဿနာတွေက အဓိကလိုလို ဖြစ်လာပါတယ်။
ရခိုင်ပြည်နယ်ပြဿနာဟာ မြန်မာနိုင်ငံရဲ့အခြားသော ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေလိုပါပဲ။ အခြေခံအားဖြင့် ဆင်းရဲမွဲတေမှုနဲ့ ခေတ်နောက်ကျမှုပြဿနာပဲ...














