Home သတင်း ကရင်ဌာ‌နေတိုင်းရင်းသားပြည်သူများ၏အခွင့်အ‌ရေးအ‌ပေါ် ‌လေးစားအသိအမှတ်ပြုရန်‌တောင်းဆို

ကရင်ဌာ‌နေတိုင်းရင်းသားပြည်သူများ၏အခွင့်အ‌ရေးအ‌ပေါ် ‌လေးစားအသိအမှတ်ပြုရန်‌တောင်းဆို

2683

ဩဂုတ် ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

မြန်မာအစိုးရနှင့် စီးပွား‌ရေးလုပ်ငန်း ဝင်‌ရောက်လုပ်ကိုင်ကြသည့် နိုင်ငံတကာအစိုးရများအ‌နေဖြင့် ဌာ‌နေတိုင်း ရင်းသား ပြည်သူများ၏ အခွင့်အ‌ရေးအ‌ပေါ် ‌လေးစားအသိအမှတ်ပြုရန် ယမန်‌နေ့ (ဩဂုတ်လ ၉ရက်)တွင် ကျ ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာ‌နေပြည်သူများ‌နေ့ (International Day of the World’s Indigenous Peoples )တွင် ကရင်ဌာ‌နေတိုင်းရင်းသားများက ‌တောင်းဆိုလိုက်သည်။

သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်‌ကော်မတီမှ ဦး‌ဆောင်၍ ကရင်ပြည်နယ်၊ မူတ‌ရော်(ဖာပွန်)ခရိုင်၊ အီတူးထ‌ကျေးရွာ တွင် ပြုလုပ်သည့် အဆိုပါ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာ‌နေပြည်သူများ‌နေ့အခမ်းအနား၌ ယင်းသို့ ‌တောင်းဆို လိုက်ခြင်းဖြစ်ပြီး ထို‌တောင်းဆိုချက်နှင့်ပတ်သက်၍ အခမ်းအနား ဦး‌ဆောင်အဖွဲ့ဝင် ‌စောဒိုးဒိုမူးက ယခုလို ‌ပြောသည်။

“ကမ္ဘာ့ကုလသမဂ္ဂ(UN)က‌နေ အသိအမှတ်ပြုထားတဲ့ ကျ‌နော်တို့ ဌာ‌နေတိုင်းရင်းသားပြည်သူ‌တွေရဲ့ ဓ‌လေ့ ထုံး တမ်း၊ ယဉ်‌ကျေးမှုဆိုင်ရာအခွင့်အ‌ရေး‌တွေ၊ ‌ရေ‌မြေသစ်‌တော‌တွေကို ဓ‌လေ့ထုံးတမ်းအရ စီမံထိန်းသိမ်း ‌ဆောင် ရွက်ခွင့်အပြည့်အဝရှိပြီးသားပဲ။ ဒါ‌ပေမဲ့ မြန်မာအစိုးရက‌နေ နှစ်‌ပေါင်း ၇ဝ ကြာ စစ်‌ရေးပဋိပက္ခ‌တွေမှာ အမျိုးမျိုး ‌သော ဖိနှိပ်မှု‌တွေ‌ကြောင့် ဌာ‌နေပြည်သူ‌တွေမှာ ထွက်‌ပြေးတိမ်း‌ရှောင်ရပြီး‌တော့ ကိုယ့်ရဲ့အခွင့်အ‌ရေး‌တွေအ‌ပေါ် မခံစားခဲ့ကြရဘူး။ ဒီအ‌ပေါ်မှာ နိုင်ငံအစိုးရနဲ့ နိုင်ငံထဲကိုဝင်လာတဲ့ နိုင်ငံတကာအစိုးရ‌တွေက အသိ အမှတ်ပြု‌ပေး ရမည်ဖြစ်သလို အခွင့်အ‌ရေးအ‌ပေါ်မှာလည်း ‌လေးစားရမယ်”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိ မြန်မာ့နိုင်ငံ‌ရေးဖြစ်စဉ်အရ လိုက်ပါဖြစ်‌ပေါ်လာသည့် အစိုးရနှင့် စစ်တပ်၏ အတင်းအဓမ္မ ‌မြေ ‌နေရာသိမ်းယူမှု၊ နယ်‌မြေစိုးမိုးမှုစစ်ဆင်‌ရေးများနှင့် ဖွံ့ဖြိုး‌ရေးအမည်ခံအကြီးစား စီးပွား‌ရေး စီမံကိန်း လုပ်ငန်း များ‌ကြောင့် သစ်‌တော၊ ‌ရေ‌မြေအ‌ပေါ် အဓိကအားထား‌နေရသည့် ဌာ‌နေပြည်သူများအတွက် စိုးရိမ်မှုနှင့်စိန်‌ခေါ် မှုများစွာကြုံ‌တွေ့‌နေရသည်ဟုလည်း ‌စောဒိုးဒိုမူးက ဆက်‌ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ ဌာ‌နေတိုင်းရင်းသားပြည်သူများအခွင့်အ‌ရေးဆိုင်ရာ ‌ကြေညာစာတမ်း အပိုဒ်ခွဲ(၂၅)၊ (၂၆) များအရ ဌာ‌နေတိုင်းရင်းသားပြည်သူများအ‌နေဖြင့် ၎င်းတို့နှင့်ဆက်စပ်မှုရှိသည့် ‌ရေ၊ ‌မြေနှင့် အခြားသဘာဝ အရင်းအမြစ်များအ‌ပေါ် ထိန်းသိမ်းမြှင့်တင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်၊ အသုံးပြုခွင့်၊ စီမံခွင့်ရှိပြီး ၎င်းအ‌ပေါ် အစိုးရအ‌နေ ဖြင့် အသိအမှတ်ပြုမှုနှင့် အကာအကွယ်‌ပေးမှုပြုရမည်ဟု ‌ဖော်ပြပါရှိသည်။

မူ‌တြော်ခရိုင် လူ‌သော‌ဒေသခံ ‌ခေါင်း‌ဆောင် ‌စောညာကီထူးက “ကျ‌နော်တို့‌ဒေသမှာ အစိုးရစစ်တပ်က ဝင်ပြီး ကားလမ်း‌တွေ‌ဖောက်တာ‌ကြောင့် ကျ‌နော်တို့‌ဒေသခံ‌တွေရဲ့ ‌နေထိုင်စား‌သောက်မှု‌နေရာ‌တွေ ထိခိုက်ပျက်စီး တာ ‌တွေ ကျ‌နော်တို့ဌာ‌နေလူထု‌တွေက သတ်မှတ်ထားတဲ့ ‌မြေ‌နေရာ‌တွေရှိ‌ပေမဲ့ အသိအမှတ်မပြုခံရတာ‌တွေက စ တဲ့ စိန်‌ခေါ်မှု‌တွေကြုံ‌တွေ့‌နေရတယ်။ ဒါ‌ကြောင့် ဒီလို‌နေ့မျိုးမှာ ကျ‌နော်တို့ ဌာ‌နေတိုင်းရင်းသား‌တွေရဲ့ အခွင့်အ ‌ရေး ချိုး‌ဖောက်ခံရမှု‌တွေရှိ‌နေတယ်ဆိုတာကို တစ်ကမ္ဘာလုံးကို သိ‌စေချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်သည့် အခမ်းအနားတွင် ‌ဒေသခံစစ်‌ရှောင်စခန်းပြည်သူများ၊ ‌ကျောင်းသူ၊ ‌ကျောင်သူများနှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေး ဆိုင်ရာလှုပ်ရှားမှုကွန်ယက်(KESAN) ၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ကရင်လူငယ်အစည်းအရုံး (KYO)နှင့် ကရင်‌ကျောင်းသားကွန်ယက်အဖွဲ့ (KSNG) တို့ အပါအဝင် စုစု‌ပေါင်း (၅၀၀)‌ကျော် ပါဝင်တက်‌ရောက်ခဲ့ကြပြီး ဌာ‌နေတိုင်းရင်းသားပြည်သူများ၏ အခွင့်အ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးညှိနှိုင်းပွဲ အစီအစဉ်၊ သစ်ခွပန်းအစီရင်ခံစာမိတ်ဆက်ခြင်းနှင့် ဌာ‌နေတိုင်းရင်းသားများ၏ ရိုးရာကစားပွဲ၊ ရိုးရာ သရုပ်‌ဖော်ခြင်း၊ သရုပ်‌ဖော်ကပြခြင်း၊ ဌာ‌နေပြည်သူများ၏ ရုပ်ပုံပြသခြင်းနှင့် မှတ်တမ်းရုပ်ရှင် ပြသခဲ့ကြသည်။

၁၉၉၄ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂ၏ အ‌ထွေ‌ထွေညီလာခံ၌ နှစ်စဉ် ဩဂုတ်လ ၉ ရက်‌နေ့ကို အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာ‌နေပြည်သူများ‌နေ့အဖြစ် ကျင်းပရန် ထုတ်ပြန်‌ကြေညာထားခြင်းဖြစ် သည်။